လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် အထိနာကြမယ့် ယူနိုက်တက်အသင်းသားများ
ဒီရာသီကို အပြီးမသတ်နိုင်ရင် ယူနိုက်တက် ကစားသမားတွေဟာ လုပ်ခလစာပိုင်းမှာ ကြီးကြီးမားမား ထိခိုက်မှာဖြစ်လို့ နည်းဥပဒေဆိုင်ရာ အကြံဉာဏ်တွေ ရယူနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်မရရင် ယူနိုက်တက် အသင်းသားတွေရဲ့ လုပ်ခ ၂၅% ထိ ဖြတ်တောက်ခံရမှာဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် ရမယ့် တစ်ဦးလျင် ပေါင် ၅ သိန်းကိုလည်း ဆုံးရံှူးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲရဲ့ ၇၀% ပြည့်မှီအောင် မကစားရဘူးဆိုရင် ဆုကြေးပိုင်းမှာ အပြည့်ရဖို့ အာမခံချက် မရှိတာဖြစ်တယ်။
ပရီးမီးယားလိဂ်ကို ရပ်တန့်မှာ မဟုတ်ပဲ ဆက်ကစားဖို့ကို ဆွေးနွေးနေကြပြီဖြစ်ပြီး ဇွန်လထဲမှာ ကွင်းပိတ်ပွဲနဲ့ ပြန်ကစားဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆက်မကစားခဲ့ရင် ဆိုတဲ့ အနေအထားအတွက် ယူအီးအက်ဖ်အေက ဆုံးဖြတ်မှုတစ်ခုကို လုပ်ဆောင်ပေးထားပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ လက်ရှိ ဘောလုံးရာသီကို ဆက်မကစားပဲ ရောက်တဲ့နေရာမှာပဲ ရပ်တန့်မယ်ဆိုရင် လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်သွားမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ လီဗာပူး၊ မန်စီးတီး၊ လက်စတာ၊ ချယ်ဆီးတို့က ရရှိမှာပါ။ ယူနိုက်တက်၊ ဝုဗ်၊ ရှက်ဖီးတို့က ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်တယ်။
ဒါပေမယ့် မန်စီးတီးက ဥရောပပြိုင်ပွဲမှာ နှစ်ရာသီ ပွဲပယ်ခံထားရခြင်းကြောင့် အားကစားခုံရုံးကို အယူခံဝင်ထားပါတယ်။ ကိုဗစ်ကာလမှာ မန်စီးတီးရဲ့ အယူခံဝင်မှုကို အမိန့်ချခြင်းမလုပ်ပဲ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာမှာ မန်စီးတီးအစား ယူနိုက်တက် ပါဝင်သွားမယ်ဆိုရင် ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာစာကို အာဆင်နယ်က ရမှာဖြစ်ပါတယ်။
ZAWGYI
ဒီရာသီကို အျပီးမသတ္ႏုိင္ရင္ ယူႏုိက္တက္ ကစားသမားေတြဟာ လုပ္ခလစာပိုင္းမွာ ၾကီးၾကီးမားမား ထိခိုက္မွာျဖစ္လုိ႔ နည္းဥပေဒဆိုင္ရာ အၾကံဥာဏ္ေတြ ရယူေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။
ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္ ယူႏုိက္တက္ အသင္းသားေတြရဲ႕ လုပ္ခ ၂၅% ထိ ျဖတ္ေတာက္ခံရမွာျဖစ္ျပီး စြမ္းေဆာင္ရည္အလိုက္ ရမယ့္ တစ္ဦးလ်င္ ေပါင္ ၅ သိန္းကိုလည္း ဆံုးရံွဴးမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ပြဲရဲ႕ ၇၀% ျပည့္မွီေအာင္ မကစားရဘူးဆိုရင္ ဆုေၾကးပိုင္းမွာ အျပည့္ရဖို႔ အာမခံခ်က္ မရွိတာျဖစ္တယ္။
ပရီးမီးယားလိဂ္ကို ရပ္တန္႔မွာ မဟုတ္ပဲ ဆက္ကစားဖို႔ကို ေဆြးေႏြးေနၾကျပီျဖစ္ျပီး ဇြန္လထဲမွာ ကြင္းပိတ္ပြဲနဲ႔ ျပန္ကစားဖို႔ လုပ္ေဆာင္ေနၾကျပီျဖစ္ပါတယ္။ ဒါေပမယ့္ ဆက္မကစားခဲ့ရင္ ဆိုတဲ့ အေနအထားအတြက္ ယူအီးအက္ဖ္ေအက ဆံုးျဖတ္မႈတစ္ခုကို လုပ္ေဆာင္ေပးထားျပီလည္း ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ဟာ လက္ရွိ ေဘာလံုးရာသီကို ဆက္မကစားပဲ ေရာက္တဲ့ေနရာမွာပဲ ရပ္တန္႔မယ္ဆိုရင္ လီဗာပူးအသင္းဟာ ခ်န္ပီယံျဖစ္သြားမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုေတာ့ လီဗာပူး၊ မန္စီးတီး၊ လက္စတာ၊ ခ်ယ္ဆီးတို႔က ရရွိမွာပါ။ ယူႏုိက္တက္၊ ဝုဗ္၊ ရွက္ဖီးတို႔က ယူရိုပါလိဂ္ဝင္ခြင့္ရမွာျဖစ္တယ္။
ဒါေပမယ့္ မန္စီးတီးက ဥေရာပျပိဳင္ပြဲမွာ ႏွစ္ရာသီ ပြဲပယ္ခံထားရျခင္းေၾကာင့္ အားကစားခံုရံုးကို အယူခံဝင္ထားပါတယ္။ ကိုဗစ္ကာလမွာ မန္စီးတီးရဲ႕ အယူခံဝင္မႈကို အမိန္႔ခ်ျခင္းမလုပ္ပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာမွာ မန္စီးတီးအစား ယူႏုိက္တက္ ပါဝင္သြားမယ္ဆိုရင္ ယူႏုိက္တက္ရဲ႕ ယူရိုပါလိဂ္ဝင္ခြင့္ တစ္ေနရာစာကို အာဆင္နယ္က ရမွာျဖစ္ပါတယ္။