ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ကြား ဆုံးဖြတ်ချက် ချပြီး ဖြစ်တဲ့ ယူနိုက်တက်နည်းပြ ဆိုးရှား

မန်ချက်စတာယူနိုက်တက် ကနေ ရှက်ဖီးထံ အငှားထွက် ကစားနေတဲ့ လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ တချိန်မှာ ဒေးဗစ် ဒီဂီယာ ဆက်ခံပြီး ယူနိုက်တက်ရဲ့ နံပတ် ၁ ဂိုးသမား အဖြစ် လျာထားခြင်း ခံရသူပါ။ ဟန်ဒါဆန် ကိုယ်တိုင်ကတော့ နောက်ရာသီ အသင်းထံ ပြန်လာရင် ဦးစားပေး ဂိုးသမား နေရာ အလိုရှိနေပြီ ဖြစ်ပါတယ်။

ထိုသို့ ယုံကြည်မှု အပြည့် ရှိနေလောက်အောင်ပဲ ဒင်း ဟန်ဒါဆန် ကိုယ်တိုင်က ရှက်ဖီးယူနိုက်တက်နဲ့ အတူ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာရော လက်ရှိရာသီ ပရီးမီးယားလိဂ်မှာပါ လက်စွမ်း ထူးချွန်စွာ ပြသထားခဲ့ပါတယ်။ ကိုရိုနာကြောင့် ဘောလုံးပွဲများ မရပ်နားခင်က ဒင်းရဲ့ ပေးဂိုး မရှိ မှတ်တမ်းက လိဂ်မှာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားပြီးချိန်မှာ ကလင်းရှိ ၁၀ ပွဲ ယူထားတဲ့ ဒင်း ဟန်ဒါဆန်ထက် ပိုကောင်းတဲ့ မှတ်တမ်းယူထားတာက ဘန်လေ ဂိုးသမား နစ်ပုတ်သာ ရှိပြီး ဟန်ဒါဆန်ရဲ့ မှတ်တမ်းက နာမည်ကျော်တွေ ဖြစ်တဲ့ လီဗာပူးမှ အယ်လစ်ဆန်၊ လက်စတာမှ ကပ်စ်ပါ ရှမိုက်ကယ်တို့နဲ့ အတူတူ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဂိုးသမားဟာ ထူးချွန်စွာ လက်စွမ်းပြနေပေမယ့် ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ ၎င်းကို အဆောတလျင် အသင်း နံပါတ် ၁ ဂိုးသမား နေရာ မပေးလိုသေးဘဲ စပိန်သား ဒီဂီယာကိုသာ ဆက်လက် အားထားရန် ဆုံးဖြတ်ထားကြောင်း အင်္ဂလန်သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။

ဟန်ဒါဆန်ကတော့ နောက်တစ်ရာသီလည်း ဆက်လက်ပြီး အငှားထွက် ကစားရဖွယ် ရှိပါတယ်။ ရှက်ဖီးယူနိုက်တက်မှာပဲ ဆက်လက် ကစားဖြစ်ဖို့လည်း အခွင့်အလမ်း များနေပါတယ်။ ဟန်ဒါဆန်ရဲ့ လက်ရှိ စာချုပ်က ယူနိုက်တက်နဲ့ ၂၀၂၂ထိသာ ရှိတာ ဖြစ်လို့ ၎င်းကို သက်တမ်းတိုး စာချုပ် တစ်ရပ်တော့ ဆိုးရှားက ကမ်းလှမ်းသွားဖွယ် ရှိပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ ကေန ရွက္ဖီးထံ အငွားထြက္ ကစားေနတဲ့ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ တခ်ိန္မွာ ေဒးဗစ္ ဒီဂီယာ ဆက္ခံျပီး ယူနိုက္တက္ရဲ႕ နံပတ္ ၁ ဂိုးသမား အျဖစ္ လ်ာထားျခင္း ခံရသူပါ။ ဟန္ဒါဆန္ ကိုယ္တိုင္ကေတာ့ ေနာက္ရာသီ အသင္းထံ ျပန္လာရင္ ဦးစားေပး ဂိုးသမား ေနရာ အလိုရွိေနျပီ ျဖစ္ပါတယ္။

ထိုသို႔ ယံုၾကည္မႈ အျပည့္ ရွိေနေလာက္ေအာင္ပဲ ဒင္း ဟန္ဒါဆန္ ကိုယ္တိုင္က ရွက္ဖီးယူနိုက္တက္နဲ႕ အတူ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံရွစ္မွာေရာ လက္ရွိရာသီ ပရီးမီးယားလိဂ္မွာပါ လက္စြမ္း ထူးခၽြန္စြာ ျပသထားခဲ့ပါတယ္။ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲမ်ား မရပ္နားခင္က ဒင္းရဲ႕ ေပးဂိုး မရွိ မွတ္တမ္းက လိဂ္မွာ ဒုတိယ အမ်ားဆံုး ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ၂၈ ပြဲ ကစားျပီးခ်ိန္မွာ ကလင္းရွိ ၁၀ ပြဲ ယူထားတဲ့ ဒင္း ဟန္ဒါဆန္ထက္ ပိုေကာင္းတဲ့ မွတ္တမ္းယူထားတာက ဘန္ေလ ဂိုးသမား နစ္ပုတ္သာ ရွိျပီး ဟန္ဒါဆန္ရဲ႕ မွတ္တမ္းက နာမည္ေက်ာ္ေတြ ျဖစ္တဲ့ လီဗာပူးမွ အယ္လစ္ဆန္၊ လက္စတာမွ ကပ္စ္ပါ ရွမိုက္ကယ္တို႕နဲ႕ အတူတူ ျဖစ္ပါတယ္။

အသက္ ၂၃ နွစ္ အရြယ္ ဂိုးသမားဟာ ထူးခၽြန္စြာ လက္စြမ္းျပေနေပမယ့္ ယူနိုက္တက္နည္းျပ ဆိုးရွားကေတာ့ ၄င္းကို အေဆာတလ်င္ အသင္း နံပါတ္ ၁ ဂိုးသမား ေနရာ မေပးလိုေသးဘဲ စပိန္သား ဒီဂီယာကိုသာ ဆက္လက္ အားထားရန္ ဆံုးျဖတ္ထားေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ထုတ္လိုက္ပါတယ္။

ဟန္ဒါဆန္ကေတာ့ ေနာက္တစ္ရာသီလည္း ဆက္လက္ျပီး အငွားထြက္ ကစားရဖြယ္ ရွိပါတယ္။ ရွက္ဖီးယူနုိက္တက္မွာပဲ ဆက္လက္ ကစားျဖစ္ဖို႔လည္း အခြင့္အလမ္း မ်ားေနပါတယ္။ ဟန္ဒါဆန္ရဲ႕ လက္ရွိ စာခ်ဳပ္က ယူနိုက္တက္နဲ႕ ၂၀၂၂ထိသာ ရွိတာ ျဖစ္လို႔ ၄င္းကို သက္တမ္းတိုး စာခ်ဳပ္ တစ္ရပ္ေတာ့ ဆိုးရွားက ကမ္းလွမ္းသြားဖြယ္ ရွိပါတယ္။