ကိန်း ကို လိုချင်ရင် အသည်းကျော် လူငယ်လေးနဲ့ လဲမယ် တောင်းခဲ့တာကြောင့် ယူနိုက်တက် ငြင်းဆန်
ယူနိုက်တက်ဟာ တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီး ပရီးမီးယားလိဂ်မှာ အံဝင်ခြေစွမ်းပြပြီးသား ဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ကိန်းကို ပစ်မှတ်ထားကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကိန်း အတွက် ကမ်းလှမ်းဖို့ပြင်ဆင်ရာမှာ စပါးနည်းပြ မော်ရင်ညိုရဲ့ တောင်းဆိုမှုကို ယူနိုက်တက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်မှာ နည်းပြ လုပ်ခဲ့ဖူးတဲ့ မော်ရင်ညိုက ယူနိုက်တက်ရဲ့ အလားအလာ အရှိဆုံး လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို မျက်စိကျနေတာကြောင့် ကိန်းကို အလိုရှိရင် ဂရင်းဝုဒ်ကို ပြောင်းရွှေ့ကြေးထဲ ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တယ် လို့ အင်္ဂလန် သတင်း ဌာနက ဖော်ထုတ်ခဲ့ပါတယ်။
ဒါပေမယ့် မန်ချက်စတာကလပ်ကတော့ ဂရင်းဝုဒ်ကို ဘယ်အကြောင်းနဲ့မှ လက်မလွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ကိန်း အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ် ထည့်သွင်း အလိုက်ပေးမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ ဂရင်းဝုဒ်ကို အလိုရှိလို့ ဝယ်ယူချင်လည်း ဘယ်ဈေးနဲ့မှ ရောင်းမှာ မဟုတ်ကြောင်းပါ အကြောင်းကြားခဲ့တာပါ။
ယူနိုက်တက်ဟာ တိုက်စစ်မှူး ကိန်းကို စိတ်ဝင်စားခဲ့သည့်တိုင် စပါး အလိုရှိနေခဲ့တဲ့ ပြောင်းရွှေ့ကြေး သန်း ၂၀၀ ဝန်းကျင်ကို သုံးမှာ မဟုတ်သလို ဂရင်းဝုဒ်ကိုလည်း ထည့်ပေးမှာ မဟုတ်တာကြောင့် အင်္ဂလန်သား ဝါရင့်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ် ခေါ်နိုင်ဖို့က ခဲယဉ်းပါတယ်။
ဆိုးရှား အနေနဲ့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရှာဖွေနေသည့်တိုင် အငှား ခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကိုလည်း အပြီးသတ် ဝယ်ယူရန် အစီအစဉ် ရှိနေတာကြောင့် လာမယ့်နွေမှာ မဖြစ်မနေ လိုတဲ့ ကစားသမားလောက်သာ ဝယ်ယူအားဖြည့်ဖွယ် ရှိပါတယ်။