လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပေမယ့် ဘောလုံးရာသီကို ဆက်ကစားလိုတဲ့ ယူနိုက်တက်
Uefa က ဒီအပတ်မှာပဲ ပရီးမီးယားလိဂ်က အဆုံးမသတ်ဘူးဆိုရင် လိဂ်ကို ပယ်ဖျက်စေမှာ မဟုတ်ပဲ points-per-game ကို အခြေခံတဲ့ တွက်ချက်မှုနဲ့ လာမယ့် ဘောလုံးရာသီ ဥရောပဝင်ခွင့်တွေကို သက်မှတ်ပေးမယ်လို့ ထုတ်ပြောလာခဲ့တယ်။
အခြေခံ တွက်ချက်မှုအရ လီဗာပူး၊ မန်စီးတီး၊ လက်စတာ၊ ချယ်ဆီးတို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရ လေးသင်း ဖြစ်လာမှာဖြစ်ကာ ယူနိုက်တက်က ယူရိုပါလိဂ်ကိုပဲ ဝင်ခွင့် ရမှာဖြစ်တယ်။ ဒါပေမယ့် မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံထားရခြင်းကြောင့် ယူနိုက်တက်က ချန်ပီယံလိဂ်ကို အစားထိုး ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ် အနိုင်ရရင် လာမယ့်ရာသီ ဥရောပဝင်ခွင့်၊ အက်ဖ်အေဖလား အနိုင်ရရင် ယူရိုပါလိဂ် ဝင်ခွင့်တွေ ရနိုင်သေးတာပါ။ ထပ်ပြီးလည်း ဘောလုံးရာသီ လက်ကျန်ပွဲတွေကို ကစားရလို့ နောက်ဆုံးပွဲတွေက စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်မယ်ဆိုရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မှာ ချယ်ဆီးအသင်းကို အသာရနိုင်တဲ့ အခြေအနေ ရှိသေးတာဖြစ်တယ်။
ယူနိုက်တက် အကြီးအကဲ ဝုဒ်ဝတ်က ဒီရာသီကို ဆက်မကစားပဲ ရပ်နားပြီဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေပေမယ့် အဲ့လိုဖြစ်လာဖို့ထက် ဘောလုံးပွဲတွေကို ပြန်စပြီး ရာသီသိမ်းတဲ့အထိ ယှဉ်ပြိုင်ရဖို့ကိုပဲ ပိုမို အားသန်ပါတယ်လို့ ဆိုပါတယ်။
ယှဉ်ပြိုင်ရဖို့ ရှိနေသေးတဲ့ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေ ပြိုင်ပွဲတွေကို တားမြစ်ကာလ ကုန်ဆုံးတဲ့အခါ ပြန်လည် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ကြောင်း ဝုဒ်ဝတ်က ပြောဆိုခဲ့တယ်။ အခြားသော သူတွေလိုပဲ လုံခြုံစိတ်ချရတဲ့ အကြံပေပးမှုတွေကို နားထောင်ကာ မြက်ခင်းတွေပေါ် ခပ်မြန်မြန် ခြေချလိုတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
Uefa က ဒီအပတ္မွာပဲ ပရီးမီးယားလိဂ္က အဆံုးမသတ္ဘူးဆိုရင္ လိဂ္ကို ပယ္ဖ်က္ေစမွာ မဟုတ္ပဲ points-per-game ကို အေျခခံတဲ့ တြက္ခ်က္မႈနဲ႔ လာမယ့္ ေဘာလံုးရာသီ ဥေရာပဝင္ခြင့္ေတြကို သက္မွတ္ေပးမယ္လုိ႔ ထုတ္ေျပာလာခဲ့တယ္။
အေျခခံ တြက္ခ်က္မႈအရ လီဗာပူး၊ မန္စီးတီး၊ လက္စတာ၊ ခ်ယ္ဆီးတို႔က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ေလးသင္း ျဖစ္လာမွာျဖစ္ကာ ယူႏုိက္တက္က ယူရိုပါလိဂ္ကိုပဲ ဝင္ခြင့္ ရမွာျဖစ္တယ္။ ဒါေပမယ့္ မန္စီးတီးအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ပိတ္ပင္ခံထားရျခင္းေၾကာင့္ ယူႏုိက္တက္က ခ်န္ပီယံလိဂ္ကို အစားထိုး ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ဒီရာသီ ယူရိုပါလိဂ္ အႏုိင္ရရင္ လာမယ့္ရာသီ ဥေရာပဝင္ခြင့္၊ အက္ဖ္ေအဖလား အႏုိင္ရရင္ ယူရိုပါလိဂ္ ဝင္ခြင့္ေတြ ရႏုိင္ေသးတာပါ။ ထပ္ျပီးလည္း ေဘာလံုးရာသီ လက္က်န္ပြဲေတြကို ကစားရလို႔ ေနာက္ဆံုးပြဲေတြက စြမ္းေဆာင္ရည္ကို ထိန္းသိမ္းႏုိင္မယ္ဆိုရင္လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ ခ်ယ္ဆီးအသင္းကို အသာရႏုိင္တဲ့ အေျခအေန ရွိေသးတာျဖစ္တယ္။
ယူနုိက္တက္ အၾကီးအကဲ ဝုဒ္ဝတ္က ဒီရာသီကို ဆက္မကစားပဲ ရပ္နားျပီဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေသခ်ာသေလာက္ ရွိေနေပမယ့္ အဲ့လိုျဖစ္လာဖို႔ထက္ ေဘာလံုးပြဲေတြကို ျပန္စျပီး ရာသီသိမ္းတဲ့အထိ ယွဥ္ျပိဳင္ရဖို႔ကိုပဲ ပိုမို အားသန္ပါတယ္လို႔ ဆိုပါတယ္။
ယွဥ္ျပိဳင္ရဖို႔ ရွိေနေသးတဲ့ ပရီးမီးယားလိဂ္၊ ယူရိုပါလိဂ္၊ အက္ဖ္ေအ ျပိဳင္ပြဲေတြကို တားျမစ္ကာလ ကုန္ဆံုးတဲ့အခါ ျပန္လည္ ယွဥ္ျပိဳင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း ဝုဒ္ဝတ္က ေျပာဆိုခဲ့တယ္။ အျခားေသာ သူေတြလိုပဲ လံုျခံဳစိတ္ခ်ရတဲ့ အၾကံေပပးမႈေတြကို နားေထာင္ကာ ျမက္ခင္းေတြေပၚ ခပ္ျမန္ျမန္ ေျခခ်လိုတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။