ပွဲထွက်ဂိုးသမားနေရာ အလိုရှိနေတဲ့ ဟန်ဒါဆန်အား သတိပေးလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာက ၎င်းရဲ့ နံပါတ် ၁ ဂိုးသမား နေရာ အလိုရှိနေတဲ့ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန် အား အရိပ်အမြွက်သဘော သတိပေးစကား ဆိုလိုက်ပါတယ်။ ဒီဂီယာက လွယ်လွယ် နောက်ဆုတ်မှာ မဟုတ်ဘဲ အသင်းမှာ နှစ်ပေါင်းများစွာ နေသွားဦးမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

စပိန်သားဟာ ၂၀၁၁ မှာ အက်သလက်တီကို မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၉ နှစ်လောက် ကြာခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် လူငယ်ဂိုးသမား ဒင်း ဟန်ဒါဆန်ကတော့ ရှက်ဖီးယူနိုက်တက်မှာ အငှား ထွက်ကစားတဲ့ ၂ နှစ် တာ အတွက် လက်စွမ်းကောင်းတွေ ပြသနေပါတယ်။

နောက်ရာသီမှာ အသင်းပြန်လာရမယ်ဆိုရင် ဒင်းဟန်ဒါဆန်က ဒီဂီယာရဲ့ ပွဲထွက် ဂိုးသမားနေရာ ရဖို့ အလိုရှိနေပြီး အသင်းဘက်ကလည်း လတ်တလောမှ သက်တမ်းတိုးထားတဲ့ ဒီဂီယာကို မဖယ်ရှားဘဲ ဟန်ဒါဆန်ကို အငှား ဆက်ချထားဖို့ ပိုလိုလားနေပါတယ်။ ဟန်ဒါဆန်ကတော့ ယူနိုက်တက်နဲ့ ကစားဖို့ စောင့်ဆိုင်းရတာ စိတ်မရှည်တော့ဘဲ ရှိနေတာကြောင့် သူ အလိုရှိတာ မလိုက်လျောနိုင်ရင် အသင်းပြောင်းဖို့ စဉ်းစား လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ လ လောက် အတွင်း ဒီဂီယာက အမှားအယွင်းတွေ ရှိခဲ့ပေမယ့် စပိန်သားက ယူနိုက်တက်နဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ကို မနှစ်ကပဲ ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် အသင်းမှာလည်း နှစ်အတော်ကြာ နေသွားဖို့ ရည်ရွယ်ထားကြောင်း ဆိုခဲ့ပါတယ်။

” ကျနော်ကတော့ တဖြည်းဖြည်း အသက်ကြီးလာပြီ။ ဒီကလပ်အသင်းရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ခွင့်ရတာ တကယ့် အံ့အားသင့်စရာပါ။ ၁၀ နှစ်တာ ဆိုတာ တွေးကြည့်ရင် တကယ့် အိပ်မက် တစ်ခုလိုပါပဲ။ ဒီကလပ်အသင်းနဲ့ အတူ ကစားရတာ သိပ်ကောင်းပါတယ်။ ဒီမှာ နှစ်တွေ အများကြီး အများကြီး ဆက်နေရဖို့ မျှော်လင့်တယ်။ ” လို့ ဒီဂီယာက ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ ၁၂ ပွဲမှာ ပေးဂိုး မရှိတဲ့ ပုံစံကောင်း ရထားပါတယ်။ ဒါပေမယ့် ဒီဂီယာကတော့ အသင်းမှာ တိုးတက်အောင် လုပ်ဆောင်ရမှာတွေ ရှိသေးတယ်လို့လည်း သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား ဒီဂီယာက ၄င္းရဲ႕ နံပါတ္ ၁ ဂိုးသမား ေနရာ အလိုရွိေနတဲ့ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္ အား အရိပ္အျမြက္သေဘာ သတိေပးစကား ဆိုလိုက္ပါတယ္။ ဒီဂီယာက လြယ္လြယ္ ေနာက္ဆုတ္မွာ မဟုတ္ဘဲ အသင္းမွာ နွစ္ေပါင္းမ်ားစြာ ေနသြားဦးမယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

စပိန္သားဟာ ၂၀၁၁ မွာ အက္သလက္တီကို မက္ဒရစ္ကေန ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ျပီး အိုးထရက္ဖို႔ဒ္မွာ ၉ နွစ္ေလာက္ ၾကာခဲ့ျပီ ျဖစ္ပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ လူငယ္ဂိုးသမား ဒင္း ဟန္ဒါဆန္ကေတာ့ ရွက္ဖီးယူနုိက္တက္မွာ အငွား ထြက္ကစားတဲ့ ၂ နွစ္ တာ အတြက္ လက္စြမ္းေကာင္းေတြ ျပသေနပါတယ္။

ေနာက္ရာသီမွာ အသင္းျပန္လာရမယ္ဆိုရင္ ဒင္းဟန္ဒါဆန္က ဒီဂီယာရဲ႕ ပြဲထြက္ ဂိုးသမားေနရာ ရဖို႔ အလုိရွိေနျပီး အသင္းဘက္ကလည္း လတ္တေလာမွ သက္တမ္းတိုးထားတဲ့ ဒီဂီယာကို မဖယ္ရွားဘဲ ဟန္ဒါဆန္ကို အငွား ဆက္ခ်ထားဖို႔ ပိုလိုလားေနပါတယ္။ ဟန္ဒါဆန္ကေတာ့ ယူနိုက္တက္နဲ႕ ကစားဖို႔ ေစာင့္ဆိုင္းရတာ စိတ္မရွည္ေတာ့ဘဲ ရွိေနတာေၾကာင့္ သူ အလိုရွိတာ မလိုက္ေလ်ာနုိင္ရင္ အသင္းေျပာင္းဖို႔ စဥ္းစား လာနုိင္ပါတယ္။

ျပီးခဲ့တဲ့ ၁၈ လ ေလာက္ အတြင္း ဒီဂီယာက အမွားအယြင္းေတြ ရွိခဲ့ေပမယ့္ စပိန္သားက ယူနုိက္တက္နဲ႕ ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္ကို မနွစ္ကပဲ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေၾကာင့္ အသင္းမွာလည္း နွစ္အေတာ္ၾကာ ေနသြားဖို႔ ရည္ရြယ္ထားေၾကာင္း ဆိုခဲ့ပါတယ္။

” က်ေနာ္ကေတာ့ တျဖည္းျဖည္း အသက္ၾကီးလာျပီ။ ဒီကလပ္အသင္းရဲ႕ တစိတ္တပိုင္း အျဖစ္ ပါ၀င္ခြင့္ရတာ တကယ့္ အံ့အားသင့္စရာပါ။ ၁၀ နွစ္တာ ဆိုတာ ေတြးၾကည့္ရင္ တကယ့္ အိပ္မက္ တစ္ခုလိုပါပဲ။ ဒီကလပ္အသင္းနဲ႕ အတူ ကစားရတာ သိပ္ေကာင္းပါတယ္။ ဒီမွာ နွစ္ေတြ အမ်ားၾကီး အမ်ားၾကီး ဆက္ေနရဖို႔ ေမွ်ာ္လင့္တယ္။ ” လို႔ ဒီဂီယာက ဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားထားတဲ့ ၁၂ ပြဲမွာ ေပးဂိုး မရွိတဲ့ ပံုစံေကာင္း ရထားပါတယ္။ ဒါေပမယ့္ ဒီဂီယာကေတာ့ အသင္းမွာ တိုးတက္ေအာင္ လုပ္ေဆာင္ရမွာေတြ ရွိေသးတယ္လို႔လည္း သံုးသပ္ ေျပာဆိုခဲ့ပါတယ္။