တစ်လပဲ ကစားပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းထဲ ပါဝင်သွားတဲ့ ဖာနန်ဒက်စ်

ဇန်နဝါရီကမှ စပို့တင်းကနေ ခေါ်ယူထားတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ နောက်ဆုံးအကြိမ် ချီးမြင့်ထားတဲ့ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားကို ရရှိခဲ့သူပါ။

ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့ တောက်ပမှုက ရပ်မနေပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် BBC Football က ရွေးချယ်ခဲ့တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဖာနန်ဒက်စ်ဟာ အဆိုပါ စာရင်းမှာ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ယူနိုက်တက် အသင်းသားဖြစ်ပြီး ကလပ်ရဲ့ ခြေစွမ်းအကောင်းဆုံးတွေဖြစ်တဲ့ မက်ဂွဲရားနဲ့ ရပ်ဖိုဒ့်လို ကစားသမားတွေတောင် မပါခဲ့တာဖြစ်တယ်။

BBC Football ရဲ့ အကောင်းဆုံးအသင်းကို ပြိုင်ဘက် လီဗာပူးအသင်းမှ ကစားသမား ၇ ဦးအထိ ပါဝင်သွားခဲ့ပါတယ်။ ဒါကလည်း လီဗာပူးဟာ အမှတ်ပေးဇယား ဦးဆောင်သူအသင်းအဖြစ် တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်ခဲ့ခြင်းကြောင့် ဖြစ်တယ်။

ဖာနန်ဒက်စ်ကတော့ အခြားသော ပြိုင်ဘက်တွေကို လိဂ်ပွဲ ၂၈ ပွဲလောက် ပါဝင်ကစားခွင့် ရခဲ့သူမဟုတ်ပဲ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲပဲ ကစားပြီး အကောင်းဆုံးအသင်းထဲ ပါဝင်နိုင်ခဲ့တာဖြစ်တယ်။ ဒီနှစ်ရဲ့ အကောင်းဆုံး အသင်းမှာလည်း လီဗာပူး၊ မန်စီးတီး၊ လက်စတာနဲ့ ယူနိုက်တက်ဆိုတဲ့ စုစုပေါင်း အသင်း ၄ သင်းတည်းက ကစားသမားတွေပဲ ပါဝင်နိုင်ခဲ့ပါတယ်။

BBC Football အကောင်းဆုံးအသင်းမှာ ဖာနန်ဒက်စ် ပါဝင်ခဲ့ခြင်းက ပြိုင်ဘက်ပရိသတ်တွေကြား အတော်လေး အငြင်းပွားစရာဖြစ်ခဲ့ပြီး ၅ ပွဲတည်း ကစားခဲ့တဲ့ ကစားသမားကို ဒီစာရင်းထဲ ထည့်ခဲ့တာအတွက် ပြိုင်ဘက်တွေက မကျေမနပ်ဖြစ်ခဲ့ကြတယ်။ ဖာနန်ဒက်စ် ရောက်လာပြီးတည်းက ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ အရေးနိမ့်ထားခြင်း မရှိတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၄၆.၆ သန်း ပေးချေပြီး ခေါ်ယူထားရတဲ့ ဘရူနိုဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကို အပြည့်အဝ ကစားခွင့်ရတဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇန္နဝါရီကမွ စပို႔တင္းကေန ေခၚယူထားတဲ့ ယူႏုိက္တက္ကြင္းလယ္ကစားသမား ဘရူႏို ဖာနန္ဒက္စ္ဟာ ေနာက္ဆံုးအၾကိမ္ ခ်ီးျမင့္ထားတဲ့ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆံုး ကစားသမားကို ရရွိခဲ့သူပါ။

ဒါေပမယ့္ ဖာနန္ဒက္စ္ရဲ႔ ေတာက္ပမႈက ရပ္မေနပဲ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ BBC Football က ေရြးခ်ယ္ခဲ့တဲ့ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆုံးအသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဖာနန္ဒက္စ္ဟာ အဆိုပါ စာရင္းမွာ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ ယူႏုိက္တက္ အသင္းသားျဖစ္ျပီး ကလပ္ရဲ႔ ေျခစြမ္းအေကာင္းဆံုးေတြျဖစ္တဲ့ မက္ဂြဲရားနဲ႔ ရပ္ဖိုဒ့္လို ကစားသမားေတြေတာင္ မပါခဲ့တာျဖစ္တယ္။

BBC Football ရဲ႕ အေကာင္းဆံုးအသင္းကို ျပိဳင္ဘက္ လီဗာပူးအသင္းမွ ကစားသမား ၇ ဦးအထိ ပါဝင္သြားခဲ့ပါတယ္။ ဒါကလည္း လီဗာပူးဟာ အမွတ္ေပးဇယား ဦးေဆာင္သူအသင္းအျဖစ္ တစ္ရာသီလံုး ေျခစြမ္းတည္ျငိမ္ခ့ဲျခင္းေၾကာင့္ ျဖစ္တယ္။

ဖာနန္ဒက္စ္ကေတာ့ အျခားေသာ ျပိဳင္ဘက္ေတြကို လိဂ္ပြဲ ၂၈ ပြဲေလာက္ ပါဝင္ကစားခြင့္ ရခ့ဲသူမဟုတ္ပဲ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲပဲ ကစားျပီး အေကာင္းဆံုးအသင္းထဲ ပါဝင္ႏုိင္ခဲ့တာျဖစ္တယ္။ ဒီႏွစ္ရဲ႕ အေကာင္းဆံုး အသင္းမွာလည္း လီဗာပူး၊ မန္စီးတီး၊ လက္စတာနဲ႔ ယူႏုိက္တက္ဆိုတဲ့ စုစုေပါင္း အသင္း ၄ သင္းတည္းက ကစားသမားေတြပဲ ပါဝင္ႏုိင္ခဲ့ပါတယ္။

BBC Football အေကာင္းဆံုးအသင္းမွာ ဖာနန္ဒက္စ္ ပါဝင္ခဲ့ျခင္းက ျပိဳင္ဘက္ပရိသတ္ေတြၾကား အေတာ္ေလး အျငင္းပြားစရာျဖစ္ခဲ့ျပီး ၅ ပြဲတည္း ကစားခဲ့တဲ့ ကစားသမားကို ဒီစာရင္းထဲ ထည့္ခဲ့တာအတြက္ ျပိဳင္ဘက္ေတြက မေက်မနပ္ျဖစ္ခဲ့ၾကတယ္။ ဖာနန္ဒက္စ္ ေရာက္လာျပီးတည္းက ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံုမွာ အေရးနိမ့္ထားျခင္း မရွိတဲ့ စံခ်ိန္ကိုလည္း ပိုင္ဆုိင္ထားပါတယ္။

ယူႏုိက္တက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၆.၆ သန္း ေပးေခ်ျပီး ေခၚယူထားရတဲ့ ဘရူႏိုဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ကို အျပည့္အဝ ကစားခြင့္ရတဲ့ ေဖေဖာ္ဝါရီလအတြင္းမွာ ကိုယ္တိုင္ ၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။