မန်စီးတီး လီဗာပူးကြောင့် ယူနိုက်တက်က ဆောနီဂွက်စ်ကို ခေါ်ယူသင့်ကြောင်း ပေါ့အင်း တောင်းဆို
ယူနိုက်တက် တိုက်စစ်သမားဟောင်းကြီး ပေါ့အင့်က ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးနဲ့ နှိုင်းယှဉ်ရင် ယူနိုက်တက်မှာ ကျဆင်းနေတဲ့ ဂုဏ်တွေအတွက် ဆောနီဂွက်စ်ကို ခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်မှာ ပရိသတ်တွေက ဟီးရိုးအဖြစ် ယုံကြည်ရတဲ့ ကစားသမား နည်းပါးနေတာပါ။ ဖာနန်ဒက်စ်က ပရိသတ်တွေ အချစ်တော် ဖြစ်လာခဲ့ပေမယ့် သူ့လို နောက်ထပ် ကစားသမားမျိုး ထပ်မံ အင်အားဖြည့်ဖို့ ပေါ့အင့်က တောင်းဆိုတာဖြစ်တယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ထိပ်တန်း ကစားသမားဖြစ်ပေမယ့် ပရိသတ်တွေကြားမှာ ဟီးရိုးအဖြစ် ချစ်ခင်ခြင်း မခံရသူဖြစ်ပါတယ်။
ပေါအင့်က ” ယူနိုက်တက် ပရိသတ်တွေ မြင်လိုတာက အသင်းအတွက် ဟီးရိုးလို ကစားသမားတွေနဲ့ စိတ်လှုပ်ရှားစရာတွေ ပေးနိုင်စွမ်းရှိမယ့် သူမျိုးဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ ယူနိုက်တက်အတွက် ဟီးရိုးဖြစ်လောက်တဲ့ ကစားသမားတွေ အများအပြား မရှိထားပါဘူး။
မန်စီးတီးကို ကြည့်မယ်ဆိုရင် အဂွယ်ရို၊ ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးဗားတို့က ဂန္တဝင်တွေအဖြစ်ကို တောက်ပနေကြတာပါ။ လီဗာပူးမှာလည်း ဟီရိုး ကစားသမာေးတွ ရှိကြပါတယ်။ ယူနိုက်တက်မှာတော့ အဲ့လို ကစားသမားမျိုးတွေ နည်းပါးနေတာဖြစ်တယ်။
ပြီးခဲ့တဲ့ ၂ ရာသီ ၃ ရာသိအတွင်းမှာ ဆောနီဂွက်စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖြင်ပြီး သိပ်ကြိုက်မိပါတယ်။ သူက အသင်း ကစားကွက်ကို အကောင်းဆုံး တည်ဆောက်ပေးနိုင်မယ့်သူ ဖြစ်ပြီး သွင်းဂိုးကောင်းတွေလည်း သွင်းယူပေပးနိုင်ပါတယ်။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်ပြီး အနာဂတ်ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ပေါ့အင့်ရဲ့ ထောက်ပြမှုက မှန်ကန်ပြီး သရဲနီတွေအတွက် ပွဲအတွင်းမှာ ကိုယ်နှစ်သက် မြတ်နိုးရတဲ့ ကစားသမား နာမည်ကို အော်ဟစ်ပြီး အားရပေးခြင်းတွေ အားနည်းနေတာ ရာသီ အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ တိုက္စစ္သမားေဟာင္းၾကီး ေပါ့အင့္က ျပိဳင္ဘက္ၾကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးနဲ႔ ႏိႈင္းယွဥ္ရင္ ယူႏုိက္တက္မွာ က်ဆင္းေနတဲ့ ဂုဏ္ေတြအတြက္ ေဆာနီဂြက္စ္ကို ေခၚယူဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ယူႏုိက္တက္မွာ ပရိသတ္ေတြက ဟီးရိုးအျဖစ္ ယံုၾကည္ရတဲ့ ကစားသမား နည္းပါးေနတာပါ။ ဖာနန္ဒက္စ္က ပရိသတ္ေတြ အခ်စ္ေတာ္ ျဖစ္လာခဲ့ေပမယ့္ သူ႔လို ေနာက္ထပ္ ကစားသမားမ်ိဳး ထပ္မံ အင္အားျဖည့္ဖို႔ ေပါ့အင့္က ေတာင္းဆိုတာျဖစ္တယ္။ ကြင္းလယ္လူ ေပါ့ဘာဟာ ထိပ္တန္း ကစားသမားျဖစ္ေပမယ့္ ပရိသတ္ေတြၾကားမွာ ဟီးရိုးအျဖစ္ ခ်စ္ခင္ျခင္း မခံရသူျဖစ္ပါတယ္။
ေပါအင့္က ” ယူႏုိက္တက္ ပရိသတ္ေတြ ျမင္လိုတာက အသင္းအတြက္ ဟီးရိုးလို ကစားသမားေတြနဲ႔ စိတ္လႈပ္ရွားစရာေတြ ေပးႏုိင္စြမ္းရွိမယ့္ သူမ်ိဳးျဖစ္ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ယူႏုိက္တက္အတြက္ ဟီးရိုးျဖစ္ေလာက္တဲ့ ကစားသမားေတြ အမ်ားအျပား မရွိထားပါဘူး။
မန္စီးတီးကို ၾကည့္မယ္ဆိုရင္ အဂြယ္ရို၊ ဒီဘရိုင္းနဲ႔ ေဒးဗစ္ေဆးဗားတို႔က ဂႏၱဝင္ေတြအျဖစ္ကို ေတာက္ပေနၾကတာပါ။ လီဗာပူးမွာလည္း ဟီရုိး ကစားသမာေးတြ ရွိၾကပါတယ္။ ယူႏုိက္တက္မွာေတာ့ အဲ့လို ကစားသမားမ်ိဳးေတြ နည္းပါးေနတာျဖစ္တယ္။
ျပီးခဲ့တဲ့ ၂ ရာသီ ၃ ရာသိအတြင္းမွာ ေဆာနီဂြက္စ္ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ျဖင္ျပီး သိပ္ၾကိဳက္မိပါတယ္။ သူက အသင္း ကစားကြက္ကို အေကာင္းဆံုး တည္ေဆာက္ေပးႏုိင္မယ့္သူ ျဖစ္ျပီး သြင္းဂိုးေကာင္းေတြလည္း သြင္းယူေပပးႏုိင္ပါတယ္။ သူက ငယ္ရြယ္ေသးတဲ့ ကစားသမားျဖစ္ျပီး အနာဂတ္ေကာင္းေတြကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။
ေပါ့အင့္ရဲ႕ ေထာက္ျပမႈက မွန္ကန္ျပီး သရဲနီေတြအတြက္ ပြဲအတြင္းမွာ ကိုယ္ႏွစ္သက္ ျမတ္ႏုိးရတဲ့ ကစားသမား နာမည္ကို ေအာ္ဟစ္ျပီး အားရေပးျခင္းေတြ အားနည္းေနတာ ရာသီ အနည္းငယ္ ၾကာျမင့္ေနျပီ ျဖစ္ပါတယ္။