ပေါ့ဘာ လင်ဂတ်တို့ထက် ပိုကောင်းတဲ့ ကစားသမားအကြောင်း ရွန်းနီ ထုတ်ပြော
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက ကလပ် အကယ်ဒမီမှာ ပေါ့ဘာ၊ လင်ဂတ်တို့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူတစ်ဦး ရှိခဲ့ပေမယ့် ထွန်းတောက်မလာခဲ့ပါဘူးလို့ ဖွင့်ဟသွားပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဂျူဗင်တပ်မှာ တောက်ပလာခဲ့ကာ လင်ဂတ်ကတော့ စီနီယာအဆင့်ကို ရောက်ရှိလာကာ ဒီနောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။
ရွန်းနီက ” ကွင်းလယ် ကစားသမားမှာ ရှိရမယ့် အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားတဲ့ ရေဗယ်အကြောင်းကို ကျနော် မှတ်မိနေပါတယ်။ လေ့ကျင့်ရေး တစ်ခုမှာဆိုရင် သူက ဗီဒီကိုယ်တိုင် သုံးကြိမ်လောက် ပေါင်ကြားထဲ ဘောလုံးထည့်ခဲ့သူ ဖြစ်ပါတယ်။
လူနေမှုဝန်းကျင်မှာ သူက ရုန်းကန်ခဲ့ရတာကတော့ ဝမ်းနည်းစရာပါပဲ။ စီနီယာအဆင့်ကို ပေါ့ဘာ၊ လင်ဂတ်တို့ ရောက်လာတော့ ရေဗယ်က အများကြီး သာတယ်ဆိုတာကို တွေးမိသေးတယ်။ ကစားသမားတစ်ယောက်အဖြစ် ပိုကောင်းတဲ့ အဆင့်ကိုရောက်ဖို့ စည်းမျဉ်းတွေ လိုက်နာဖို့လိုမယ်ဆိုတာကို ရေဗယ်က သက်သေပြခဲ့တယ်။
နဗီးဆိုပါတော့ သူက အကောင်းဆုံး ကစားသမား ဟုတ်ချင်မှ ဟုတ်မယ် ဒါပေမယ့် လေ့ကျင့်ရေးမှာတော့ ကိုယ်စွမ်းကိုယ်စ ထုတ်ကြိုးစားတတ်ပြီး အစွမ်းကုန် ပေးဆပ်တတ်သူပါ။ ဆာအဲလက်စ်က ကိုယ်ရဲ့ အရည်အချင်းထက် အကောင်းဆုံး ကြိုးစား ကစားတဲ့ ဘောလုံးသမားမျိုးတွေကပဲ အောင်မြင်မှုရတယ်ဆိုတာကို သင်ပြပေးခဲ့ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။
ရွန်းနီပြောတဲ့ ရေဗယ် မော်ရစ်ဆန်က လက်ရှိမှာတော့ ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့မှာ ကစားနေတာဖြစ်ပြီး တစ်ချိန်က ယူနိုက်တက်ရဲ့ ကြယ်ပွင့် ဖြစ်လာမယ်လို့ ယူဆခံခဲ့ရပေမယ့် စီနီယာအဆင့်ကို တိုးတက်မလာနိုင်ခဲ့သူဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရြန္းနီက ကလပ္ အကယ္ဒမီမွာ ေပါ့ဘာ၊ လင္ဂတ္တို႔ထက္ ပိုေကာင္းတဲ့ ကြင္းလယ္လူတစ္ဦး ရွိခဲ့ေပမယ့္ ထြန္းေတာက္မလာခဲ့ပါဘူးလို႔ ဖြင့္ဟသြားပါတယ္။
ေပါ့ဘာဟာ ယူႏုိက္တက္ကေန ထြက္ခြာျပီး ဂ်ဴဗင္တပ္မွာ ေတာက္ပလာခ့ဲကာ လင္ဂတ္ကေတာ့ စီနီယာအဆင့္ကို ေရာက္ရွိလာကာ ဒီေနာက္ပိုင္းမွာေတာ့ ေျခစြမ္းေကာင္းေတြ ျပသႏုိင္ဖို႔ ရုန္းကန္ေနရသူျဖစ္ပါတယ္။
ရြန္းနီက ” ကြင္းလယ္ ကစားသမားမွာ ရွိရမယ့္ အရည္အခ်င္းေတြ အားလံုးကို ပိုင္ဆုိင္ထားတဲ့ ေရဗယ္အေၾကာင္းကို က်ေနာ္ မွတ္မိေနပါတယ္။ ေလ့က်င့္ေရး တစ္ခုမွာဆိုရင္ သူက ဗီဒီကိုယ္တိုင္ သံုးၾကိမ္ေလာက္ ေပါင္ၾကားထဲ ေဘာလံုးထည့္ခဲ့သူ ျဖစ္ပါတယ္။
လူေနမႈဝန္းက်င္မွာ သူက ရုန္းကန္ခဲ့ရတာကေတာ့ ဝမ္းနည္းစရာပါပဲ။ စီနီယာအဆင့္ကို ေပါ့ဘာ၊ လင္ဂတ္တို႔ ေရာက္လာေတာ့ ေရဗယ္က အမ်ားၾကီး သာတယ္ဆိုတာကို ေတြးမိေသးတယ္။ ကစားသမားတစ္ေယာက္အျဖစ္ ပိုေကာင္းတဲ့ အဆင့္ကိုေရာက္ဖို႔ စည္းမ်ဥ္းေတြ လိုက္နာဖို႔လိုမယ္ဆိုတာကို ေရဗယ္က သက္ေသျပခဲ့တယ္။
နဗီးဆိုပါေတာ့ သူက အေကာင္းဆံုး ကစားသမား ဟုတ္ခ်င္မွ ဟုတ္မယ္ ဒါေပမယ့္ ေလ့က်င့္ေရးမွာေတာ့ ကိုယ္စြမး္ကိုယ္စ ထုတ္ၾကိဳးစားတတ္ျပီး အစြမ္းကုန္ ေပးဆပ္တတ္သူပါ။ ဆာအဲလက္စ္က ကိုယ္ရဲ႕ အရည္အခ်င္းထက္ အေကာင္းဆံုး ၾကိဳးစား ကစားတဲ့ ေဘာလံုးသမားမ်ိဳးေတြကပဲ ေအာင္ျမင္မႈရတယ္ဆိုတာကို သင္ျပေပးခဲ့ပါတယ္ ” လို႔ ဖြင့္ဟခဲ့ပါတယ္။
ရြန္းနီေျပာတဲ့ ေရဗယ္ ေမာ္ရစ္ဆန္က လက္ရွိမွာေတာ့ ခ်န္ပီယံရွစ္ကလပ္ မယ္ဒယ္ဘေရာ့မွာ ကစားေနတာျဖစ္ျပီး တစ္ခ်ိန္က ယူႏုိုက္တက္ရဲ႕ ၾကယ္ပြင့္ ျဖစ္လာမယ္လို႔ ယူဆခံခဲ့ရေပမယ့္ စီနီယာအဆင့္ကို တိုးတက္မလာႏုိင္ခဲ့သူျဖစ္ပါတယ္။