ပေါ့ဘာ အသင်းသစ် ရှာဖို့ ခက်တော့မယ် သတိပေးလိုက်တဲ့ ဂျူဗင်တပ် အကြီးအကဲ

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ရပ်နားထားတဲ့ ဘောလုံးပွဲတွေ ပြန်စနိုင်တဲ့ အချိန်ကျရင် ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာအတွက် ကလပ်အသင်းသစ် ရှာဖွေဖို့က ခက်ခဲသွားတော့မယ်လို့ ဂျူဗင်တပ် အားကစား ဒါရိုက်တာ ဖေဘီယိုပါရာတီဆီက သတိပေးစကား ပြောကြား လိုက်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး အသင်းပြောင်းဖို့ ဒီတလော နှစ်တွေ အတွင်း သတင်း အကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းကလည်း ကစားသမား ကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေ ရှာဖွေချင်ကြောင်း ထုတ်ဖော် ပြောဆိုထားတာပါ။

ပေါ့ဘာကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ၎င်းရဲ့ အသင်းဟောင်း ဂျူဗင်တပ်တို့ ပါဝင်ပြီး နောက်ဆုံး သတင်းများ အရ အင်တာမီလန်ပါ ပါဝင်လာပြီ သိရပါတယ်။ ဒါပေမယ့် ပေါ့ဘာလို ထိပ်တန်း ကစားသမားကို တကယ် ခေါ်ယူနိုင်မယ့် အသင်း များများ မရှိနိုင်ကြောင်း ဂျူဗင်တပ် အကြီးအကဲက သတိပေးလိုက်တာပါ။

” ပေ့ါဘာကာ တကယ့် အံ့ဖွယ် ကစားသမား တစ်ယောက်ပါ။ သူက အောင်နိုင်တဲ့သူ ချန်ပီယံ တစ်ဦး ဖြစ်တယ်ဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီ အခြေအနေဆိုးကြီး ပြီးသွားရင် ပြောင်းလဲမှုတွေက ရှိလာမှာပါ။ အရင်လို မျှော်လင့်ထားလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပေါ့ဘာလို ထိပ်တန်း ကစားသမား တစ်ယောက်ကို ခေါ်ပြီး လစာ မြင့်မြင့် ပေးထားနိုင် အာမခံနိုင်တဲ့ ကလပ်အသင်းက နည်းနည်းပဲ ရှိပါတယ်။ ” လို့ ဖေဘီယိုပါရာတီဆီက ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာက ဒီရာသီ ဒဏ်ရာများကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ် တော်တော်များမာျး လွဲချော်ထားတာ ဖြစ်ပြီး ပရိသတ်များရဲ့ မကြည်လင်မှုကိုလည်း ခံယူထားရပါတယ်။ ပြင်သစ်သားနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်ကတော့ မရေရာမှုတွေ ရှိနေဆဲပါ။

Zawgyi – ကိုရိုနာ ဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ရပ္နားထားတဲ့ ေဘာလံုးပြဲေတြ ျပန္စနိုင္တဲ့ အခ်ိန္က်ရင္ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာအတြက္ ကလပ္အသင္းသစ္ ရွာေဖြဖို႔က ခက္ခဲသြားေတာ့မယ္လို႔ ဂ်ဴဗင္တပ္ အားကစား ဒါ႐ိုက္တာ ေဖဘီယိုပါရာတီဆီက သတိေပးစကား ေျပာၾကား လိုက္ပါတယ္။

ေပါ့ဘာဟာ ယူနိုက္တက္ကေန ထြက္ခြာျပီး အသင္းေျပာင္းဖို႔ ဒီတေလာ နွစ္ေတြ အတြင္း သတင္း အၾကီးဆံုး ကစားသမား ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေႏြတုန္းကလည္း ကစားသမား ကုိယ္တိုင္က စိန္ေခၚမႈ အသစ္ေတြ ရွာေဖြခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားတာပါ။

ေပါ့ဘာကို ေခၚယူဖို႕ ခ်ိိတ္ဆက္ေနတဲ့ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္နဲ႕ ၄င္းရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္တို႔ ပါ၀င္ျပီး ေနာက္ဆံုး သတင္းမ်ား အရ အင္တာမီလန္ပါ ပါ၀င္လာျပီ သိရပါတယ္။ ဒါေပမယ့္ ေပါ့ဘာလို ထိပ္တန္း ကစားသမားကို တကယ္ ေခၚယူနုိင္မယ့္ အသင္း မ်ားမ်ား မရွိနုိင္ေၾကာင္း ဂ်ဴဗင္တပ္ အၾကီးအကဲက သတိေပးလိုက္တာပါ။

” ေပ့ါဘာကာ တကယ့္ အံ့ဖြယ္ ကစားသမား တစ္ေယာက္ပါ။ သူက ေအာင္နုိင္တဲ့သူ ခ်န္ပီယံ တစ္ဦး ျဖစ္တယ္ဆိုတာ က်ေနာ္ သေဘာေပါက္ပါတယ္။ ဒါေပမယ့္ ဒီ အေျခအေနဆိုးၾကီး ျပီးသြားရင္ ေျပာင္းလဲမႈေတြက ရွိလာမွာပါ။ အရင္လို ေမွ်ာ္လင့္ထားလို႕ မရဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေပါ့ဘာလို ထိပ္တန္း ကစားသမား တစ္ေယာက္ကို ေခၚျပီး လစာ ျမင့္ျမင့္ ေပးထားနုိင္ အာမခံနုိင္တဲ့ ကလပ္အသင္းက နည္းနည္းပဲ ရွိပါတယ္။ ” လို႔ ေဖဘီယိုပါရာတီဆီက ေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာက ဒီရာသီ ဒဏ္ရာမ်ားေၾကာင့္ ယူနိုက္တက္ရဲ႕ ပြဲစဥ္ ေတာ္ေတာ္မ်ားမာ်း လဲြေခ်ာ္ထားတာ ျဖစ္ျပီး ပရိသတ္မ်ားရဲ႕ မၾကည္လင္မႈကိုလည္း ခံယူထားရပါတယ္။ ျပင္သစ္သားနဲ႕ ယူနိုက္တက္ရဲ႕ အနာဂတ္ကေတာ့ မေရရာမႈေတြ ရွိေနဆဲပါ။