မှန်ကန်တဲ့ ခေါ်ယူမှုတွေ လုပ်ခဲ့တဲ့ ဆိုးရှားကို ယူနိုက်တက် နည်းပြဟောင်းကြီး ချီးကျူး

ယူနိုက်တက်ရဲ့ လက်ရှိ နည်းပြ ဆိုးရှားဟာ အသင်း အတွက် လိုအပ်နေတဲ့ နေရာတွေကို မှန်ကန်တဲ့ ကစားသမားတွေ ခေါ်ယူ ဖြည့်ဆည်းပေးခဲ့တာ အတွက် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ရွန် အက်ကင်ဆန်က ချီးကျူးလိုက်ပါတ်ယ။ အက်ကင်ဆန်က ယူနိုကတက်မှာ ၁၉၈၁ ကနေ ၁၉၈၆ အထိ နည်းပြခဲ့သူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးပိုင်းမှာ စိန်ခေါ်မှုတွေ ပြန်လုပ်နိုင်ဖို့ ဆိုးရှား ခေါ်ယူခဲ့တဲ့ ဝမ်ဘစ်ဆာကာ၊ မက်ဂွဲရားနဲ့ ဘရူနို ဖာနန်ဒက်စ်တို့က တကယ်ကို မှန်ကန်တဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့ကြောင်း အက်ကင်ဆန်က ထောက်ခံခဲ့ပါတယ်။

” ဆိုးရှား လုပ်ခဲ့တာတွေက တကယ် ကောင်းမွန်တယ်လို့ ကျနော် ထင်တယ်။ ဝမ်ဘစ်ဆာကာက တကယ့် ကစားသမားကောင်းပါ။ မက်ဂွဲရားလဲ အဲဒီလိုပါပဲ။ ငွေကြေး အရ ကြည့်ရင် သူတို့ နှစ်ယောက် အတွက် ပေးခဲ့ရတဲ့တန်ကြေးက များတယ် ထင်ကြပါမယ် ဒါပေမယ့် ဒါက လက်ရှိ ရင်ဆိုင်နေရတဲ့ ဈေးကွက်ပါ။

ဘရူနို ဖာနန်ဒက်စ်ကတော့ အသင်းကို လုံး၀ ပြောင်းလဲသွားအောင် ထူးခြားမှုတွေ ယူဆောင်ပေးမယ့် ကစားသမား တစ်ဦးလို့ ကျနော် ထင်တယ်။ ” လို့ အက်ကင်ဆန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဆိုးရှားဟာ သူ တာဝန်ယူစမှာတည်းက ယိုယွင်းနေတဲ့ ခံစစ်ကို ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ နွေက မက်ဂွဲရား ကို ပေါင် သန်း ၈၀၊ ဝမ်ဘစ်ဆာကာ ကို ပေါင် ၄၅ သန်း သုံးကာ ဝယ်ယူခဲ့ပါတယ်။ မက်ဂွဲရား ဦးဆောင်လာတဲ့ ယူနိုက်တက် ခံစစ်က သိသိသာသာ ပြောင်းလဲ လာခဲ့ပြီး တိုးတက်လာခဲ့ကာ အင်္ဂလန်သား ခံစစ်မှူးက ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်လာသည် အထိ အားထားလာရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကတော့ ပေါ့ဘာနဲ့ တော်မီနေး မကစားနိုင်တဲ့ ကွင်းလယ်ကို အင်အားဖြည့်ဖို့ စပို့တင်းလစ္စဘွန်းထံမှာ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကို အရ ခေါ်ယူခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ အချိန်တို အတွင်းမှာပဲ ယူနိုက်တက်မှာ အထိုင်ကျ ခြေစွမ်းပြလာပြီး အသင်းလိုက် ကစားပုံပါ တက်လာသည်ထိ သက်ရောက်မှုကြီး ရှိနေပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ လက္ရွိ နည္းျပ ဆိုးရွားဟာ အသင္း အတြက္ လိုအပ္ေနတဲ့ ေနရာေတြကို မွန္ကန္တဲ့ ကစားသမားေတြ ေခၚယူ ျဖည့္ဆည္းေပးခဲ့တာ အတြက္ မန္ခ်က္စတာယူနုိက္တက္ နည္းျပေဟာင္း တစ္ဦး ျဖစ္တဲ့ ရြန္ အက္ကင္ဆန္က ခ်ီးက်ဴးလိုက္ပါတ္ယ။ အက္ကင္ဆန္က ယူနို္ကတက္မွာ ၁၉၈၁ ကေန ၁၉၈၆ အထိ နည္းျပခဲ့သူ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ထိပ္သီးပိုင္းမွာ စိန္ေခၚမႈေတြ ျပန္လုပ္နုိုင္ဖို႔ ဆိုးရွား ေခၚယူခဲ့တဲ့ ၀မ္ဘစ္ဆာကာ၊ မက္ဂြဲရားနဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔က တကယ္ကို မွန္ကန္တဲ့ ေခၚယူမႈေတြ ျဖစ္ခဲ့ေၾကာင္း အက္ကင္ဆန္က ေထာက္ခံခဲ့ပါတယ္။

” ဆိုးရွား လုပ္ခဲ့တာေတြက တကယ္ ေကာင္းမြန္တယ္လို႔ က်ေနာ္ ထင္တယ္။ ၀မ္ဘစ္ဆာကာက တကယ့္ ကစားသမားေကာင္းပါ။ မက္ဂြဲရားလဲ အဲဒီလိုပါပဲ။ ေငြေၾကး အရ ၾကည့္ရင္ သူတို႔ နွစ္ေယာက္ အတြက္ ေပးခဲ့ရတဲ့တန္ေၾကးက မ်ားတယ္ ထင္ၾကပါမယ္ ဒါေပမယ့္ ဒါက လက္ရွိ ရင္ဆိုင္ေနရတဲ့ ေစ်းကြက္ပါ။

ဘရူနို ဖာနန္ဒက္္စ္ကေတာ့ အသင္းကို လံုး၀ ေျပာင္းလဲသြားေအာင္ ထူးျခားမႈေတြ ယူေဆာင္ေပးမယ့္ ကစားသမား တစ္ဦးလို႔ က်ေနာ္ ထင္တယ္။ ” လို႔ အက္ကင္ဆန္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားဟာ သူ တာ၀န္ယူစမွာတည္းက ယိုယြင္းေနတဲ့ ခံစစ္ကို ျပင္ဆင္ဖို႔ ျပီးခဲ့တဲ့ ေႏြက မက္ဂြဲရား ကို ေပါင္ သန္း ၈၀၊ ၀မ္ဘစ္ဆာကာ ကို ေပါင္ ၄၅ သန္း သံုးကာ ၀ယ္ယူခဲ့ပါတယ္။ မက္ဂြဲရား ဦးေဆာင္လာတဲ့ ယူနိုက္တက္ ခံစစ္က သိသိသာသာ ေျပာင္းလဲ လာခဲ့ျပီး တိုးတက္လာခဲ့ကာ အဂၤလန္သား ခံစစ္မွဴးက ယူနိုက္တက္ အသင္းေခါင္းေဆာင္ ျဖစ္လာသည္ အထိ အားထားလာရပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီကေတာ့ ေပါ့ဘာနဲ႕ ေတာ္မီေနး မကစားနုိင္တဲ့ ကြင္းလယ္ကို အင္အားျဖည့္ဖို႔ စပို႔တင္းလစၥဘြန္းထံမွာ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကို အရ ေခၚယူခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ အခ်ိန္တို အတြင္းမွာပဲ ယူနိုက္တက္မွာ အထိုင္က် ေျခစြမ္းျပလာျပီး အသင္းလိုက္ ကစားပံုပါ တက္လာသည္ထိ သက္ေရာက္မႈၾကီး ရွိေနပါတယ္။