စစ်သည်တစ်ဦးလို ခံယူပြီး ပွဲစဉ်တိုင်းကို တိုက်ပွဲလို့ သဘောထားတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဘောလုံးပွဲ တစ်ပွဲ အပေါ်မှာ သူ့ သဘောထား ခံယူချက်ကို ဖွင့်ဟလိုက်ပြီး ပြိုင်ဘက်တွေ သူ့ကို မြင်စေချင်တဲ့ အမြင်ကိုပါ ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီသားက သူ့ကိုယ်သူ စစ်သည် တစ်ဦးလို ခံယူထားတယ်လို့ ဆိုလိုက်ပြီး ဘောလုံးပွဲတိုင်းက တိုက်ပွဲ တစ်ပွဲ ဖြစ်သလို သူက တဖက်အသင်း အတွက် အခက်ခဲဆုံး ပြိုင်ဘက်လည်း ဖြစ်ဖို့ ကြိုးစားကြောင်း ရဲရင့်စွာပဲ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ကိုယ့်ကိုယ်ကို ဘယ်လို ခံယူထားလဲလို့ မေးမြန်းခံရတာကြောင့် ဖာနန်ဒက်စ်က – ” စစ်သည် တစ်ဦးလို ခံယူထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် အတွက် ဘောလုံးပွဲ တိုင်းက တိုက်ပွဲ တစ်ခုလိုပဲ။ ပွဲတစ်ပွဲ ကစားဖို့ အတွက် ထွက်ပြီး ပြိုင်ဘက်ကို ရင်ဆိုင် အနိုင်ယူရတာပါ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

” အားလုံးကို ကျနော် လေးစားမှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပြိုင်ဘက် ကိုယ် လေးစားသမှု ရှိဖို့ကလည်း လိုတယ်။ ဒါပေမယ့် အနိုင်ယူဖို့လည်း လိုတယ်ဗျ။ ကိုယ်က နိုင်အောင် မလုပ်ရင် သူက ကိုယ့်ကို အနိုင်ယူသွားလိမ့်မယ်။

တဖက်အသင်းမှာ ဘယ်သူ ပါတယ်ဆိုတာ ကျနော် အရေးမစိုက်ဘူး။ အဲဒီမှာ သူငယ်ချင်း တစ်ယောက်ယောက် ရှိနေရင်တောင်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ပရီးမီးယားလိဂ်မှာ ကျနော့် သူငယ်ချင်း တချို့လည်း ကစားနေတယ်လေ။ တဖက်က ဘယ်သူ ဆိုတာ ပွဲထဲမှာတော့ ကျနော် ဂရုမစိုက်ဘူး။ အဲဒီအချိန်မှာ သူတို့ အတွက် အခက်ခဲဆုံး ဆိုတဲ့ ပြိုင်ဘက်က ကျနော် ဖြစ်နေရမယ်။ ” လို့ ဖာနန်ဒက်စ်က သူ့ သဘောထားကို ဖွင့်ဟခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ရောက်ရှိလာတာ မကြာသေးပေမယ့် ပရိသတ် အကြိုက် ခြေစွမ်းပြနေသလို ၎င်းရဲ့ သဘောထားတွေကလည်း ပရိသတ် အများ နှစ်ခြိုက် ကျေနပ်ကြဦးမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္က ေဘာလံုးပြဲ တစ္ပြဲ အေပၚမွာ သူ႔ သေဘာထား ခံယူခ်က္ကို ဖြင့္ဟလိုက္ျပီး ျပိဳင္ဘက္ေတြ သူ႔ကို ျမင္ေစခ်င္တဲ့ အျမင္ကိုပါ ေျပာဆိုသြားခဲ့ပါတယ္။

ေပၚတူဂီသားက သူ႔ကိုယ္သူ စစ္သည္ တစ္ဦးလို ခံယူထားတယ္လို႔ ဆိုလိုက္ျပီး ေဘာလံုးပြဲတိုင္းက တိုက္ပြဲ တစ္ပြဲ ျဖစ္သလို သူက တဖက္အသင္း အတြက္ အခက္ခဲဆံုး ျပိဳင္ဘက္လည္း ျဖစ္ဖို႔ ၾကိဳးစားေၾကာင္း ရဲရင့္စြာပဲ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ၀က္ဘ္ဆိုဒ္နဲ႕ အင္တာဗ်ဴးမွာ ကိုယ့္ကိုယ္ကို ဘယ္လို ခံယူထားလဲလို႔ ေမးျမန္းခံရတာေၾကာင့္ ဖာနန္ဒက္စ္က – ” စစ္သည္ တစ္ဦးလို ခံယူထားတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ့္ အတြက္ ေဘာလံုးပြဲ တိုင္းက တိုက္ပြဲ တစ္ခုလိုပဲ။ ပြဲတစ္ပြဲ ကစားဖို႔ အတြက္ ထြက္ျပီး ျပိဳင္ဘက္ကို ရင္ဆုိင္ အနိုင္ယူရတာပါ။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

” အားလံုးကို က်ေနာ္ ေလးစားမႈ ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကုိယ့္ျပိဳင္ဘက္ ကိုယ္ ေလးစားသမႈ ရွိဖို႔ကလည္း လိုတယ္။ ဒါေပမယ့္ အနုိင္ယူဖို႔လည္း လိုတယ္ဗ်။ ကိုယ္က နုိင္ေအာင္ မလုပ္ရင္ သူက ကိုယ့္ကို အနိုင္ယူသြားလိမ့္မယ္။

တဖက္အသင္းမွာ ဘယ္သူ ပါတယ္ဆိုတာ က်ေနာ္ အေရးမစိုက္ဘူး။ အဲဒီမွာ သူငယ္ခ်င္း တစ္ေယာက္ေယာက္ ရွိေနရင္ေတာင္ေလ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပရီးမီးယားလိဂ္မွာ က်ေနာ့္ သူငယ္ခ်င္း တခ်ိဳ႕လည္း ကစားေနတယ္ေလ။ တဖက္က ဘယ္သူ ဆိုတာ ပြဲထဲမွာေတာ့ က်ေနာ္ ဂရုမစိုက္ဘူး။ အဲဒီအခ်ိန္မွာ သူတို႔ အတြက္ အခက္ခဲဆံုး ဆိုတဲ့ ျပိဳင္ဘက္က က်ေနာ္ ျဖစ္ေနရမယ္။ ” လို႔ ဖာနန္ဒက္စ္က သူ႔ သေဘာထားကို ဖြင့္ဟခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္မွာ ေရာက္ရွိလာတာ မၾကာေသးေပမယ့္ ပရိသတ္ အၾကိဳက္ ေျခစြမ္းျပေနသလို ၄င္းရဲ႕ သေဘာထားေတြကလည္း ပရိသတ္ အမ်ား နွစ္ျခိဳက္ ေက်နပ္ၾကဦးမွာ ျဖစ္ပါတယ္။