ယူနိုက်တက် အသင်းသားကို အထူးချီးကျူးမှု လုပ်ထားပြီး ဂုဏ်ပြုစကားပါဆိုတဲ့ ယာဂင်ကလော့ပ်

ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် လီဗာပူးအသင်း မန်နေဂျာဖြစ်သူ ယာဂင်ကလော့ပ်က ကလပ်အသင်းသားသစ် ဖာနန်ဒက်စ်ကို မန်ချက်စတာကို မရောက်ခင်မှာကော ရောက်ပြီးချိန်မှာပါ ချီးကျူးမှု လုပ်ထားပါတယ်။

ပေါ်တူဂီသား ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားရာမှာ ယူနိုက်တက်တင် မကပဲ လီဗာပူးအသင်းကလည်း စိတ်ဝင်စားခဲ့သေးတာပါ။ ဒါပေမယ့်လို့ တရားဝင် ကမ်းလှမ်းမှုတွေကိုတော့ စပါးအသင်း တစ်သင်းတည်းကပဲ လုပ်ခဲ့ဖူးပြီး ဇန်နဝါရီမှာတော့ ယူနိုက်တက်က အပြီးသတ် ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပိုမို အင်အားတောင့်တင်းစေမယ့်သူလို့ အပြောင်းအရွှေ့ တရားဝင် မဖြစ်မြောက်ခင်တည်းက ကလော့ပ်က ဆိုခဲ့တယ်။ ထိုစဉ်က ဖာနန်ဒက်စ် ယူနိုက်တက်ကို ရောက်လာခဲ့ရင်ဆိုတဲ့ မေးခွန်းကို ကလော့ပ်က

“ ဖာနန်ဒက်စ် ယူနိုက်တက်ကို ပြောင်းသွားခဲ့ရင် ကျနေ်ာတို့နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ သူက အရမ်းကိုကောင်းတဲ့ ကစားသမားကောင်း တစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားကောင်းတွေလည်း ရှိပါတယ်။ ဒီတော့ ဖာနန်ဒက်စ်ကို ခေါ်ယူတာက သူတို့ကို ပိုအင်အားတောင့်သွားစေမှာပါ ” လို့ ဆိုခဲ့တယ်။

ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်တွေကို ဖာနန်ဒက်စ် ကစားခဲ့ပြီးချိန်မှာလည်း လီဗာပူးမန်နေဂျာက “ သိပ်ကောင်းတဲ့ပွဲပါ။ ဖာနန်ဒက်စ်ကလည်း သိပ်ကောင်းပါတယ်။ ပွဲကောင်းတစ်ပွဲအတွက် သူ့ကို ဂုဏ်ပြုပါတယ်။ တကယ်ကို ထိပ်တန်း ကစားသမားပါပဲ ” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဘဝ ၉ ပွဲ ပါဝင်ကစားထားရာမှာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ZAWGYI

ယူႏိုက္တက္ရဲ႕ မဟာျပိဳင္ဘက္ လီဗာပူးအသင္း မန္ေနဂ်ာျဖစ္သူ ယာဂင္ကေလာ့ပ္က ကလပ္အသင္းသားသစ္ ဖာနန္ဒက္စ္ကို မန္ခ်က္စတာကို မေရာက္ခင္မွာေကာ ေရာက္ျပီးခ်ိန္မွာပါ ခ်ီးက်ဴးမႈ လုပ္ထားပါတယ္။

ေပၚတူဂီသား ကြင္းလယ္လူကို ေခၚယူဖို႔ ၾကိဳးစားရာမွာ ယူႏုိက္တက္တင္ မကပဲ လီဗာပူးအသင္းကလည္း စိတ္ဝင္စားခဲ့ေသးတာပါ။ ဒါေပမယ့္လို႔ တရားဝင္ ကမ္းလွမ္းမႈေတြကိုေတာ့ စပါးအသင္း တစ္သင္းတည္းကပဲ လုပ္ခဲ့ဖူးျပီး ဇန္နဝါရီမွာေတာ့ ယူႏုိက္တက္က အျပီးသတ္ ေခၚယူႏုိင္ခဲ့တာျဖစ္တယ္။

ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကို ပိုမို အင္အားေတာင့္တင္းေစမယ့္သူလို႔ အေျပာင္းအေရႊ႔ တရားဝင္ မျဖစ္ေျမာက္ခင္တည္းက ကေလာ့ပ္က ဆိုခဲ့တယ္။ ထိုစဥ္က ဖာနန္ဒက္စ္ ယူႏုိက္တက္ကို ေရာက္လာခဲ့ရင္ဆိုတဲ့ ေမးခြန္းကို ကေလာ့ပ္က

“ ဖာနန္ဒက္စ္ ယူႏုိက္တက္ကို ေျပာင္းသြားခဲ့ရင္ က်ေန္ာတို႔နဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ သူက အရမ္းကိုေကာင္းတဲ့ ကစားသမားေကာင္း တစ္ဦးျဖစ္ပါတယ္။ ယူနုိက္တက္မွာ အရမ္းေကာင္းတဲ့ ကစားသမားေကာင္းေတြလည္း ရွိပါတယ္။ ဒီေတာ့ ဖာနန္ဒက္စ္ကို ေခၚယူတာက သူတို႔ကို ပိုအင္အားေတာင့္သြားေစမွာပါ ” လို႔ ဆိုခဲ့တယ္။

ယူႏုိက္တက္ ကစားသမားဘဝ ပြဲဦးထြက္ေတြကို ဖာနန္ဒက္စ္ ကစားခဲ့ျပီးခ်ိန္မွာလည္း လီဗာပူးမန္ေနဂ်ာက “ သိပ္ေကာင္းတဲ့ပြဲပါ။ ဖာနန္ဒက္စ္ကလည္း သိပ္ေကာင္းပါတယ္။ ပြဲေကာင္းတစ္ပြဲအတြက္ သူ႔ကုိ ဂုဏ္ျပဳပါတယ္။ တကယ္ကို ထိပ္တန္း ကစားသမားပါပဲ ” လို႔ ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ ကစားသမားဘဝ ၉ ပြဲ ပါဝင္ကစားထားရာမွာ ကိုယ္တိုင္ ၃ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ျပဳလုပ္ထားႏုိင္ပါတယ္။