LD ကာလအတွင်း စီရိုနယ်ဒိုဆီက သင်ယူလေ့လာမှုတွေ လုပ်နေတဲ့ တော်မီနေး
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား မက် တော်မီနေးဟာ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lock Down ဖြစ်နေတဲ့ ကာလအတွင်း နာမည်ကျော် ခရစ္စတီယာနို ရိုနယ်ဒို ထံကနေ ကြံ့ခိုင်မှုကောင်းကောင်း ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အာရုံစိုက် သင်ယူလေ့လာနေပါတယ်။
စကော့သား ကွင်းလယ်ကစားသမားဟာ အနားယူနေရတဲ့ ကာလအတွင်း သက်တောင့်သက်သာ မနေလိုဘဲ ယူနိုက်တက်ရဲ့ နံပါတ် ၇ တိုက်စ စ်သမားဟောင်းလို တစိုက်မတ်မတ် အလုပ်လုပ်နေဖို့ စိတ်အားထက်သန်နေပါတယ်။

အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ စီရိုနယ်ဒိုဟာ စိတ်ဓာတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ အရပါ ထိပ်တန်းအဆင့်မှာ ရှိနေပြီး ထိန်းလည်း ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဆိုရှယ်မီဒီယာက သင်ပြမှုတွေကို လေ့လာနေတဲ့ ကျောင်းတော်သားတွေထဲ တော်မီနေးလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။
” ရိုနယ်ဒိုလို သူတွေကို ကြည့်လိုက်ပါ။ သူတို့ စိတ်ဓာတ်ပိုင်းက အစ ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အဲဒါထက် ပိုကောင်းစရာ မကျန်တော့လောက်အောင် ထိပ်တန်း ရောက်နေကြတယ်။ ကျနော့် အတွက်တော့ ဒီလို လူတွေကို ကြည့်နေရင်း သူတို့ လှုပ်ရှားနေတဲ့ နည်းလမ်းတွေ၊ သူတို့ကိုယ် သူတို့ ထိန်းနေတာတွေကို လေ့လာရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ့ ပုံ တစ်ပုံ တက်လာတယ်။ စာဖတ်နေတယ်၊ တခြား အရာတွေကို လေ့လာနေတယ်။ ကွင်းထဲမှာ မနေရတဲ့ အချိန်မှာ သူက သင်ယူလေ့လာတာ မရပ်ဘူးဗျာ။ လူအများစုက ခပ်မြန်မြန်ပဲ သူတို့ဘဝထဲ သက်တောင့်သက်သာ နေပစ်လိုက်ကြတယ်။ ” လို့ တော်မီနေးက သုံးသပ် ဖွင့်ဟသွားခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် ကွင်းလယ်သမား တော်မီနေးဟာ ဆိုးရှားရဲ့ ယူနိုက်တက်မှာ အားထားရတဲ့ အသင်းသား တစ်ဦးလည်း ဖြစ်ပြီး ဒီရာသီ နိုင်ငံနဲ့ ကလပ်အသင်း အတွက် ပွဲပေါင်း ၃၀ ပါဝင် ကစားထားရပါတယ်။ တော်မီနေးက ကြိုးစားလွန်းတာကြောင့် အိုးထရက်ဖို့ဒ်မှာ ပရိသတ် အကြိုက် ကစားသမားလည်း ဖြစ်လာနေသူပါ။

Zawgyi – မန္္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစားသမား မက္ ေတာ္မီေနးဟာ အဂၤလန္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ Lock Down ျဖစ္ေနတဲ့ ကာလအတြင္း နာမည္ေက်ာ္ ခရစၥတီယာနို ရိုနယ္ဒို ထံကေန ၾကံ႕ခိုင္မႈေကာင္းေကာင္း ဘယ္လို ထိန္းသိမ္းရမလဲဆိုတာကို အာရံုစိုက္ သင္ယူေလ့လာေနပါတယ္။
စေကာ့သား ကြင္းလယ္ကစားသမားဟာ အနားယူေနရတဲ့ ကာလအတြင္း သက္ေတာင့္သက္သာ မေနလိုဘဲ ယူနိုက္တက္ရဲ႕ နံပါတ္ ၇ တိုက္စ စ္သမားေဟာင္းလို တစိုက္မတ္မတ္ အလုပ္လုပ္ေနဖို႔ စိတ္အားထက္သန္ေနပါတယ္။
အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ စီရိုနယ္ဒိုဟာ စိတ္ဓာတ္ပိုင္းေရာ ရုပ္ပိုင္းဆိုင္ရာ အရပါ ထိပ္တန္းအဆင့္မွာ ရွိေနျပီး ထိန္းလည္း ထိန္းသိမ္းထားနုိင္သူ ျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ဆုိရွယ္မီဒီယာက သင္ျပမႈေတြကို ေလ့လာေနတဲ့ ေက်ာင္းေတာ္သားေတြထဲ ေတာ္မီေနးလည္း တစ္ေယာက္ အပါအ၀င္ ျဖစ္ပါတယ္။
” ရိုနယ္ဒိုလို သူေတြကို ၾကည့္လိုက္ပါ။ သူတို႔ စိတ္ဓာတ္ပိုင္းက အစ ထိပ္ဆံုးရဲ႕ ထိပ္ဆံုးမွာ ရွိေနပါတယ္။ အဲဒါထက္ ပိုေကာင္းစရာ မက်န္ေတာ့ေလာက္ေအာင္ ထိပ္တန္း ေရာက္ေနၾကတယ္။ က်ေနာ့္ အတြက္ေတာ့ ဒီလို လူေတြကို ၾကည့္ေနရင္း သူတို႔ လႈပ္ရွားေနတဲ့ နည္းလမ္းေတြ၊ သူတို႔ကိုယ္ သူတို႔ ထိန္းေနတာေတြကို ေလ့လာရပါတယ္။
လြန္ခဲ့တဲ့ နွစ္ရက္ေလာက္က သူ႔ ပံု တစ္ပံု တက္လာတယ္။ စာဖတ္ေနတယ္၊ တျခား အရာေတြကို ေလ့လာေနတယ္။ ကြင္းထဲမွာ မေနရတဲ့ အခ်ိန္မွာ သူက သင္ယူေလ့လာတာ မရပ္ဘူးဗ်ာ။ လူအမ်ားစုက ခပ္ျမန္ျမန္ပဲ သူတို႔ဘ၀ထဲ သက္ေတာင့္သက္သာ ေနပစ္လိုက္ၾကတယ္။ ” လို႔ ေတာ္မီေနးက သံုးသပ္ ဖြင့္ဟသြားခဲ့ပါတယ္။
အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္သမား ေတာ္မီေနးဟာ ဆုိးရွားရဲ႕ ယူနိုက္တက္မွာ အားထားရတဲ့ အသင္းသား တစ္ဦးလည္း ျဖစ္ျပီး ဒီရာသီ နုိင္ငံနဲ႕ ကလပ္အသင္း အတြက္ ပြဲေပါင္း ၃၀ ပါ၀င္ ကစားထားရပါတယ္။ ေတာ္မီေနးက ၾကိဳးစားလြန္းတာေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ ပရိသတ္ အၾကိဳက္ ကစားသမားလည္း ျဖစ္လာေနသူပါ။
