ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက် အပြောင်းအရွှေ့ကို တိုင်ကြားမှုရှိလာတာကြောင့် ဖီဖာ စစ်ဆေးမည်

စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကစားသမားရဲ့ ကလပ်ဟောင်း စီးရီးအေကလပ် ဆမ်ဒိုးရီးယားက တိုင်ကြားလာခဲ့တာကြောင့် ဖီဖာက စစ်ဆေးမှု ပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆမ်ဒိုရီးယားက ဖာနန်ဒက်စ်ကို ရောင်းချစဉ်က တဆင့်ရောင်းချရင် ထည့်သွင်းထားတဲ့ သဘောတူညီချက်တွေကို စပို့တင်းက ချိုးဖျက်ခဲ့တာကြောင့် အခုလို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်ထံ ဇန်နဝါရီက ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်း ဝန်းကျင်နဲ့ ရောက်ရှိခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က သဘောတူညီမှု အရ ဆမ်ဒိုးရီးယားက တဆင့်ရောင်းချငွေရဲ့ ၁၀% နှုန်း ရရှိရမှာ ဖြစ်တာကြောင့် ပေါင် ၄ သန်း ကျော် ရဖို့ ရှိနေပါတယ်။

အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီသားဟာ စပို့တင်းကို ၂၀၁၇ မှာ ပေါင် ၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပေါ်တူဂီကလပ် ကိုယ်တိုင်ကလည်း တဆင့်ရောင်းချငွေကို ပြန်ပေးမယ်လို့ ဆမ်ဒိုးရီးယးထံ ကတိခံခဲ့တာပါ။

” ဧပြီ ၃ ရက်နေ့က ဆမ်ဒိုးရီးယားအသင်းဟာ ဖီဖာဆီ စပို့တင်းလစ္စဘွန်းနဲ့ ပတ်သတ်လို့ တိုင်ကြားထားတာ ဟုတ်တယ်လို့ ကျနေ်ာတို့ အတည်ပြုနိုင်ပါတယ်။ ကိစ္စကတော့ ပေါ်တူဂီသား ကစားသမား ဘရူနို ဖာနန်ဒက်စ် အပြောင်းအရွှေ့က ငွေကြေး ကတိကဝတ်တွေကြောင့်ပါ။ လောလောဆယ် ကျေနာ်တို့ စုံစမ်းမှုတွေ စတင်ထားပြီး သေချာ အတည်မပြုနိုင်သေးတဲ့ အရာတွေ အပေါ်တော့ သတင်းမထုတ်ပြန် နိုင်သေးပါဘူး။ ” လို့ ဖီဖာ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားထားပါတယ်။

ဒီကိစ္စမှာ မန်ချက်စတာ ယူနိုက်တက်ကတော့ ငွေကြေး တစုံတရာ ပေးချေစရာ ကျန်ရှိနေသေးလား အမေးကိုတော့ ဖြေဆိုဖို့ ငြင်းဆန် သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဆိုးရှားရဲ့ ယူနိုက်တက်မှာ ရောက်တာနဲ့ သက်ရောက်မှု ရှိစွာ အကျိုးပြုနိုင်ခဲ့ပြီး ယူနိုက်တက် ကွင်းလယ်မှာ လွှမ်းမိုး ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

Zawgyi – စပို႔တင္း လစၥဘြန္းကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္ျပီး ကစားသမားရဲ႕ ကလပ္ေဟာင္း စီးရီးေအကလပ္ ဆမ္ဒိုးရီးယားက တိုင္ၾကားလာခဲ့တာေၾကာင့္ ဖီဖာက စစ္ေဆးမႈ ျပဳလုပ္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဆမ္ဒိုရီးယားက ဖာနန္ဒက္စ္ကို ေရာင္းခ်စဥ္က တဆင့္ေရာင္းခ်ရင္ ထည့္သြင္းထားတဲ့ သေဘာတူညီခ်က္ေတြကို စပို႔တင္းက ခ်ိဳးဖ်က္ခဲ့တာေၾကာင့္ အခုလို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ အိုးထရက္ဖို႔ဒ္ထံ ဇန္န၀ါရီက ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၇ သန္း ၀န္းက်င္နဲ႕ ေရာက္ရွိခဲ့တာ ျဖစ္ျပီး လြန္ခဲ့တဲ့ သံုးနွစ္က သေဘာတူညီမႈ အရ ဆမ္ဒိုးရီးယားက တဆင့္ေရာင္း္ခ်ေငြရဲ႕ ၁၀% ႏႈန္း ရရွိရမွာ ျဖစ္တာေၾကာင့္ ေပါင္ ၄ သန္း ေက်ာ္ ရဖို႔ ရွိေနပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ ေပၚတူဂီသားဟာ စပို႔တင္းကို ၂၀၁၇ မွာ ေပါင္ ၇.၅ သန္းနဲ႕ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ျပီး ေပၚတူဂီကလပ္ ကိုယ္တိုင္ကလည္း တဆင့္ေရာင္းခ်ေငြကို ျပန္ေပးမယ္လို႔ ဆမ္ဒိုးရီးယးထံ ကတိခံခဲ့တာပါ။

” ဧျပီ ၃ ရက္ေန႔က ဆမ္ဒိုးရီးယားအသင္းဟာ ဖီဖာဆီ စပို႔တင္းလစၥဘြန္းနဲ႕ ပတ္သတ္လို႔ တိုင္ၾကားထားတာ ဟုတ္တယ္လို႔ က်ေန္ာတို႔ အတည္ျပဳနုိင္ပါတယ္။ ကိစၥကေတာ့ ေပၚတူဂီသား ကစားသမား ဘရူနို ဖာနန္ဒက္စ္ အေျပာင္းအေရႊ႕က ေငြေၾကး ကတိက၀တ္ေတြေၾကာင့္ပါ။ ေလာေလာဆယ္ ကေ်နာ္တို႔ စံုစမ္းမႈေတြ စတင္ထားျပီး ေသခ်ာ အတည္မျပဳနုိင္ေသးတဲ့ အရာေတြ အေပၚေတာ့ သတင္းမထုတ္ျပန္ နုိင္ေသးပါဘူး။ ” လို႔ ဖီဖာ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။

ဒီကိစၥမွာ မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ေငြေၾကး တစံုတရာ ေပးေခ်စရာ က်န္ရွိေနေသးလား အေမးကိုေတာ့ ေျဖဆိုဖို႔ ျငင္းဆန္ သြားခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ဆိုးရွားရဲ႕ ယူနုိက္တက္မွာ ေရာက္တာနဲ႕ သက္ေရာက္မႈ ရွိစြာ အက်ိဳးျပဳနုိင္ခဲ့ျပီး ယူနိုက္တက္ ကြင္းလယ္မွာ လႊမ္းမိုး ေျခစြမ္းျပေနျပီ ျဖစ္ပါတယ္။