ယူနိုက်တက်က မန်စီးတီးထက်တောင် ပိုအထင်ကြီးဖို့ ကောင်းနေတယ်လို့ ပေါလ်မာဆန် သုံးသပ်

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က လိဂ်ရဲ့ အတိုးတက်ဆုံး အသင်းက ယူနိုက်တက်ဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်စတင်တဲ့အခါ မန်ချက်စတာအသင်းရဲ့ ကစားပုံကို ကြည့်ရဖို့ မစောင့်နိုင်အောင်ပါပဲလို့ ထုတ်ပြောလိုက်ပါတယ်။

ပေါလ်မာဆန်က ပြောရာမှာ ” ပရီးမီးယားလိဂ်ပွဲတွေ ပြန်ကစားတဲ့အခါမှာ ကျနော် စောင့်ကြည့်သွားဖို့ စိတ်ဝင်စားနေရတဲ့ အသင်းက ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ သူတို့က ဘောလုံးပွဲတွေ မရပ်နားခင်တုန်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲပေါင်း ၁၁ ပွဲမှာဆိုရင် ၈ ပွဲထိတောင် အနိုင်ရထားတာပါ။ ပွဲတွေမှာလည်း ဂိုးတွေ အများကြီး ရယူထားနိုင်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီနောက်ပိုင်းမှာ ရံှူးပွဲလည်း လုံးဝ ကြုံတွေ့ထားရခြင်း မရှိပါဘူး။ သူတို့အသင်းက ဘောလုံးပွဲတွေ မနားခင်တုန်းက လိဂ်ရဲ့ အကောင်းဆုံးအသင်းတောင် ဟုတ်ပါတယ်။ ဘောလုံးပွဲတွေ ပြန်စတင်ပြီး ကစားလာတဲ့အခါမှာ ဒီလို ခြေစွမ်းကောင်းတွေကို သူတို့ ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားနေရတယ်။

ဆိုးရှားက ထိပ်တန်းအဆင့်တွေကို ပြန်ရောက်နိုင်မယ့် လူစာရင်းမျိုးကို မန်ချက်စတာမှာ စတင်ပြီး စုဆောင်းထားနိုင်နေပါပြီ။ သူတို့က ငယ်ရွယ်သေးပြီး တိုးတက်လာနေတဲ့ အသင်းဖြစ်တယ်။ ဒီလို တိုးတက်မှုတွေက အာဆင်နယ်မှာ မရှိသလို မန်စီးတီးကတောင် ယူနိုက်တက်လို တိုးတက်မလာပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပေမယ့် အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၃ မှတ်ပဲ ကွာဟနေတာပါ။ စွမ်းဆောင်ရည်ကောင်းတွေကို ထိန်းသိမ်းနိုင်မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ဖို့က ခက်ခဲမှာ မဟုတ်ပါဘူး။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီး ေပါလ္မာဆန္က လိဂ္ရဲ႕ အတိုးတက္ဆံုး အသင္းက ယူနုိက္တက္ျဖစ္ျပီး ေဘာလံုးပြဲေတြ ျပန္စတင္တဲ့အခါ မန္ခ်က္စတာအသင္းရဲ႕ ကစားပံုကို ၾကည့္ရဖို႔ မေစာင့္နုိင္ေအာင္ပါပဲလို႔ ထုတ္ေျပာလိုက္ပါတယ္။

ေပါလ္မာဆန္က ေျပာရာမွာ ” ပရီးမီးယားလိဂ္ပြဲေတြ ျပန္ကစားတဲ့အခါမွာ က်ေနာ္ ေစာင့္ၾကည့္သြားဖို႔ စိတ္ဝင္စားေနရတဲ့ အသင္းက ယူႏုိက္တက္ပဲ ျဖစ္ပါတယ္။ သူတို႔က ေဘာလံုးပြဲေတြ မရပ္နားခင္တုန္းက ေနာက္ဆံုးကစားခဲ့တဲ့ ပြဲေပါင္း ၁၁ ပြဲမွာဆိုရင္ ၈ ပြဲထိေတာင္ အႏုိင္ရထားတာပါ။ ပြဲေတြမွာလည္း ဂိုးေတြ အမ်ားၾကီး ရယူထားႏုိင္ပါတယ္။

ယူႏုိက္တက္ဟာ ဇန္နဝါရီေနာက္ပိုင္းမွာ ရံွဴးပြဲလည္း လံုးဝ ၾကံဳေတြ႔ထားရျခင္း မရွိပါဘူး။ သူတို႔အသင္းက ေဘာလံုးပြဲေတြ မနားခင္တုန္းက လိဂ္ရဲ႕ အေကာင္းဆံုးအသင္းေတာင္ ဟုတ္ပါတယ္။ ေဘာလံုးပြဲေတြ ျပန္စတင္ျပီး ကစားလာတဲ့အခါမွာ ဒီလို ေျခစြမ္းေကာင္းေတြကို သူတို႔ ထိန္းသိမ္းနုိင္မလားဆိုတာ စိတ္ဝင္စားေနရတယ္။

ဆိုးရွားက ထိပ္တန္းအဆင့္ေတြကို ျပန္ေရာက္ႏုိင္မယ့္ လူစာရင္းမ်ိဳးကို မန္ခ်က္စတာမွာ စတင္ျပီး စုေဆာင္းထားႏုိင္ေနပါျပီ။ သူတို႔က ငယ္ရြယ္ေသးျပီး တိုးတက္လာေနတဲ့ အသင္းျဖစ္တယ္။ ဒီလို တိုးတက္မႈေတြက အာဆင္နယ္မွာ မရွိသလို မန္စီးတီးကေတာင္ ယူႏုိက္တက္လို တိုးတက္မလာပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ရွိေနေပမယ့္ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၃ မွတ္ပဲ ကြာဟေနတာပါ။ စြမ္းေဆာင္ရည္ေကာင္းေတြကို ထိန္းသိမ္းႏုိင္မယ္ဆိုရင္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို ေရာက္ဖို႔က ခက္ခဲမွာ မဟုတ္ပါဘူး။