ပရီးမီးယားလိဂ်ရဲ့ အသက် ၂၅ နှစ်ယောက် ကစားသမားတွေထဲ အကောင်းဆုံး ဖြစ်နေတဲ့ ယူနိုက်တက် တိုက်စစ်မှူး

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဒီရာသီ တစ်ဦးချင်း ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားပြီး အသင်း အတွက် အရေးပါစွာ စွမ်းဆောင်ထားပါတယ်။ အချက် အလက်တွေ အရ ပရီးမီးယားလိဂ်မှာ အသက် ၂၅ နှစ်အောက် ကစားသမားတွေထဲ ရက်ဖို့ဒ်က အကောင်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

အချက်အလက် ဆရာကြီး Statman Dave တွစ်တာရဲ့ ဖော်ထုတ်ချက် အရ ရက်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၅ နှစ် အောက် ကစားသမားတွေထဲ သွင်းဂိုး အများဆုံး အဖြစ် ၁၄ ဂိုး သွင်းယူထားတယ်လို့ သိရပါတယ်။

ပိုပြီး အထင်ကြီးဖွယ် ဖြစ်သွားစေတာက သူ ပွဲကစားခဲ့တာ ၂၂ ပွဲ ရှိပါတယ်။ တခြား ဘယ် ကစားသမားကမှ သူ့ထက် သာလွန်စွာ မစွမ်းဆောင်ပြထားနိုင်သလို ပွဲ ပို ကစားနိုင်တဲ့သူလည်း အနည်းငယ်သာ ရှိပါတယ်။ ဒါတောင် ရက်ဖို့ဒ်က နောက်ကျော ဒဏ်ရာကြောင့် နောက်ပိုင်းပွဲစဉ်များ ဆက်တိုက် လွဲချော်ထားရသူပါ။

ဇန်နဝါရီလထဲမှာ ရက်ဖို့ဒ်က ကျောဘက် ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ရာသီကုန်ထိ လွဲချော်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် ကိုရိုနာကြောင့် ဘောလုံးပွဲစဉ်များ ရပ်နားထားကာ နောက်လကုန်လောက်မှာ ပြန်စတင်ဖို့ စီစဉ်ထားကြတာကြောင့် ရက်ဖို့ဒ်တစ်ယောက် ပွဲစဉ် အချို့ အမှီ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

အင်္ဂလန်သားဟာ ကြံ့ခိုင်မှုလည်း ပြည့်ဝလုနီးပါး ဖြစ်နေပြီး ၎င်းရဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုတွေကလည်း အဆင့် ဆင့် တိုးတက်နေပြီလို့ သတင်းကောင်းကြားရပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႕ဒ္ဟာ ဒီရာသီ တစ္ဦးခ်င္း ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသထားျပီး အသင္း အတြက္ အေရးပါစြာ စြမ္းေဆာင္ထားပါတယ္။ အခ်က္ အလက္ေတြ အရ ပရီးမီးယားလိဂ္မွာ အသက္ ၂၅ နွစ္ေအာက္ ကစားသမားေတြထဲ ရက္ဖို႔ဒ္က အေကာင္းဆံုး ျဖစ္ေနတာ ေတြ႔ရပါတယ္။

အခ်က္အလက္ ဆရာၾကီး Statman Dave တြစ္တာရဲ႕ ေဖာ္ထုတ္ခ်က္ အရ ရက္ဖို႔ဒ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၂၅ နွစ္ ေအာက္ ကစားသမားေတြထဲ သြင္းဂိုး အမ်ားဆံုး အျဖစ္ ၁၄ ဂိုး သြင္းယူထားတယ္လို႔ သိရပါတယ္။

ပိုျပီး အထင္ၾကီးဖြယ္ ျဖစ္သြားေစတာက သူ ပြဲကစားခဲ့တာ ၂၂ ပြဲ ရွိပါတယ္။ တျခား ဘယ္ ကစားသမားကမွ သူ႔ထက္ သာလြန္စြာ မစြမ္းေဆာင္ျပထားနုိင္သလို ပြဲ ပို ကစားနိုင္တဲ့သူလည္း အနည္းငယ္သာ ရွိပါတယ္။ ဒါေတာင္ ရက္ဖို႕ဒ္က ေနာက္ေက်ာ ဒဏ္ရာေၾကာင့္ ေနာက္ပိုင္းပြဲစဥ္မ်ား ဆက္တုိက္ လြဲေခ်ာ္ထားရသူပါ။

ဇန္န၀ါရီလထဲမွာ ရက္ဖုိ႔ဒ္က ေက်ာဘက္ ဒဏ္ရာ ရသြားခဲ့တာ ျဖစ္ျပီး ရာသီကုန္ထိ လြဲေခ်ာ္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ဒါေပမယ့္ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲစဥ္မ်ား ရပ္နားထားကာ ေနာက္လကုန္ေလာက္မွာ ျပန္စတင္ဖို႔ စီစဥ္ထားၾကတာေၾကာင့္ ရက္ဖို႔ဒ္တစ္ေယာက္ ပြဲစဥ္ အခ်ိဳ႕ အမွီ ျပန္ကစားနိုင္ဖြယ္ ရွိပါတယ္။

အဂၤလန္သားဟာ ၾကံ႕ခိုင္မႈလည္း ျပည့္၀လုနီးပါး ျဖစ္ေနျပီး ၄င္းရဲ႕ ျပန္လည္ထူေထာင္ေရး ေလ့က်င့္မႈေတြကလည္း အဆင့္ ဆင့္ တိုးတက္ေနျပီလို႔ သတင္းေကာင္းၾကားရပါတယ္။