ကစားသမား သုံးဦးပါတဲ့ အလဲအထပ်ဖြင့် ပေါ့ဘာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူနိုင်ရေးအတွက် ကစားသမား သုံးယောက်ထိ အလိုက်ပေးတဲ့ အလဲအထပ်မျိုးကို စိတ်ဝင်စားနေတယ်လို့ ဒေးလီးမေးက ဖော်ပြလာပါတယ်။

ဒဏ်ရာကြောင့် ကာလရှည် ပွဲမကစားပေးနိုင်ဖြစ်နေတဲ့ ပေါ့ဘာဟာ ယူနိုက်တက်မှာ ဆက်ကစားဖို့ထက် အီတလီနဲ့ စပိန်မြေတွေကို ပြောင်းရွှေ့ဖို့ပဲ သတင်းကြီးနေတာပါ။ ပေါ့ဘာကို ဂျူဗင်တပ်ကလည်း ပြန်ခေါ်လိုနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖို့ ယူနိုက်တက်က စိတ်ဝင်စားခဲ့ဖူးတဲ့ ကစားသမား သုံးဦးကို အလိုက်ပေးမှုထဲမှာ ထည့်သွင်းလိုတယ်လို့ သိလာရတယ်။

မနှစ်က နွေအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးနဲ့ ယူနိုက်တက်က ချိတ်ဆက်ခဲ့ဖူးတဲ့ ပီဂျာနစ်တို့ကို အပြောင်းအရွှေ့မှာ ထည့်သွင်းပေးလိုတယ်။ နောက်ထပ် ကစားသမားအဖြစ်လည်း ပြင်သစ်သား ကွင်းလယ်လူ ရာဘီရော့ကို ထည့်သွင်းကမ်းလှမ်းဖို့ စိတ်ဝင်စားနေပါတယ်။

ရမ်းဆေးနဲ့ ရာဘီရော့တို့ဟာ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ခဲ့ကြခြင်းဖြစ်လို့ သူတို့ကို အလိုက်ပေးခြင်းက အီတလီကလပ်ကို ငွေကြေး ဆုံးရံှူးမှု မကြီးစေပါဘူး။ တစ်ဘက်မှာလည်း ယူနိုက်တက်က အလိုရှိသူတွေဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အဆင်ပြေစေမယ်လို့ ဂျူဗင်တပ်က ယူဆနေတာပါ။

ဥရောပ အပြောင်းအရွှေ့ဈေးကွက်ဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး ဈေးကြီးတဲ့ ကမ်းလှမ်းမှုတွေအစား ကစားသမား အလဲအထပ်တွေ ပိုများလာမယ် ယူဆထားရတယ်။ ယူနိုက်တက် အကြီးအကဲ ဝုဒ်ဝတ်ကလည်း နွေမှာ ကလပ်ဟာ ကစားသမားတစ်ဦးအတွက် သန်း ၁၀၀ လောက်သုံးခြင်းမျိုး လုပ်မှာ မဟုတ်ကြောင်း ထုတ်ပြောထားပါတယ်။

ZAWGYI

စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းဟာ ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာကို ေခၚယူႏုိင္ေရးအတြက္ ကစားသမား သံုးေယာက္ထိ အလိုက္ေပးတဲ့ အလဲအထပ္မ်ိဳးကို စိတ္ဝင္စားေနတယ္လို႔ ေဒးလီးေမးက ေဖာ္ျပလာပါတယ္။

ဒဏ္ရာေၾကာင့္ ကာလရွည္ ပြဲမကစားေပးႏုိင္ျဖစ္ေနတဲ့ ေပါ့ဘာဟာ ယူႏုိက္တက္မွာ ဆက္ကစားဖို႔ထက္ အီတလီနဲ႔ စပိန္ေျမေတြကို ေျပာင္းေရႊ႔ဖို႔ပဲ သတင္းၾကီးေနတာပါ။ ေပါ့ဘာကို ဂ်ဴဗင္တပ္ကလည္း ျပန္ေခၚလိုေနျပီး အေျပာင္းအေရႊ႔ ျဖစ္ေျမာက္နုိင္ဖို႔ ယူႏုိက္တက္က စိတ္ဝင္စားခဲ့ဖူးတဲ့ ကစားသမား သံုးဦးကို အလိုက္ေပးမႈထဲမွာ ထည့္သြင္းလိုတယ္လို႔ သိလာရတယ္။

မႏွစ္က ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူထားတဲ့ အာဆင္နယ္ ကြင္းလယ္လူ ရမ္ေဆးနဲ႔ ယူႏုိက္တက္က ခ်ိတ္ဆက္ခဲ့ဖူးတဲ့ ပီဂ်ာနစ္တို႔ကို အေျပာင္းအေရႊ႔မွာ ထည့္သြင္းေပးလိုတယ္။ ေနာက္ထပ္ ကစားသမားအျဖစ္လည္း ျပင္သစ္သား ကြင္းလယ္လူ ရာဘီေရာ့ကို ထည့္သြင္းကမ္းလွမ္းဖို႔ စိတ္ဝင္စားေနပါတယ္။

ရမ္းေဆးနဲ႔ ရာဘီေရာ့တို႔ဟာ ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ခဲ့ၾကျခင္းျဖစ္လို႔ သူတို႔ကို အလိုက္ေပးျခင္းက အီတလီကလပ္ကို ေငြေၾကး ဆံုးရံွဴးမႈ မၾကီးေစပါဘူး။ တစ္ဘက္မွာလည္း ယူႏုိက္တက္က အလိုရွိသူေတြျဖစ္လို႔ အေျပာင္းအေရႊ႔ ျဖစ္ေျမာက္ဖို႔ အဆင္ေျပေစမယ္လို႔ ဂ်ဴဗင္တပ္က ယူဆေနတာပါ။

ဥေရာပ အေျပာင္းအေရႊ႔ေစ်းကြက္ဟာ ကိုဗစ္-၁၉ ရိုက္ခတ္မႈေၾကာင့္ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ျပီး ေစ်းၾကီးတဲ့ ကမ္းလွမ္းမႈေတြအစား ကစားသမား အလဲအထပ္ေတြ ပိုမ်ားလာမယ္ ယူဆထားရတယ္။ ယူႏုိက္တက္ အၾကီးအကဲ ဝုဒ္ဝတ္ကလည္း ေႏြမွာ ကလပ္ဟာ ကစားသမားတစ္ဦးအတြက္ သန္း ၁၀၀ ေလာက္သံုးျခင္းမ်ိဳး လုပ္မွာ မဟုတ္ေၾကာင္း ထုတ္ေျပာထားပါတယ္။