အစ်ဟာလိုထက် ပိုကောင်းမယ့် တိုက်စစ်မှူးတစ်ဦး ယူနိုက်တက် လိုအပ်နေသေးကြောင်း ထောက်ပြမှု

မန်ချက်စတာ ယူနိုက်တက်မှာ ဇန်နဝါရီ က အငှား ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလို ရှိနေပြီး ထိုက်သင့်တဲ့ ခြေစွမ်းပြမှုတွေ ရှိနေပေမယ့် ယူနိုက်တက် အတွက် ဒိထက် ခြေစွမ်း ပိုကောင်းတဲ့ တိုက်စစ်မှူးမျိုး လိုအပ်ကြောင်း ဂိုးသမားဟောင်းကြီး ဘော့စ်နစ်က သတိပေးလိုက်ပါတယ်။

ရက်ဖို့ဒ်ကသာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ဆက်ရှိနေမှာ ဖြစ်တာကြောင့် အင်္ဂလန်သားနဲ့ အလဲအလှယ် ကစားနိုင်မယ် အရန် တိုက်စစ်မှူးကောင်း တစ်ယောက် ထပ်လိုသေးတယ်လို့ ဘော့စ်နစ်က သုံးသပ် ပြောဆိုခဲ့တာပါ။

” ယူနိုက်တက်မှာ လက်ရှိ အဓိက တိုက်စစ်မှူးက မားကပ် ရက်ဖို့ဒ် ဖြစ်တယ်။ သူ ဒဏ်ရာ ရသွားချိန်မှာ ယူနိုက်တက် အခက်တွေ့ခဲ့ပေမယ့် အစ်ဟာလိုကို အမြန် ခေါ်ယူနိုင်ခဲ့တယ်။ အစ်ဟာလို ခြေစွမ်းက သဘောကျစရာပါ။ ဒါပေမယ့် သူက ယာယီလောက်အတွက်ပဲ ဆိုတော့ ရေရှည် အတွက် ယူနိုက်တက်က အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး လိုအပ်ဦးမယ် ကျနော် ထင်ပါတယ်။

ဒါမှသာ ဒဏ်ရာပြဿနာတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာပါ၊ ဒီလို ပြောလို့ ကျနော် အစ်ဟာလိုကို မလေးမစား လုပ်ချင်တာ မဟုတ်ဘူးနော်။ သူကလည်း တိုက်စစ်မှူးကောင်း တစ်ယောက်ပါ။ ကျနော် သဘောကျပါတယ်။ ” လို့ ဘော့စ်နစ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ရက်ဖို့ဒ်ကို အားကိုးသဘောကျကာ နေရာပေးခဲ့ပြီး အင်္ဂလန်သား တိုက်စစ်မှူူးကလည်း ဆိုးရှားရဲ့ အသင်းမှာ ခြေစွမ်း သိသာစွာ တိုးတက်လာခဲ့တာ့ပါ။ ရက်ဖို့ဒ်က ဒဏ်ရာကြောင့် အနားယူနေရသည့်တိုင် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးထိ ရှိထားပြီး အသင်းမှာ သွင်းဂိုး အများဆုံးလည်း ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္မွာ ဇန္န၀ါရီ က အငွား ေခၚယူထားတဲ့ တိုက္စစ္မွဴး အစ္ဟာလို ရွိေနျပီး ထိုက္သင့္တဲ့ ေျခစြမ္းျပမႈေတြ ရွိေနေပမယ့္ ယူနိုက္တက္ အတြက္ ဒိထက္ ေျခစြမ္း ပိုေကာင္းတဲ့ တိုက္စစ္မွဴးမ်ိဳး လိုအပ္ေၾကာင္း ဂိုးသမားေဟာင္းၾကီး ေဘာ့စ္နစ္က သတိေပးလိုက္ပါတယ္။

ရက္ဖုိ႕ဒ္ကသာ ယူနိုက္တက္ရဲ႕ အဓိက တိုက္စစ္မွဴး အျဖစ္ ဆက္ရွိေနမွာ ျဖစ္တာေၾကာင့္ အဂၤလန္သားနဲ႕ အလဲအလွယ္ ကစားနုိင္မယ္ အရန္ တိုက္စစ္မွဴးေကာင္း တစ္ေယာက္ ထပ္လိုေသးတယ္လို႔ ေဘာ့စ္နစ္က သံုးသပ္ ေျပာဆိုခဲ့တာပါ။

” ယူနိုက္တက္မွာ လက္ရွိ အဓိက တိုက္စစ္မွဴးက မားကပ္ ရက္ဖို႕ဒ္ ျဖစ္တယ္။ သူ ဒဏ္ရာ ရသြားခ်ိန္မွာ ယူနိုက္တက္ အခက္ေတြ႔ခဲ့ေပမယ့္ အစ္ဟာလိုကို အျမန္ ေခၚယူနုိင္ခဲ့တယ္။ အစ္ဟာလို ေျခစြမ္းက သေဘာက်စရာပါ။ ဒါေပမယ့္ သူက ယာယီေလာက္အတြက္ပဲ ဆိုေတာ့ ေရရွည္ အတြက္ ယူနုိက္တက္က အရည္အေသြးျမင့္ တိုက္စစ္မွဴး တစ္ဦး လိုအပ္ဦးမယ္ က်ေနာ္ ထင္ပါတယ္။

ဒါမွသာ ဒဏ္ရာျပႆနာေတြကို အေကာင္းဆုံး ေက်ာ္လႊားႏိုင္မွာပါ၊ ဒီလို ေျပာလို႔ က်ေနာ္ အစ္ဟာလိုကို မေလးမစား လုပ္ခ်င္တာ မဟုတ္ဘူးေနာ္။ သူကလည္း တိုက္စစ္မွဴးေကာင္း တစ္ေယာက္ပါ။ က်ေနာ္ သေဘာက်ပါတယ္။ ” လို႔ ေဘာ့စ္နစ္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက ရက္ဖို႕ဒ္ကို အားကိုးသေဘာက်ကာ ေနရာေပးခဲ့ျပီး အဂၤလန္သား တုိက္စစ္မွဴဴးကလည္း ဆုိးရွားရဲ႕ အသင္းမွာ ေျခစြမ္း သိသာစြာ တိုးတက္လာခဲ့တာ့ပါ။ ရက္ဖုိ႔ဒ္က ဒဏ္ရာေၾကာင့္ အနားယူေနရသည့္တိုင္ ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၄ ဂိုးထိ ရွိထားျပီး အသင္းမွာ သြင္းဂိုး အမ်ားဆံုးလည္း ျဖစ္ပါတယ္။