အေးဂျင့်နဲ့ စကားရှုပ်ခိုင်းနေမယ့် အစား ပေါ့ဘာ ကိုယ်တိုင်ထွက် ပြောဆိုဖို့ ဖာဒီနန် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဖာဒီနန်ကတော့ ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ ကြားက အေးဂျင့်ကို တစ်ဆင့် စကားတွေ ပြောခိုင်းပြီး ဝေ့နေမယ့် အစား ကိုယ်တိုင်ထွက် စကားပြောကာ ဖြေရှင်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ပေါ့ဘာဟာ ဒီတစ်ရာသီလုံးနီးပါး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ပွဲစဉ်တော်တော်များများ မပါဝင်နိုင်ဘဲ လွဲချော်ခဲ့ရာကာ အခုထိလည်း အနားယူနေရဆဲ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အကြိမ်ကြိမ် သတင်းထွက်နေခဲ့ပြီး အေးဂျင့် ရွိုင်းအိုလာ ကိုယ်တိုင်ကလည်း သူ့ ကစားသမား အသင်းပြောင်းဖို့ ညှိနှိုင်းနေကြောင်း ပြောင်ပြောင်တင်းတင်း ထုတ်ပြောမှုတွေ ရှိထားပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်း ဂျူဗင်တပ် အသင်းတို့က ခေါ်ယူလိုနေပြီး တောက်လျောက် ချိတ်ဆက် ညှိနှိုင်းမှုတွေ ရှိနေပါတယ်။

ဖာဒီနန်က ဆောင်းနက်စ်နဲ့ ပေါ့ဘာရဲ့ ဒီတလော စကားအချေအတင်ကြားမှာ ပေါ့ဘာဘက်က ရပ်တည်ဝင်ရောက်ပြောဆိုပေးခဲ့ပြီး တပြိုင်နက်တည်းမှာပဲ ပေါ့ဘာကို ကိုယ်တိုင် ပြောဆိုသင့်တဲ့ ကိစ္စတွေ ရှိကြောင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

” ကျနော် ပေါ့ဘာနဲ့ စကား တော်တော် ပြောခဲ့ဖူးပါတယ်။ သူက လွတ်လွတ်လပ်လပ် နေချင်တဲ့ သူမျိုးပေါ့။ ကျနော်ကတော့ သူ့ကိစ္စတွေကို အေးဂျင့်နဲ့ ရှင်းခိုင်း ပြောခိုင်းနေမယ့် အစား တချို့ ကိစ္စတွေမှာ သူ ကိုယ်တိုင် ထွက်ပြီး ရှင်းလင်း ပြောဆိုဖို့ အကြံပေးချင်တယ်။ ဒီလိုသာဆို ပေါ့ဘာ အနေအထားကို လူတွေ ရှင်းရှင်းလင်းလင်း ပို နားလည်သွားကြမယ် ထင်ပါတယ်။ ” လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။

ပေါ့ဘာ အသင်းအပြောင်းအရွှေ့ ကိစ္စရပ်များမှာ အေးဂျင့် ရွိုင်းအိုလာ အပြင် သူ့ ညီအစ်ကိုတွေကပါ ထုတ်ဖော် ပြောဆိုမှုတွေ ရှိနေပေမယ့် ကာယကံရှင် ဖြစ်တဲ့ ပေါ့ဘာကတော့ နှုတ်ဆိတ်နေတာကြောင့် ပရိသတ် ဝေဖန်မှုနဲ့ အမြင် မကြည်လင်မှုတွေက ပိုမို မြင့်တက်နေခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္ကေတာ့ ကလပ္အသင္းနဲ႕ အေျပာင္းအေရႊ႕ ကိစၥေတြမွာ ၾကားက ေအးဂ်င့္ကို တစ္ဆင့္ စကားေတြ ေျပာခိုင္းျပီး ေ၀့ေနမယ့္ အစား ကိုယ္တိုင္ထြက္ စကားေျပာကာ ေျဖရွင္းမႈေတြ ျပဳလုပ္ဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

ေပါ့ဘာဟာ ဒီတစ္ရာသီလံုးနီးပါး ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရျပီး ပြဲစဥ္ေတာ္ေတာ္မ်ားမ်ား မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ခဲ့ရာကာ အခုထိလည္း အနားယူေနရဆဲ ျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ အၾကိမ္ၾကိမ္ သတင္းထြက္ေနခဲ့ျပီး ေအးဂ်င့္ ရြိဳင္းအိုလာ ကိုယ္တိုင္ကလည္း သူ႔ ကစားသမား အသင္းေျပာင္းဖို႔ ညွိနိႈင္းေနေၾကာင္း ေျပာင္ေျပာင္တင္းတင္း ထုတ္ေျပာမႈေတြ ရွိထားပါတယ္။ ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္နဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္ အသင္းတို႔က ေခၚယူလိုေနျပီး ေတာက္ေလ်ာက္ ခ်ိတ္ဆက္ ညွိနိႈင္းမႈေတြ ရွိေနပါတယ္။

ဖာဒီနန္က ေဆာင္းနက္စ္နဲ႕ ေပါ့ဘာရဲ႕ ဒီတေလာ စကားအေခ်အတင္ၾကားမွာ ေပါ့ဘာဘက္က ရပ္တည္၀င္ေရာက္ေျပာဆိုေပးခဲ့ျပီး တျပိဳင္နက္တည္းမွာပဲ ေပါ့ဘာကို ကိုယ္တိုင္ ေျပာဆိုသင့္တဲ့ ကိစၥေတြ ရွိေၾကာင္း တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

” က်ေနာ္ ေပါ့ဘာနဲ႕ စကား ေတာ္ေတာ္ ေျပာခဲ့ဖူးပါတယ္။ သူက လြတ္လြတ္လပ္လပ္ ေနခ်င္တဲ့ သူမ်ိဳးေပါ့။ က်ေနာ္ကေတာ့ သူ႔ကိစၥေတြကို ေအးဂ်င့္နဲ႕ ရွင္းခိုင္း ေျပာခိုင္းေနမယ့္ အစား တခ်ိဳ႕ ကိစၥေတြမွာ သူ ကိုယ္တိုင္ ထြက္ျပီး ရွင္းလင္း ေျပာဆိုဖို႔ အၾကံေပးခ်င္တယ္။ ဒီလိုသာဆို ေပါ့ဘာ အေနအထားကို လူေတြ ရွင္းရွင္းလင္းလင္း ပို နားလည္သြားၾကမယ္ ထင္ပါတယ္။ ” လို႔ ဖာဒီနန္က ဆိုခဲ့ပါတယ္။

ေပါ့ဘာ အသင္းအေျပာင္းအေရႊ႕ ကိစၥရပ္မ်ားမွာ ေအးဂ်င့္ ရြိဳင္းအိုလာ အျပင္ သူ႔ ညီအစ္ကိုေတြကပါ ထုတ္ေဖာ္ ေျပာဆိုမႈေတြ ရွိေနေပမယ့္ ကာယကံရွင္ ျဖစ္တဲ့ ေပါ့ဘာကေတာ့ နႈတ္ဆိတ္ေနတာေၾကာင့္ ပရိသတ္ ေ၀ဖန္မႈနဲ႕ အျမင္ မၾကည္လင္မႈေတြက ပိုမို ျမင့္တက္ေနခဲ့ပါတယ္။