ဒီနွေမှာ ခေါ်ယူမှာ မဟုတ်ပေမယ့် ယူနိုက်တက် စောင့်ကြည့်သွားမယ့် စီးရီးအေကြယ်ပွင့်

ယူနိုက်တက်ဟာ ဖေဖော်ဝါရီကတည်းက ကင်းထောက်နေတဲ့ စီးရီးအေ လူငယ်ကြယ်ပွင့်လေး Marash Kumbulla ကို နှစ်သက်မှု ရှိခြင်းကြောင့် ဆက်လက်ပြီး ကင်းထောက် စောင့်ကြည့်ဖို့အား စိတ်ပိုင်းဖြတ်ခဲ့ပြီဖြစ်ပါတယ်။

အီတလီသတင်းတွေက ဖော်ပြလာခဲ့ခြင်းဖြစ်ပြီး ယူနိုက်တက်က အဆိုပါ လူငယ်လေးရဲ့ စီးရီးအေမှာ တောက်ပလာမှုကို နှစ်သက်မှု ရှိနေတယ်။ ဒီရာသီ စီနီယာအဆင့်မှာ ၁၈ ပွဲကစားပြီး clean-sheets ၇ ကြိမ် ရခဲ့တဲ့ ခြေစွမ်းကို လာမယ့်ရာသီမှာလည်း ဆက်ထိန်းသိမ်းနိုင်မလားကို အကဲခတ်နေမှာဖြစ်တယ်။

သူကို ခေါ်ယူဖို့ ဥရောပကလပ် အများအပြားကလည်း စောင့်ကြည့်နေဆဲဖြစ်ပြီး လာမယ့်ရာသီမှာလည်း ယူရို ၂၅ သန်း ဝန်းကျင်နဲ့တင် ခေါ်ယူခွင့် ရနေဦးမှာ ဖြစ်ပါတယ်။ ဒါကလည်း ဗီရိုနာအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျဆင်းမှုကြောင့် အခုလို ဈေးသက်သက်သာသာနဲ့ ရဖို့ ရှိနေတာပါ။

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ကို အသုံးစရိတ် အလုံးအရင်းနဲ့ ဝင်ရောက်လာမှာ ဖြစ်ပေမယ့် တစ်ကြိမ်ထဲမှာ ကစားသမားသုံးဦးထက် ပိုပြီး ခေါ်ယူခြင်း လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အိုထရတ်ဖိုဒ့်ကို ဝင်ရောက်လာမယ့် ကစားသမားသစ်တွေထဲမှာ ခံစစ်မှူးသစ် ပါဝင်လာဖို့ မရှိပါဘူး။

ယူနိုက်တက်ဟာ မက်ဂွဲရားကို ခေါ်ယူထားခဲ့ရာမှာ ခံစစ်ပိုင်း တည်ငြိမ်မှုတွေ ရှိလာခဲ့ပြီး အခြေခံကောင်းတွေ တည်ဆောက်လာနိုင်ပါပြီ။ တွဲဘက်တွေအဖြစ် လင်ဒီအော့နဲ့ ဘိုင်လီတို့ကို အခွင့်အရေး ပေးမှာဖြစ်ကာ လာမယ့် နွေဈေးကွက်ကနေ ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ် ထည့်သွင်းဖို့က မဖြစ်နိုင်သလောက် အနေအထားဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ေဖေဖာ္ဝါရီကတည္းက ကင္းေထာက္ေနတဲ့ စီးရီးေအ လူငယ္ၾကယ္ပြင့္ေလး Marash Kumbulla ကို ႏွစ္သက္မႈ ရွိျခင္းေၾကာင့္ ဆက္လက္ျပီး ကင္းေထာက္ ေစာင့္ၾကည့္ဖို႔အား စိတ္ပိုင္းျဖတ္ခဲ့ျပီျဖစ္ပါတယ္။

အီတလီသတင္းေတြက ေဖာ္ျပလာခဲ့ျခင္းျဖစ္ျပီး ယူႏိုက္တက္က အဆိုပါ လူငယ္ေလးရဲ႕ စီးရီးေအမွာ ေတာက္ပလာမႈကို ႏွစ္သက္မႈ ရွိေနတယ္။ ဒီရာသီ စီနီယာအဆင့္မွာ ၁၈ ပြဲကစားျပီး clean-sheets ၇ ၾကိမ္ ရခဲ့တဲ့ ေျခစြမ္းကို လာမယ့္ရာသီမွာလည္း ဆက္ထိန္းသိမ္းႏုိင္မလားကို အကဲခတ္ေနမွာျဖစ္တယ္။

သူကို ေခၚယူဖို႔ ဥေရာပကလပ္ အမ်ားအျပားကလည္း ေစာင့္ၾကည့္ေနဆဲျဖစ္ျပီး လာမယ့္ရာသီမွာလည္း ယူရို ၂၅ သန္း ဝန္းက်င္န႔ဲတင္ ေခၚယူခြင့္ ရေနဦးမွာ ျဖစ္ပါတယ္။ ဒါကလည္း ဗီရိုနာအသင္းရဲ႕ ဘ႑ာေရးဆိုင္ရာ က်ဆင္းမႈေၾကာင့္ အခုလို ေစ်းသက္သက္သာသာနဲ႔ ရဖို႔ ရွိေနတာပါ။

ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔ကို အသံုးစရိတ္ အလံုးအရင္းနဲ႔ ဝင္ေရာက္လာမွာ ျဖစ္ေပမယ့္ တစ္ၾကိမ္ထဲမွာ ကစားသမားသံုးဦးထက္ ပိုျပီး ေခၚယူျခင္း လုပ္မွာ မဟုတ္ဘူး။ ဒါ့အျပင္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ အိုထရတ္ဖိုဒ့္ကို ဝင္ေရာက္လာမယ့္ ကစားသမားသစ္ေတြထဲမွာ ခံစစ္မွဴးသစ္ ပါဝင္လာဖို႔ မရွိပါဘူး။

ယူႏုိက္တက္ဟာ မက္ဂြဲရားကို ေခၚယူထားခဲ့ရာမွာ ခံစစ္ပိုင္း တည္ျငိမ္မႈေတြ ရွိလာခဲ့ျပီး အေျခခံေကာင္းေတြ တည္ေဆာက္လာႏုိင္ပါျပီ။ တြဲဘက္ေတြအျဖစ္ လင္ဒီေအာ့နဲ႔ ဘိုင္လီတို႔ကို အခြင့္အေရး ေပးမွာျဖစ္ကာ လာမယ့္ ေႏြေစ်းကြက္ကေန ဗဟိုခံစစ္ေနရာအတြက္ ကစားသမားသစ္ ထည့္သြင္းဖို႔က မျဖစ္ႏုိင္သေလာက္ အေနအထားျဖစ္ပါတယ္။