ယူနိုက်တက် ပရိသတ်တွေ ရင်ခုန်သွားစေမယ့် ဆန်ချိုရဲ့ လတ်တလော အင်တာဗျူး

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဒေါ့မွန် တိုက်စစ် ကြယ်ပွင့် ဆန်ချိုရဲ့ လတ်တလော ပြုလုပ်ထားတဲ့ အင်တာဗျူးက အဖြေများဟာ ယူနိုက်တက် ပရိသတ်တွေကို ပို ရင်ခုန် စိတ်လှုပ်ရှားစေပါလိမ့်မယ်။ ဆန်ချိုက ယူနိုက်တက် ဂန္တဝင်တိုက်စစ်မူှးဟောင်း ဝိန်းရွန်းနီက သူ အားကျခဲ့ရဆုံး ကစားသမား လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်သမားကို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အော်ဖစ်ရှယ် ယူကျူ့ကနေ အင်တာဗျူး လုပ်ခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဘယ်ကစားသမားကို စောင့်ကြည့် သဘောကျခဲ့သလဲလို့ ဆန်ချိုက မေးမြန်းခြင်း ခံခဲ့ရတာပါ။

” ငယ်တုန်းက ဘယ်ကစားသမားကို မျှော်ကြည့် အားကျခဲ့ရလဲ ဆိုရင်.. ဝိန်း ရွန်းနီ ဖြစ်မယ်ဗျ။ ရွန်းနီပါပဲ။ သူက ယူနိုက်တက်မှာ ရူးလောက်စရာတွေ လုပ်ပြခဲ့သလို အဲဗာတန်မှာတုန်းကလည်း အလန်းစားတွေ လုပ်ပြခဲ့တယ်။ လူတိုင်းအတွက် အဲဒီ အသက်အရွယ်တန်းမှာ သူ လုပ်ပြတာတွေက လန်းလွန်းခဲ့တယ်။ ” လို့ ဆန်ချိုက ဖြေကြားခဲ့ပါတယ်။

ရွန်းနီက ယူနိုက်တက် ပရိသတ်တွေ အားလုံးလိုလို ချစ်ခင်မြတ်နိုးကြရသူ ဖြစ်ပြီး လောလောဆယ်မှာတော့ ဒါဘီအသင်းမှာ သွားရောက် ကစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကိုရိုနာရိုက်ခတ်မှုကြောင့် အခက်အခဲတွေ ရှိနေသည့်တိုင် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ရင် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေဆဲပါ။ ဆန်ချိုက ယူနိုက်တက်မှာ ရွန်းနီလက်သစ် အဖြစ် ရောက်ရှိမလား ပရိသတ်တွေကတော့ ရင်ခုန်နေကြပါလိမ့်မယ်။

Zawgyi – ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္ တိုက္စစ္ ၾကယ္ပြင့္ ဆန္ခ်ိဳရဲ႕ လတ္တေလာ ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးက အေျဖမ်ားဟာ ယူနိုက္တက္ ပရိသတ္ေတြကို ပို ရင္ခုန္ စိတ္လႈပ္ရွားေစပါလိမ့္မယ္။ ဆန္ခ်ိဳက ယူနုိက္တက္ ဂႏၱ၀င္တိုက္စစ္မဴွးေဟာင္း ၀ိန္းရြန္းနီက သူ အားက်ခဲ့ရဆံုး ကစားသမား လို႔ ညႊန္းဆိုသြားခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ တိုက္စစ္သမားကို အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေအာ္ဖစ္ရွယ္ ယူက်ဴ႕ကေန အင္တာဗ်ဴး လုပ္ခဲ့တာ ျဖစ္ပါတယ္။ ငယ္စဥ္တုန္းက ဘယ္ကစားသမားကို ေစာင့္ၾကည့္ သေဘာက်ခဲ့သလဲလို႔ ဆန္ခ်ိဳက ေမးျမန္းျခင္း ခံခဲ့ရတာပါ။

” ငယ္တုန္းက ဘယ္ကစားသမားကို ေမွ်ာ္ၾကည့္ အားက်ခဲ့ရလဲ ဆိုရင္.. ၀ိန္း ရြန္းနီ ျဖစ္မယ္ဗ်။ ရြန္းနီပါပဲ။ သူက ယူနိုက္တက္မွာ ရူးေလာက္စရာေတြ လုပ္ျပခဲ့သလို အဲဗာတန္မွာတုန္းကလည္း အလန္းစားေတြ လုပ္ျပခဲ့တယ္။ လူတိုင္းအတြက္ အဲဒီ အသက္အရြယ္တန္းမွာ သူ လုပ္ျပတာေတြက လန္းလြန္းခဲ့တယ္။ ” လို႔ ဆန္ခ်ိဳက ေျဖၾကားခဲ့ပါတယ္။

ရြန္းနီက ယူနုိက္တက္ ပရိသတ္ေတြ အားလံုးလိုလို ခ်စ္ခင္ျမတ္နိုးၾကရသူ ျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ ဒါဘီအသင္းမွာ သြားေရာက္ ကစားေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကိုရိုနာရိုက္ခတ္မႈေၾကာင့္ အခက္အခဲေတြ ရွိေနသည့္တိုင္ အေျပာင္းအေရႊ႕ ေစ်းကြက္ဖြင့္ရင္ ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔ ေရပန္းအစားဆံုး အသင္း ျဖစ္ေနဆဲပါ။ ဆန္ခ်ိဳက ယူနိုက္တက္မွာ ရြန္းနီလက္သစ္ အျဖစ္ ေရာက္ရွိမလား ပရိသတ္ေတြကေတာ့ ရင္ခုန္ေနၾကပါလိမ့္မယ္။