အကောင်းဆုံး ပေါ့ဘာ အနေနဲ့ ဘောလုံး အမြန် ကစားချင်နေပါပြီ
ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၈ လ နီးပါး အနားယူလိုက် ကုသမှု ခံယူလိုက်နဲ့ ကြာရှည် နေခဲ့တာပါ။ ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဉ် တော်တော်များများ လွဲချော်ထားတဲ့ ပြင်သစ်သားက ဒဏ်ရာကနေ သက်သာလာနေပြီး မကြာခင် အသင်းနဲ့ အတူ ပြန်ပါဝင် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
မြက်ခင်းစိမ်းတွေနဲ့ ပြန် ထိတွေ့ခွင့်ရရင် သူ့ရည်မှန်းချက်က ကမ္ဘာ့အကောင်းဆုံး ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ ပြင်သစ်သားက ထုတ်ဖော် ပြောဆိုလာပါတယ်။
” ကျနော့်မှာ ရည်မှန်းချက်တွေ အများကြီး ရှိတယ်။ နောက်ပြီး ဒဏ်ရာ ရလို့ နားလိုက်ရတာက ၇လ ၈လ လောက် ရှိလာပြီ။ ကျနော် ဘောလုံး သိပ် ကစားချင်နေပါပြီ။ ဒါကို ခင်ဗျားတို့လည်း သဘောပေါက်မှာပါ။ ကျနော် အရမ်းကို ပြန် ကစားချင်နေပြီဗျာ။ ထူးထူးခြားခား ကောင်းမွန်တာလေးတွေ ကွင်းထဲမှာ လုပ်ပြချင်လှပြီ။
ကျနော် ဒီရာသီ ပွဲတော်တော်များများကို လွဲချော်ခဲ့ရတယ်။ ဒါကြောင့်လည်း အကောင်းဆုံးပုံစံနဲ့ ပြန်လာချင်တာပါ။ အိမ်မှာ နေနေရတဲ့ အချိန်တွေ အတွက် ဆင်ခြေ မပေးလိုပေမယ့် အကောင်းဆုံး ပေါ့ဘာ အနေနဲ့ ပြန် ကစားချင်နေပြီ ဆိုတာ တကယ်ပါ။ ” လို့ ပေါ့ဘာက ထုတ်ဖော် ပြောဆိုလာပါတယ်။
ပေါ့ဘာက စက်တင်ဘာလကုန် အာဆင်နယ်နဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲ နောက်ပိုင်း ပွဲထွက်စာရင်းမှာ မပါဝင်နိုင်ဘဲ အနားယူ ကုသမှုတွေ ခံယူနေခဲ့ရတာပါ။ ခရစ္စမတ်ကာလ အတွင်း ၂ ပွဲလောက် ပြန် ကစားခဲ့ပေမယ့် ဒဏ်ရာကြောင့် ထပ်မံ အနားယူရပြန်ပါတယ်။
ဇန်နဝါရီလထဲမှာတော့ ခြေကျင်းဝတ် ကို ခွဲစိတ်မှု ခံယူခဲ့ပြီး ပေါ့ဘာက ၂ လ လောက် ဆက်လက် အနားယူခဲ့ရပါတယ်။ ဒီတလော အတွင်း ကိုရိုနာကြောင့် ဘောလုံးပွဲစဉ်များလည်း ရပ်နားလိုက်ရတာကြောင့် ပေါ့ဘာရဲ့ ကွင်းထဲ အမြန် ပြန်ခြေချဖို့ စိတ်ကူးတွေ ပျက်ပြယ်ခဲ့တာပါ။
Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ ၈ လ နီးပါး အနားယူလိုက္ ကုသမႈ ခံယူလိုက္နဲ႕ ၾကာရွည္ ေနခဲ့တာပါ။ ဒီရာသီ ယူနိုက္တက္ရဲ႕ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္ထားတဲ့ ျပင္သစ္သားက ဒဏ္ရာကေန သက္သာလာေနျပီး မၾကာခင္ အသင္းနဲ႕ အတူ ျပန္ပါ၀င္ ကစားနုိင္ေတာ့မွာ ျဖစ္ပါတယ္။
ျမက္ခင္းစိမ္းေတြနဲ႕ ျပန္ ထိေတြ႔ခြင့္ရရင္ သူ႔ရည္မွန္းခ်က္က ကမာၻ႔အေကာင္းဆုံး ဂုဏ္ပုဒ္တစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ အစြမ္းကုန္ ေပးဆပ္ ကစားသြားမယ္လို႔ ျပင္သစ္သားက ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။
” က်ေနာ့္မွာ ရည္မွန္းခ်က္ေတြ အမ်ားၾကီး ရွိတယ္။ ေနာက္ျပီး ဒဏ္ရာ ရလို႔ နားလိုက္ရတာက ၇လ ၈လ ေလာက္ ရွိလာျပီ။ က်ေနာ္ ေဘာလံုး သိပ္ ကစားခ်င္ေနပါျပီ။ ဒါကို ခင္ဗ်ားတို႔လည္း သေဘာေပါက္မွာပါ။ က်ေနာ္ အရမ္းကို ျပန္ ကစားခ်င္ေနျပီဗ်ာ။ ထူးထူးျခားခား ေကာင္းမြန္တာေလးေတြ ကြင္းထဲမွာ လုပ္ျပခ်င္လွျပီ။
က်ေနာ္ ဒီရာသီ ပြဲေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့ရတယ္။ ဒါေၾကာင့္လည္း အေကာင္းဆုံးပုံစံနဲ႔ ျပန္လာခ်င္တာပါ။ အိမ္မွာ ေနေနရတဲ့ အခ်ိန္ေတြ အတြက္ ဆင္ေျခ မေပးလိုေပမယ့္ အေကာင္းဆံုး ေပါ့ဘာ အေနနဲ႕ ျပန္ ကစားခ်င္ေနျပီ ဆိုတာ တကယ္ပါ။ ” လို႔ ေပါ့ဘာက ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။
ေပါ့ဘာက စက္တင္ဘာလကုန္ အာဆင္နယ္နဲ႕ ၁ ဂိုးစီ သေရက်တဲ့ ပြဲ ေနာက္ပိုင္း ပြဲထြက္စာရင္းမွာ မပါ၀င္နုိင္ဘဲ အနားယူ ကုသမႈေတြ ခံယူေနခဲ့ရတာပါ။ ခရစၥမတ္ကာလ အတြင္း ၂ ပြဲေလာက္ ျပန္ ကစားခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ထပ္မံ အနားယူရျပန္ပါတယ္။
ဇန္န၀ါရီလထဲမွာေတာ့ ေျခက်င္း၀တ္ ကို ခြဲစိတ္မႈ ခံယူခဲ့ျပီး ေပါ့ဘာက ၂ လ ေလာက္ ဆက္လက္ အနားယူခဲ့ရပါတယ္။ ဒီတေလာ အတြင္း ကိုရိုနာေၾကာင့္ ေဘာလံုးပြဲစဥ္မ်ားလည္း ရပ္နားလိုက္ရတာေၾကာင့္ ေပါ့ဘာရဲ႕ ကြင္းထဲ အျမန္ ျပန္ေျခခ်ဖို႔ စိတ္ကူးေတြ ပ်က္ျပယ္ခဲ့တာပါ။