ယူနိုက်တက်၊ အာဆင်နယ်နဲ့ ထိပ်သီးအသင်းတွေကို ပြန်တောင်းပန်လိုက်ရတဲ့ ပါတေး အေးဂျင့်
အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးရဲ့ အေးဂျင့် ကုမ္ပဏီက ဆိုရှယ်မီဒီယာမှာ ၎င်းတို့ တင်ခဲ့တဲ့ ပို့စ်မှာ အမည်တပ် ထည့်သွင်းမိတဲ့ ကလပ်တွေ အပေါ် ပြန်လည်တောင်းပန်မှု ပြုလုပ်သွားခဲ့ပါတယ်။
သောမတ်စ် ပါတေးကို ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ အာဆင်နယ် အပြင် ဥရောပတခွင်မှာ ထိပ်သီးကလပ်အသင်းများက စောင့်ကြည့် ချတ်ဆက်နေကြပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း နွေမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေတာကြောင့် ဘယ်အသင်းကို ပါတေး ရွေးချယ်ချင်သလဲလို့ ၎င်းရဲ့ အေးဂျင့်က ဆိုခဲ့တာပါ။
ပါတေးကို ကိုယ်စားပြုထားတဲ့ JJ Sports Management ကုမ္ပဏီက အင်စတာဂရမ် မှာ ပါတေး ပုံနဲ့ အတူ ယူနိုက်တက်၊ အာဆင်နယ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ အသင်းတို့ရဲ့ လိုဂိုများ ထည့်သွင်းပြီး ဘယ်အသင်းကို ရွေးချယ်မလဲလို့ မေးခွန်းထုတ်တဲ့ ပို့စ် တစ်ခု တင်ခဲ့ပါတယ်။
ထိုပို့စ်ကို တင်ပြီး မကြာခင်ပဲ ပြန်ဖျက်သွားခဲ့ပြီး အေးဂျင့် ကုမ္ပဏီက တောင်းပန်စာ ပြန်လည် ထုတ်ပြန်ခဲ့တာပါ။
၎င်းရဲ့ တောင်းပန်စာမှာ ထိုပို့စ်က ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုခြင်း မရှိဘဲ တင်ခဲ့တာ ဖြစ်ကြောင်းနဲ့ မှားယွင်းတဲ့ အပြုအမူအတွက် တောင်းပန်လိုကြောင်း၊ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တဲ့ အမှားတော့ မဟုတ်ကြောင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
သောမတ်စ် ပါတေးက အာဆင်နယ်ရဲ့ ဒီနွေ ဦးစားပေးပစ်မှတ် တစ်ဦး ဖြစ်ပေမယ့် အသင်း ဘဏ္ဍာရေး အခက်အခဲကြောင့် အရ ခေါ်ယူနိုင်ဖို့တော့ ခက်ခဲပါတယ်။ ပါတေးရဲ့ လက်ရှိ စာချုပ်ပါ ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်း ဖြစ်ပြီး ပြောင်းရွှေ့ကြေး အတွက် အက်သလက်တီကို မက်ဒရစ် အသင်း လက်ခံနိုင်အောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
ကစားသမား ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်ပြီး စိတ်ဝင်စားဖွယ် လိဂ် တစ်ခု ဖြစ်တာကြောင့် တစ်နေ့မှာ သွား ကစားချင်ကြောင်း ပြီးခဲ့တဲ့ နွေက ထုတ်ဖော် ပြောဆိုထားပါတယ်။
Zawgyi – အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ကစားသမား ေသာမတ္စ္ ပါေတးရဲ႕ ေအးဂ်င့္ ကုမၸဏီက ဆိုရွယ္မီဒီယာမွာ ၄င္းတို႔ တင္ခဲ့တဲ့ ပို႔စ္မွာ အမည္တပ္ ထည့္သြင္းမိတဲ့ ကလပ္ေတြ အေပၚ ျပန္လည္ေတာင္းပန္မႈ ျပဳလုပ္သြားခဲ့ပါတယ္။
ေသာမတ္စ္ ပါေတးကို ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ အာဆင္နယ္ အျပင္ ဥေရာပတခြင္မွာ ထိပ္သီးကလပ္အသင္းမ်ားက ေစာင့္ၾကည့္ ခ်တ္ဆက္ေနၾကပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း ေႏြမွာ အသင္းေျပာင္းဖို႔ ျပင္ဆင္ေနတာေၾကာင့္ ဘယ္အသင္းကို ပါေတး ေရြးခ်ယ္ခ်င္သလဲလို႔ ၄င္းရဲ႕ ေအးဂ်င့္က ဆိုခဲ့တာပါ။
ပါေတးကို ကိုယ္စားျပဳထားတဲ့ JJ Sports Management ကုမၸဏီက အင္စတာဂရမ္ မွာ ပါေတး ပံုနဲ႕ အတူ ယူနုိက္တက္၊ အာဆင္နယ္၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ အသင္းတို႔ရဲ႕ လိုဂိုမ်ား ထည့္သြင္းျပီး ဘယ္အသင္းကို ေရြးခ်ယ္မလဲလို႔ ေမးခြန္းထုတ္တဲ့ ပို႔စ္ တစ္ခု တင္ခဲ့ပါတယ္။
ထိုပို႔စ္ကို တင္ျပီး မၾကာခင္ပဲ ျပန္ဖ်က္သြားခဲ့ျပီး ေအးဂ်င့္ ကုမၸဏီက ေတာင္းပန္စာ ျပန္လည္ ထုတ္ျပန္ခဲ့တာပါ။
၄င္းရဲ႕ ေတာင္းပန္စာမွာ ထိုပို႔စ္က ကုမၸဏီရဲ႕ စီမံခန္႔ခြဲမႈ အဖြဲ႕က ခြင့္ျပဳျခင္း မရွိဘဲ တင္ခဲ့တာ ျဖစ္ေၾကာင္းနဲ႕ မွားယြင္းတဲ့ အျပဳအမူအတြက္ ေတာင္းပန္လိုေၾကာင္း၊ တမင္ရည္ရြယ္ျပီး လုပ္ခဲ့တဲ့ အမွားေတာ့ မဟုတ္ေၾကာင္း ေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။
ေသာမတ္စ္ ပါေတးက အာဆင္နယ္ရဲ႕ ဒီေႏြ ဦးစားေပးပစ္မွတ္ တစ္ဦး ျဖစ္ေပမယ့္ အသင္း ဘ႑ာေရး အခက္အခဲေၾကာင့္ အရ ေခၚယူနိုင္ဖို႔ေတာ့ ခက္ခဲပါတယ္။ ပါေတးရဲ႕ လက္ရွိ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကးက ေပါင္ ၄၃ သန္း ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး အတြက္ အက္သလက္တီကို မက္ဒရစ္ အသင္း လက္ခံနုိင္ေအာင္ ညွိနိႈင္းရမွာ ျဖစ္ပါတယ္။
ကစားသမား ကိုယ္တိုင္ကေတာ့ ပရီးမီးယားလိဂ္က ျပိဳင္ဆိုင္မႈ ျပင္းထန္ျပီး စိတ္၀င္စားဖြယ္ လိဂ္ တစ္ခု ျဖစ္တာေၾကာင့္ တစ္ေန႔မွာ သြား ကစားခ်င္ေၾကာင္း ျပီးခဲ့တဲ့ ေႏြက ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။