ယူနိုက်တက် ပထမဆုံးနေ့တွေမှာ အကူအညီလိုရင် ပြောဖို့ ဖုန်းနံပါတ်ပေးခဲ့သူကို ဂျိမ်း ထုတ်ဖော်
ယူနိုက်တက်တောင်ပံသမား ဒန်နီရယ်ဂျိမ်းက သူဟာ ငယ်စဉ် ဘဝတည်းက စပိန်သား ကစားသမားကြီး မာတာကို အားကျရင်း ကြီးပြင်းလာရသူပါလို့ ထုတ်ပြောလိုက်ပါတယ်။
ဂျိမ်းကပဲ သူ ယူနိုက်တက်ကို ပြောင်းလာခဲ့စဉ်တည်းက မာတာဟာ ဖုန်းနံပါတ်ကို ပေးခဲ့ပြီး အကူအညီလိုရင် ပြောဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ကစားသမားဘဝ ဟီးရီုးတစ်ဦးနဲ့အတူ တစ်သင်းတည်းမှာ ကစားရတဲ့ ခံစားချက်ကိုလည်း ဝေလ်းကစားသမားလေးက ဖွင့်ဟခဲ့ပါသေးတယ်။
ဂျိမ်းက ” ကစားသမား အများစုက မက်ဆီကို ကြည့်ရင်း ကြီးပြင်းလာကြပေမယ့် ကျနော်အတွက် စံပြ ကစားသမားက မာတာဖြစ်ပါတယ်။ ကျနော်က သူ့ကို စောင့်ကြည့်ရင်းပဲ ကြီးပြင်းလာရပါတယ်။ အသင်းမှာ သူ့ကို ပထမဆုံးအကြိမ် တွေ့လိုက်ရတော့ ထူးဆန်းတဲ့ ခံစားမှုတောင် ဖြစ်မိပါတယ်။
ကိုယ်ငယ်စဉ်တည်းက အားပေးလာရသူနဲ့ အတူရှိခွင့်ရတာက တကယ်ကို ထူးခြားပါတယ်။ မာတာဟာ ကစားကွင်းမှာကော ကွင်းပြင်ပမှာပါ ခင်မင်ဖို့ ကောင်းပါတယ်။ သူက စိတ်ဓါတ်ပိုင်း လုံ့ဆော်မှုတွေကိုလည်း လုပ်ပေးနိုင်တယ်။ ကျနော်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတုန်းကဆိုရင် သူ့ဖုန်းနံပါတ်ကိုတောင် ပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကို ပြောင်းလာရတာက ကြီးကျယ်တဲ့ အပြောင်းအရွှေ့ဖြစ်ပြီး ကျနော်အတွက် ခမ်းနားလှပါတယ်။ သူက ကစားသမားကောင်းပါ။ ကျနော်မှာ သူရဲ့ ကျောနံပါတ်နဲ့ ဂျာစီလည်း ရှိပါတယ်။ ချယ်ဆီးနဲ့အတူ သူ ယူရိုပါလိဂ်ဖလား အနိုင်ရတုန်းက ဂျာစီပေါ့။ သူ့ကို အမြဲတမ်း အတုယူပါတယ်။ ကိုယ်အားပေးခဲ့တဲ့ မာတာနဲ့ တစ်သင်းတည်း အတူကစားခွင့်ရတာက အရမ်းကောင်းပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ZAWGYI
ယူႏုိက္တက္ေတာင္ပံသမား ဒန္နီရယ္ဂ်ိမ္းက သူဟာ ငယ္စဥ္ ဘဝတည္းက စပိန္သား ကစားသမားၾကီး မာတာကို အားက်ရင္း ၾကီးျပင္းလာရသူပါလို႔ ထုတ္ေျပာလိုက္ပါတယ္။
ဂ်ိမ္းကပဲ သူ ယူႏုိက္တက္ကို ေျပာင္းလာခဲ့စဥ္တည္းက မာတာဟာ ဖုန္းနံပါတ္ကို ေပးခဲ့ျပီး အကူအညီလိုရင္ ေျပာဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ ဆုိပါတယ္။ ကိုယ္ကစားသမားဘဝ ဟီးရီုးတစ္ဦးနဲ႔အတူ တစ္သင္းတည္းမွာ ကစားရတဲ့ ခံစားခ်က္ကိုလည္း ေဝလ္းကစားသမားေလးက ဖြင့္ဟခဲ့ပါေသးတယ္။
ဂ်ိမ္းက ” ကစားသမား အမ်ားစုက မက္ဆီကို ၾကည့္ရင္း ၾကီးျပင္းလာၾကေပမယ့္ က်ေနာ္အတြက္ စံျပ ကစားသမားက မာတာျဖစ္ပါတယ္။ က်ေနာ္က သူ႔ကို ေစာင့္ၾကည့္ရင္းပဲ ၾကီးျပင္းလာရပါတယ္။ အသင္းမွာ သူ႔ကို ပထမဆံုးအၾကိမ္ ေတြ႔လိုက္ရေတာ့ ထူးဆန္းတဲ့ ခံစားမႈေတာင္ ျဖစ္မိပါတယ္။
ကိုယ္ငယ္စဥ္တည္းက အားေပးလာရသူနဲ႔ အတူရွိခြင့္ရတာက တကယ္ကို ထူးျခားပါတယ္။ မာတာဟာ ကစားကြင္းမွာေကာ ကြင္းျပင္ပမွာပါ ခင္မင္ဖို႔ ေကာင္းပါတယ္။ သူက စိတ္ဓါတ္ပိုင္း လံု႔ေဆာ္မႈေတြကိုလည္း လုပ္ေပးႏုိင္တယ္။ က်ေနာ္နဲ႔ ပထမဆံုးအၾကိမ္ ေတြ႔ဆံုတုန္းကဆိုရင္ သူ႔ဖုန္းနံပါတ္ကိုေတာင္ ေပးခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ကို ေျပာင္းလာရတာက ၾကီးက်ယ္တဲ့ အေျပာင္းအေရႊ႔ျဖစ္ျပီး က်ေနာ္အတြက္ ခမ္းနားလွပါတယ္။ သူက ကစားသမားေကာင္းပါ။ က်ေနာ္မွာ သူရဲ႕ ေက်ာနံပါတ္နဲ႔ ဂ်ာစီလည္း ရွိပါတယ္။ ခ်ယ္ဆီးနဲ႔အတူ သူ ယူရိုပါလိဂ္ဖလား အႏုိင္ရတုန္းက ဂ်ာစီေပါ့။ သူ႔ကို အျမဲတမ္း အတုယူပါတယ္။ ကိုယ္အားေပးခဲ့တဲ့ မာတာနဲ႔ တစ္သင္းတည္း အတူကစားခြင့္ရတာက အရမ္းေကာင္းပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။