ဂါရတ်ဘေးလ်နဲ့ နှိုင်းယှဉ်နေကြတဲ့ အပေါ် တုန့်ပြန်လိုက်တဲ့ ဒန်နီရယ်ဂျိမ်းစ်

အသက် ၂၂ နှစ် အရွယ် ယူနိုက်တက် တောင်ပံတိုက်စစ်သမားလေး ဒန်နီရယ် ဂျိမ်းစ်ကို ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်ဘေးလ်နဲ့ နှိုင်းယှဉ်ချီးကျူးနေကြပြီး ဘေးလ် လက်သစ်လို့ အမည်တပ်နေကြတဲ့အပေါ် ဂျိမ်းစ်က တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

ဂျိမ်းစ်က သူ့ကို ဘေးလ် လက်သစ်လို့ ခေါ်နေကြတာက ရူးမိုက်ရာ ကျတယ်လို့ ဆိုလိုက်ပြီး ဘေးလ် နဲ့ ဝေးစ် လက်ရွေးစင် အသင်းမှာ အတူ ပါဝင်ခွင့် ရတာ အတွက်တောင် ကျေနပ်သဘောကျနေရကြောင်း ဖွင့်ဟလာခဲ့တာပါ။

ဂျိမ်းစ်ဟာ ဒီရာသီမှ ဆွမ်ဆီးကနေ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မန်ချက်စတာကလပ် အတွက် လိဂ်ပွဲ ၂၇ ပွဲ ပါဝင် ကစားထားခဲ့ပါတယ်။ ကလပ်အသင်းသစ်မှာ ခြေစွမ်းပြနိုင်တဲ့ အပြင် နိုင်ငံအသင်းမှာပါ နေရာ ရလာတဲ့ ဂျိမ်းစ်ကို ဘေးလ် လက်သစ်လို့ အမွှမ်းတင်မှုတွေ ရှိနေခဲ့ပါတယ်။ ဂျိမ်းစ်က ဝေးစ်လက်ရွေးစင် အသင်းမှာ ၆ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

” ဝေးစ် အသင်း အတွက် သူ (ဘေးလ်)နဲ့ အတူ ပါဝင်ကစားခွင့်ရတာက တကယ့်ကို အံ့ဖွယ်ပါ။ သူက တကယ့် လူကောင်းတစ်ယောက်ပါ၊ လူငယ်တွေနဲ့ရော သူ့နား ဝန်းကျင်းက သူတွေ အတွက်ပါ တကယ့် လူကောင်းတစ်ဦး ဖြစ်ပါတယ်။

သူ့ ကစားသမားဘဝမှာ ဖြတ်သန်းခဲ့တာတွေ၊ ဘယ်စွန် ခံစစ် ကနေ ဘယ်ခြမ်း ကွင်းလယ်၊ တောင်ပံ ရောက်ခဲ့တာတွေ၊ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တာတွေ စတာတွေက တကယ့်ကို အံ့သြလောက်ဖွယ်တွေပါ။ သူက ကျနော်တို့ မျှော်ကြည့်ရတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ကျနော့်ကို သူနဲ့ သွား နှိုင်းယှဉ်တာက ရူးမိုက်ရာ ကျပါတယ်။ ” လို့ ဂျိမ်းစ်က ဆိုပါတယ်။

” ကျနော် ဘေးလ်နဲ့ စ ဆုံတော့ အဝတ်လဲခန်းထဲမှာပါ။ သူက ကျနော့်ဆီ လျှောက်လာပြီး ဘေးမှာ ဝင်ထိုင်တယ်။ သူက ‘ အခု မင်းက ပြောင်းရွှေ့မှု အကြီးစား လုပ်လိုက်တာပ၊ တခုခု လိုအပ်လာတာ ရှိရင် ဒါက ငါ့ဖုန်းနံပါတ်။ တစ်ခုခု စကားပြောဖို့ လိုလာရင် ငါက အမြဲ ရှိနေမယ်။ ‘ လို့ လာပြောခဲ့တယ်။ ဒါက ကျနော့် အတွက်တော့ လုံး၀ အင်အားကြီး တစ်ရပ် ဖြစ်စေခဲ့တယ်။ ” လို့ ဝေးစ် လူငယ်လေးက ဖွင့်ဟခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်က နည်းပြ ဆိုးရှားရဲ့ ယူနိုက်တက် အသင်းမှာ ပုံမှန်လို ပွဲထွက် ပါဝင်ခွင့် ရနေပြီး အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကတော့ သူ့ကို ဘေးလ်နဲ့ နှိုင်းယှဉ်ဖို့ မလိုလားဘဲ တုန့်ပြန်ပြောဆိုခဲ့တာပါ။

Zawgyi – အသက္ ၂၂ နွစ္ အရြယ္ ယူနိုက္တက္ ေတာင္ပံတိုက္စစ္သမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ကို ရီးရဲလ္မက္ဒရစ္ ၾကယ္ပြင့္ ဂါရတ္ေဘးလ္နဲ႕ နိႈင္းယွဥ္ခ်ီးက်ဴးေနၾကျပီး ေဘးလ္ လက္သစ္လို႔ အမည္တပ္ေနၾကတဲ့အေပၚ ဂ်ိမ္းစ္က တုန္႔ျပန္ေျပာဆိုလာခဲ့ပါတယ္။

ဂ်ိမ္းစ္က သူ႔ကို ေဘးလ္ လက္သစ္လို႔ ေခၚေနၾကတာက ရူးမိုက္ရာ က်တယ္လို႔ ဆိုလိိုက္ျပီး ေဘးလ္ နဲ႕ ေ၀းစ္ လက္ေရြးစင္ အသင္းမွာ အတူ ပါ၀င္ခြင့္ ရတာ အတြက္ေတာင္ ေက်နပ္သေဘာက်ေနရေၾကာင္း ဖြင့္ဟလာခဲ့တာပါ။

ဂ်ိမ္းစ္ဟာ ဒီရာသီမွ ဆြမ္ဆီးကေန ယူနိုက္တက္ထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး မန္ခ်က္စတာကလပ္ အတြက္ လိဂ္ပြဲ ၂၇ ပြဲ ပါ၀င္ ကစားထားခဲ့ပါတယ္။ ကလပ္အသင္းသစ္မွာ ေျခစြမ္းျပနိုင္တဲ့ အျပင္ နုိင္ငံအသင္းမွာပါ ေနရာ ရလာတဲ့ ဂ်ိမ္းစ္ကို ေဘးလ္ လက္သစ္လို႔ အမႊမ္းတင္မႈေတြ ရွိေနခဲ့ပါတယ္။ ဂ်ိမ္းစ္က ေ၀းစ္လက္ေရြးစင္ အသင္းမွာ ၆ ပြဲ ကစားထားျပီး ၂ ဂိုး သြင္းယူထားပါတယ္။

” ေ၀းစ္ အသင္း အတြက္ သူ (ေဘးလ္)နဲ႕ အတူ ပါ၀င္ကစားခြင့္ရတာက တကယ့္ကုိ အံ့ဖြယ္ပါ။ သူက တကယ့္ လူေကာင္းတစ္ေယာက္ပါ၊ လူငယ္ေတြနဲ႕ေရာ သူ႕နား ၀န္းက်င္းက သူေတြ အတြက္ပါ တကယ့္ လူေကာင္းတစ္ဦး ျဖစ္ပါတယ္။

သူ႔ ကစားသမားဘ၀မွာ ျဖတ္သန္းခဲ့တာေတြ၊ ဘယ္စြန္ ခံစစ္ ကေန ဘယ္ျခမ္း ကြင္းလယ္၊ ေတာင္ပံ ေရာက္ခဲ့တာေတြ၊ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တာေတြ စတာေတြက တကယ့္ကို အံ့ၾသေလာက္ဖြယ္ေတြပါ။ သူက က်ေနာ္တို႔ ေမွ်ာ္ၾကည့္ရတဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး က်ေနာ့္ကို သူနဲ႕ သြား နိႈင္းယွဥ္တာက ရူးမိုက္ရာ က်ပါတယ္။ ” လို႔ ဂ်ိမ္းစ္က ဆိုပါတယ္။

” က်ေနာ္ ေဘးလ္နဲ႕ စ ဆံုေတာ့ အ၀တ္လဲခန္းထဲမွာပါ။ သူက က်ေနာ့္ဆီ ေလွ်ာက္လာျပီး ေဘးမွာ ၀င္ထိုင္တယ္။ သူက ‘ အခု မင္းက ေျပာင္းေရႊ႕မႈ အၾကီးစား လုပ္္လိုက္တာပ၊ တခုခု လိုအပ္လာတာ ရွိရင္ ဒါက ငါ့ဖုန္းနံပါတ္။ တစ္ခုခု စကားေျပာဖို႔ လိုလာရင္ ငါက အျမဲ ရွိေနမယ္။ ‘ လို႔ လာေျပာခဲ့တယ္။ ဒါက က်ေနာ့္ အတြက္ေတာ့ လံုး၀ အင္အားၾကီး တစ္ရပ္ ျဖစ္ေစခဲ့တယ္။ ” လို႔ ေ၀းစ္ လူငယ္ေလးက ဖြင့္ဟခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္က နည္းျပ ဆိုးရွားရဲ႕ ယူနိုက္တက္ အသင္းမွာ ပံုမွန္လို ပြဲထြက္ ပါ၀င္ခြင့္ ရေနျပီး အလားအလာေကာင္းေတြ ရွိေနပါတယ္။ ဒါေပမယ့္ ဂ်ိမ္းစ္ကေတာ့ သူ႔ကို ေဘးလ္နဲ႕ ႏိႈင္းယွဥ္ဖို႔ မလိုလားဘဲ တုန္႔ျပန္ေျပာဆိုခဲ့တာပါ။