ရပ်ဖိုဒ့်ဟာ အကောင်းဆုံးတိုက်စစ်သမားအဖြစ် ဘလွန်းဒီအော့ဆုကိုပါ စိန်ခေါ်လာပါလိမ့်မယ်

ယူနိုက်တက် အသင်းဖော်ဟောင်း ဒါမီးယန်းက မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်သမားလေး ရပ်ဖိုဒ့်က အမ်ဘတ်ပီလို အဆင့်ကို ရောက်လာမယ့်သူဖြစ်ကာ အနာဂတ်မှာ ဘလွန်းဒီအော့ကိုပါ စိန်ခေါ်လိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ရပ်ဖိုဒ့်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ဖြစ်သလို စိတ်ဓါတ် ခံယူချက်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပြီး အသက်အရွယ်နဲ့မလိုက်အောင် တိုးတက်လာတဲ့ အနေအထားတွေအရ ယူနိုက်တက်အတွက် အနာဂတ်မှာ အရေးပါသူ ဖြစ်လာမယ်လို့ ယုံကြည်ထားခြင်း ခံရသူဖြစ်ပါတယ်။

ဒါမီးယန်းက ပြောရာမှာ ” ယူနိုက်တက် စီနီယာအသင်းမှာ ရပ်ဖိုဒ့် လေ့ကျင့်ရေး လာဆင်းတဲ့ ပထမဆုံးအကြိမ်က မနေ့တုန်းကလိုပါပဲ။ အဲ့တုန်းက ကျနော်က ဒီကောင်လေးက မယုံနိုင်စရာ ကစားသမားပါလားဆိုပြိး အံအားသင့်မိခဲ့တယ်။ သူ့အရွယ်မှာတင် လုပ်ပြနိုင်တာတွေအတွက် ကျနေ်ာ အတော်လေး အထင်ကြီးမိပါတယ်။

ရပ်ဖိုဒ့်ဟာ ကြိုးစားမှုတွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် အမ်ဘတ်ပီလို အဆင့်ကို ရောက်လာနိုင်ပြီး လာမယ့်နှစ်တွေမှာ ဘလွန်းဒီအော့ဆုကိုပါ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ သူက ယူနိုက်တက်အသင်းသားတွေထဲမှာ ငယ်ရွယ်သေးသူ အများကြီး တိုးတက်လာဦးမှာပါ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရပ်ဖိုဒ့်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၉ ဂိုးထိ သွင်းယူထားနိုင်ပြီး သူကစားသမားဘဝ အကောင်းဆုံးရာသီကို ကျော်ဖြတ်နေတယ်။ သူ့ကို ပရီးမီးယားလိဂ် အထင်ကရ တိုက်စစ်သမားတွေဖြစ်တဲ့ အလန်ရှီးယား ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်မှုတွေ ရှိထားပြီး ငယ်ရွယ်သေးတဲ့ တိုက်စစ်သမားက မျှော်လင့်ချက်တွေကို ဖယ်ထုတ်ကာ ကြိုးစားမှုတွေ ဆက်လုပ်နေရမှာပါ။

ZAWGYI

ယူႏုိက္တက္ အသင္းေဖာ္ေဟာင္း ဒါမီးယန္းက မန္ခ်က္စတာယူႏုိက္တက္ အကယ္ဒမီထြက္ တိုက္စစ္သမားေလး ရပ္ဖိုဒ့္က အမ္ဘတ္ပီလို အဆင့္ကို ေရာက္လာမယ့္သူျဖစ္ကာ အနာဂတ္မွာ ဘလြန္းဒီေအာ့ကိုပါ စိန္ေခၚလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ရပ္ဖိုဒ့္ဟာ ယူႏုိက္တက္ အကယ္ဒမီထြက္ ျဖစ္သလို စိတ္ဓါတ္ ခံယူခ်က္ေကာင္းေတြ ပိုင္ဆုိင္ထားတဲ့ ကစားသမားျဖစ္ျပီး အသက္အရြယ္နဲ႔မလိုက္ေအာင္ တိုးတက္လာတဲ့ အေနအထားေတြအရ ယူႏုိက္တက္အတြက္ အနာဂတ္မွာ အေရးပါသူ ျဖစ္လာမယ္လို႔ ယံုၾကည္ထားျခင္း ခံရသူျဖစ္ပါတယ္။

ဒါမီးယန္းက ေျပာရာမွာ ” ယူႏုိက္တက္ စီနီယာအသင္းမွာ ရပ္ဖိုဒ့္ ေလ့က်င့္ေရး လာဆင္းတဲ့ ပထမဆံုးအၾကိမ္က မေန႔တုန္းကလိုပါပဲ။ အဲ့တုန္းက က်ေနာ္က ဒီေကာင္ေလးက မယံုႏုိင္စရာ ကစားသမားပါလားဆိုျပိး အံအားသင့္မိခဲ့တယ္။ သူ႔အရြယ္မွာတင္ လုပ္ျပႏုိုင္တာေတြအတြက္ က်ေန္ာ အေတာ္ေလး အထင္ၾကီးမိပါတယ္။

ရပ္ဖိုဒ့္ဟာ ၾကိဳးစားမႈေတြကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ အမ္ဘတ္ပီလို အဆင့္ကို ေရာက္လာႏုိင္ျပီး လာမယ့္ႏွစ္ေတြမွာ ဘလြန္းဒီေအာ့ဆုကိုပါ ယွဥ္ျပိဳင္ႏုိင္ပါလိမ့္မယ္။ သူက ယူနုိက္တက္အသင္းသားေတြထဲမွာ ငယ္ရြယ္ေသးသူ အမ်ားၾကီး တိုးတက္လာဦးမွာပါ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရပ္ဖိုဒ့္ဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၁၉ ဂိုးထိ သြင္းယူထားႏုိင္ျပီး သူကစားသမားဘဝ အေကာင္းဆံုးရာသီကို ေက်ာ္ျဖတ္ေနတယ္။ သူ႔ကို ပရီးမီးယားလိဂ္ အထင္ကရ တိုက္စစ္သမားေတြျဖစ္တဲ့ အလန္ရွီးယား ေရာ္နယ္ဒိုတို႔နဲ႔ ႏိႈင္းယွဥ္မႈေတြ ရွိထားျပီး ငယ္ရြယ္ေသးတဲ့ တိုက္စစ္သမားက ေမွ်ာ္လင့္ခ်က္ေတြကို ဖယ္ထုတ္ကာ ၾကိဳးစားမႈေတြ ဆက္လုပ္ေနရမွာပါ။