ယူနိုက်တက်၊ အာဆင်နယ်တို့ ပစ်မှတ် ခံစစ်မှူးကို ခေါ်ဖို့ ဘိုင်ယန်မြူးနစ် သဘောတူညီမှု ရခဲ့ပြီ သတင်းထွက်လာ
မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ ပစ်မှတ်ထား ချိတ်ဆက်နေတဲ့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ငြင်းဆန်ပြီး လိုက်ပ်ဇစ်ရဲ့ ဘွန်ဒစ်လီဂါ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။
ပြင်သစ်သား ဗဟိုခံစစ်မှူးရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၅၂ သန်း ဖြစ်ပြီး နောက်နှစ် နွေမှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်လို့ လိုက်ပ်ဇစ်ကလည်း ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာထက် ဒီနွေမှာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၁ နှစ် အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့ ယူနိုက်တက်ရော အာဆင်နယ်ပါ စောင့်ကြည့် ချိတ်ဆက်ခဲ့ပေမယ့် ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်ကပဲ အသာစီး ရယူသွားခဲ့ပါတယ်။
သတင်းတွေ အရတော့ သဘောတူညီမှုက ကစားသမားနဲ့ ဘိုင်ယန်မြူးနစ် ကြားမှာပဲ ရှိသေးပြီး လိုက်ပ်ဇစ် သဘောတူနိုင်မယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမှာပါ။
လတ်တလော ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးမှာ ရိုက်ခတ်မှု ရှိနေပြီး ဘိုင်ယန်ကတော့ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ပေါင် ၅၂ သန်းထိ ပေးဖို့တော့ အလိုမရှိပါဘူး။ ပြင်သစ်သားဟာ လိုက်ပ်ဇစ်အသင်း အတွက် ဒီရာသီ ၂၉ ပွဲ ထိ ပါဝင်ကစားပြီး အဓိက အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာက ဒီနွေမှာ ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ လှုပ်ရှားနေပြီး ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း အူပါမီကာနို ကို မက်ဂွဲယားနဲ့ အတူ တွဲ ကစားနိုင်မယ့် ခံစစ်မှူး အဖြစ် ပစ်မှတ်ထားခဲ့တာပါ။ ဘိုင်ယန်ကသာ လိုက်ပ်ဇစ်နဲ့လည်း ပြောင်းရွှေ့ကြေး အဆင်ပြေအောင် ညှိနှိုင်းနိုင်ရင်တော့ အူပါမီကာနို အတွက် ပရီးမီးယားလိဂ် ကလပ် အသင်းတွေရဲ့ မျှော်လင့်ချက်က အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္နဲ႕ အာဆင္နယ္အသင္းတုိ႔ ပစ္မွတ္ထား ခ်ိတ္ဆက္ေနတဲ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနိုဟာ ပရီးမီးယားလိဂ္ ကလပ္ေတြကို ျငင္းဆန္ျပီး လိုက္ပ္ဇစ္ရဲ႕ ဘြန္ဒစ္လီဂါ ျပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေရႊ႕ ကစားဖို႔ သေဘာတူညီခဲ့ျပီ ျဖစ္ေၾကာင္း ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပလာပါတယ္။
ျပင္သစ္သား ဗဟိုခံစစ္မွဴးရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၅၂ သန္း ျဖစ္ျပီး ေနာက္နွစ္ ေႏြမွာ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္လို႔ လိုက္ပ္ဇစ္ကလည္း ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရမွာထက္ ဒီေႏြမွာ ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ့ျပီ ျဖစ္ပါတယ္။
အသက္ ၂၁ နွစ္ အရြယ္ ခံစစ္မွဴးကို ေခၚယူဖို႔ ယူနိုက္တက္ေရာ အာဆင္နယ္ပါ ေစာင့္ၾကည့္ ခ်ိတ္ဆက္ခဲ့ေပမယ့္ ဂ်ာမန္ အင္အားၾကီးကလပ္ ဘိုင္ယန္ကပဲ အသာစီး ရယူသြားခဲ့ပါတယ္။
သတင္းေတြ အရေတာ့ သေဘာတူညီမႈက ကစားသမားနဲ႕ ဘိုင္ယန္ျမဴးနစ္ ၾကားမွာပဲ ရွိေသးျပီး လိုက္ပ္ဇစ္ သေဘာတူနုိင္မယ့္ ေျပာင္းေရႊ႕ေၾကး ညွိနိႈင္းရဦးမွာပါ။
လတ္တေလာ ကိုရိုနာ ဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ကလပ္အသင္းေတြရဲ႕ ဘ႑ာေရးမွာ ရိုက္ခတ္မႈ ရွိေနျပီး ဘိုင္ယန္ကေတာ့ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္း ေပါင္ ၅၂ သန္းထိ ေပးဖို႔ေတာ့ အလိုမရွိပါဘူး။ ျပင္သစ္သားဟာ လိုက္ပ္ဇစ္အသင္း အတြက္ ဒီရာသီ ၂၉ ပြဲ ထိ ပါ၀င္ကစားျပီး အဓိက အသင္းသားတစ္ဦးလည္း ျဖစ္ပါတယ္။
အာဆင္နယ္ နည္းျပ အာတီတာက ဒီေႏြမွာ ဗဟိုခံစစ္မွဴး တစ္ဦး ေခၚယူဖို႔ လႈပ္ရွားေနျပီး ယူနုိက္တက္ နည္းျပ ဆုိးရွားကလည္း အူပါမီကာနို ကို မက္ဂြဲယားနဲ႕ အတူ တြဲ ကစားနုိင္မယ့္ ခံစစ္မွဴး အျဖစ္ ပစ္မွတ္ထားခဲ့တာပါ။ ဘိုင္ယန္ကသာ လိုက္ပ္ဇစ္နဲ႕လည္း ေျပာင္းေရႊ႕ေၾကး အဆင္ေျပေအာင္ ညွိနိႈင္းနုိင္ရင္ေတာ့ အူပါမီကာနို အတြက္ ပရီးမီးယားလိဂ္ ကလပ္ အသင္းေတြရဲ႕ ေမွ်ာ္လင့္ခ်က္က အဆံုးသတ္ရေတာ့မွာ ျဖစ္ပါတယ္။