ကွင်းပိတ်ကန်မယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ ကွင်းထဲ ဝင်ရောက်ခွင့်ရမယ့် ပုဂ္ဂိုလ် ၃၀၀
ပရီးမီးယားလိဂ်ဟာ ကွင်းပိတ် ကစားမှုနဲ့အတူ ဘောလုံးရာသီကို ပြန်စတင်ပါက လူဘယ်လောက်ထိ ဝင်ခွင့်ပေးရမလဲ စတင်ကာ တွက်ချက်နေပြီး အနည်းဆုံး လူ ၃၀၀ လောက်ကို ဝင်ခွင့်ပေးမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဟာ ဇွန်လ ၈ ရက်နေ့မှာ ဘောလုံးပွဲတွေ ပြန်စတင်နိုင်ဖို့ ယာယီ မျှော်မှန်းထားကြတယ်။ ကွင်းပိတ်စနစ်ဖြင့် ပွဲတွေ ပြန်စတဲ့အခါ ပရီးမီးယားလိဂ်ဟာ အနည်းဆုံး လူ ၃၀၀ ကို ဝင်ခွင့်ပေးရလိမ့်မယ်လို့ တွက်ချက်ထားကြတယ်။
အဆိုပါထဲမှာ တစ်သင်းကို ကစားသမား ၂၀ ဦးနဲ့ နှစ်သင်း ၄၀ ဦး၊ အသင်းတွေရဲ့ နည်းပြအဖွဲ့နဲ့ ဆေးအဖွဲ့ဝင်တွေ ၁၆ ဦးစီနဲ့ ၃၂ ဦးတို့ကို ဝင်ခွင့်ပြုရမယ်။ ကလပ် ဒါရိုက်တာတွေ၊ ကလပ် မီဒီယာ၊ လုံခြုံရေးနဲ့ ပွဲကြီးကြပ်သူ၊ မြက်ခင်း ထိန်းသိမ်းပေးမယ့်အဖွဲ့၊ ဂိုးစကိုး အော်ပရေတာ အစရှိတဲ့ ပုဂ္ဂိုလ်တွေကိုပါ ဝင်ခွင့်ပြုရမယ်လို့ တွက်ချက်ထားကြတယ်။
တိုက်ရိုက် ထုပ်လွှင့်မှုအရ ရုပ်သံဝန်းထမ်းတွေက အနည်းဆုံး လူ ၇၇ ဦးလောက်ထိ ဝင်ခွင့်ရမှာဖြစ်တယ်။ ဒါ့အပြင် အသံလွှင့်မှုပိုင်းအတွက် ကွင်းထဲမှာ မဟုတ်ပဲ ကွင်းအနီးတစ်ဝိုက်မှာ လူပေါင်း ၇၀ လောက်ကို ဝင်ခွင့်ပြုရမှာဖြစ်တယ်။
ယှဉ်ပြိုင်ရဖို့ ရှိနေသေးတဲ့ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေ ပြိုင်ပွဲတွေကို တားမြစ်ကာလ ကုန်ဆုံးတဲ့အခါ ပြန်လည် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ကြောင်း မကြာသေးခင်ကပဲ ဝုဒ်ဝတ်က ပြောဆိုခဲ့တယ်။ အခြားသော သူတွေလိုပဲ လုံခြုံစိတ်ချရတဲ့ အကြံပေပးမှုတွေကို နားထောင်ကာ မြက်ခင်းတွေပေါ် ခပ်မြန်မြန် ခြေချလိုတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ဟာ ကြင္းပိတ္ ကစားမႈနဲ႔အတူ ေဘာလံုးရာသီကို ျပန္စတင္ပါက လူဘယ္ေလာက္ထိ ဝင္ခြင့္ေပးရမလဲ စတင္ကာ တြက္ခ်က္ေနျပီး အနည္းဆံုး လူ ၃၀၀ ေလာက္ကို ဝင္ခြင့္ေပးမယ္လို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ဟာ ဇြန္လ ၈ ရက္ေန႔မွာ ေဘာလံုးပြဲေတြ ျပန္စတင္ႏုိင္ဖို႔ ယာယီ ေမွ်ာ္မွန္းထားၾကတယ္။ ကြင္းပိတ္စနစ္ျဖင့္ ပြဲေတြ ျပန္စတဲ့အခါ ပရီးမီးယားလိဂ္ဟာ အနည္းဆံုး လူ ၃၀၀ ကို ဝင္ခြင့္ေပးရလိမ့္မယ္လုိ႔ တြက္ခ်က္ထားၾကတယ္။
အဆိုပါထဲမွာ တစ္သင္းကို ကစားသမား ၂၀ ဦးနဲ႔ ႏွစ္သင္း ၄၀ ဦး၊ အသင္းေတြရဲ႕ နည္းျပအဖြဲ႔နဲ႔ ေဆးအဖြဲ႔ဝင္ေတြ ၁၆ ဦးစီနဲ႔ ၃၂ ဦးတို႔ကို ဝင္ခြင့္ျပဳရမယ္။ ကလပ္ ဒါရိုက္တာေတြ၊ ကလပ္ မီဒီယာ၊ လံုျခံဳေရးနဲ႔ ပြဲၾကီးၾကပ္သူ၊ ျမက္ခင္း ထိန္းသိမ္းေပးမယ့္အဖြဲ႔၊ ဂိုးစကိုး ေအာ္ပေရတာ အစရွိတဲ့ ပုဂၢိဳလ္ေတြကိုပါ ဝင္ခြင့္ျပဳရမယ္လို႔ တြက္ခ်က္ထားၾကတယ္။
တိုက္ရိုက္ ထုပ္လႊင့္မႈအရ ရုပ္သံဝန္းထမ္းေတြက အနည္းဆံုး လူ ၇၇ ဦးေလာက္ထိ ဝင္ခြင့္ရမွာျဖစ္တယ္။ ဒါ့အျပင္ အသံလႊင့္မႈပိုင္းအတြက္ ကြင္းထဲမွာ မဟုတ္ပဲ ကြင္းအနီးတစ္ဝိုက္မွာ လူေပါင္း ၇၀ ေလာက္ကို ဝင္ခြင့္ျပဳရမွာျဖစ္တယ္။
ယွဥ္ျပိဳင္ရဖို႔ ရွိေနေသးတဲ့ ပရီးမီးယားလိဂ္၊ ယူရိုပါလိဂ္၊ အက္ဖ္ေအ ျပိဳင္ပြဲေတြကို တားျမစ္ကာလ ကုန္ဆံုးတဲ့အခါ ျပန္လည္ ယွဥ္ျပိဳင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း မၾကာေသးခင္ကပဲ ဝုဒ္ဝတ္က ေျပာဆိုခဲ့တယ္။ အျခားေသာ သူေတြလိုပဲ လံုျခံဳစိတ္ခ်ရတဲ့ အၾကံေပပးမႈေတြကို နားေထာင္ကာ ျမက္ခင္းေတြေပၚ ခပ္ျမန္ျမန္ ေျခခ်လိုတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။