ယူနိုက်တက်နဲ့ အာဆင်နယ်က ကမ်းလှမ်းလာခဲ့ရင် ငြင်းဆန်မယ့် လက်စတာကွင်းလယ်လူ
လက်စတာအသင်း ကွင်းလယ်လူ အန်ဒီဒီက အပြောင်းအရွှေ့မှာ သူ့ကို စိတ်ဝင်စားနေတဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့က ကမ်းလှမ်းလာရင် နားထောင်ပေးမလားဆိုတဲ့ အမေးကို ပယ်ချခဲ့ကြောင့် Goal သတင်းဌာနက ဖော်ပြသွားပါတယ်။
လက်စတာအသင်းမှာ ခံစစ်တန်းရှေ့ကနေပြီး တံတိုင်းတစ်ခုလို ကာကွယ်မှုက အန်ဒီဒီရဲ့ ကောင်းမွန်တဲ့ အရည်အချင်း တစ်ရပ်ဖြစ်တယ်။ သူဟာ ကွင်းလယ် အတွင်းလူတစ်ဦးအပြင် ဘောလုံးပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းနဲ့ တိုက်စစ်စတင်ဖို့ ကူညီခြင်းတွေမှာ ထူးချွန်သူဖြစ်တယ်။
ကစားကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းတဲ့ အန်ဒီဒီဟာ ကစားကွင်းပြင်ပမှာလည်း သူ့ရဲ့ အချိန်တွေကို လက်စတာက De Montfort University မှာ Business and Management ဒီဂရီအတွက် ကြိုးစားနေသူဖြစ်တယ်။ သူ့ရဲ့ ဘောလုံးဉာဏ်ရည် မြင့်မှုကတော့ အံ့သြစရာမရှိပါဘူး။
ကွင်းတွင်း ကွင်းပြင် တောက်ပတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေခြင်းကြောင့် အန်ဒီဒီဟာ အာဆင်နယ်၊ ယူနိုက်တက်လို ကလပ်တွေကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့တယ်။ ဒါပေမယ့် သူကတော့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ကင်းပါဝါကနေ အခြားသော ထိပ်တန်းအသင်းတွေကို ပြောင်းဖို့ စိတ်မဝင်စားသေးဘူးလို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
အန်ဒီဒီက ” လက်စတာမှာ ကျနေ်ာတို့က အကောင်းဆုံး လုပ်နေပြီး ဒီမှာ ရှိနေရတာကို ပျော်ပါတယ်။ လက်စတာနဲ့လည်း စာချုပ်တစ်ခု ရှိနေဆဲဖြစ်ပါတယ်။ ကိုယ်ဘာသာ တိုးတက်လာဖို့လည်း ကြိုးစား သင်ယူနေပြီး ဒီအသင်းမှာ အဆင်ပြေနေတာကြောင့် အခြားအသင်းတွေကို ပြောင်းရွှေ့ ကစားမှာ မဟုတ်ပါဘူး ” လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။
ZAWGYI
လက္စတာအသင္း ကြင္းလယ္လူ အန္ဒီဒီက အေျပာင္းအေရႊ႔မွာ သူ႔ကို စိတ္ဝင္စားေနတဲ့ ထိပ္သီးအသင္းေတြျဖစ္တဲ့ အာဆင္နယ္၊ ယူႏုိက္တက္တို႔က ကမ္းလွမ္းလာရင္ နားေထာင္ေပးမလားဆိုတဲ့ အေမးကို ပယ္ခ်ခဲ့ေၾကာင့္ Goal သတင္းဌာနက ေဖာ္ျပသြားပါတယ္။
လက္စတာအသင္းမွာ ခံစစ္တန္းေရွ႔ကေနျပီး တံတိုင္းတစ္ခုလို ကာကြယ္မႈက အန္ဒီဒီရဲ႕ ေကာင္းမြန္တဲ့ အရည္အခ်င္း တစ္ရပ္ျဖစ္တယ္။ သူဟာ ကြင္းလယ္ အတြင္းလူတစ္ဦးအျပင္ ေဘာလံုးပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ျခင္းနဲ႔ တိုက္စစ္စတင္ဖို႔ ကူညီျခင္းေတြမွာ ထူးခၽြန္သူျဖစ္တယ္။
ကစားကြင္းထဲမွာ စြမ္းေဆာင္ရည္ေကာင္းတဲ့ အန္ဒီဒီဟာ ကစားကြင္းျပင္ပမွာလည္း သူ႔ရဲ႕ အခ်ိန္ေတြကို လက္စတာက De Montfort University မွာ Business and Management ဒီဂရီအတြက္ ၾကိဳးစားေနသူျဖစ္တယ္။ သူ႔ရဲ႕ ေဘာလံုးဥာဏ္ရည္ ျမင့္မႈကေတာ့ အံ့ၾသစရာမရွိပါဘူး။
ကြင္းတြင္း ကြင္းျပင္ ေတာက္ပတဲ့ အလားအလာေကာင္းေတြ ပိုင္ဆိုင္ေနျခင္းေၾကာင့္ အန္ဒီဒီဟာ အာဆင္နယ္၊ ယူႏုိက္တက္လို ကလပ္ေတြကို ေျပာင္းေရႊ႔မယ္လို႔ သတင္းေတြ ထြက္ေပၚထားခဲ့တယ္။ ဒါေပမယ့္ သူကေတာ့ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ ကင္းပါဝါကေန အျခားေသာ ထိပ္တန္းအသင္းေတြကို ေျပာင္းဖို႔ စိတ္မဝင္စားေသးဘူးလို႔ ျပန္လည္ ေျဖဆိုခဲ့ပါတယ္။
အန္ဒီဒီက ” လက္စတာမွာ က်ေန္ာတို႔က အေကာင္းဆံုး လုပ္ေနျပီး ဒီမွာ ရွိေနရတာကို ေပ်ာ္ပါတယ္။ လက္စတာနဲ႔လည္း စာခ်ဳပ္တစ္ခု ရွိေနဆဲျဖစ္ပါတယ္။ ကိုယ္ဘာသာ တိုးတက္လာဖို႔လည္း ၾကိဳးစား သင္ယူေနျပီး ဒီအသင္းမွာ အဆင္ေျပေနတာေၾကာင့္ အျခားအသင္းေတြကို ေျပာင္းေရႊ႔ ကစားမွာ မဟုတ္ပါဘူး ” လို႔ ျပန္ေျဖခဲ့တာျဖစ္ပါတယ္။