ယူနိုက်တက် ပစ်မှတ် ဗန်ဒါဘိ အတွက် မီးစိမ်းပြလိုက်တဲ့ အေဂျက်အကြီးအကဲ ဗန်ဒါဆား

အေဂျက်အသင်း အကြီးအကဲ ဗန်ဒါဆားက မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်တိုက်စစ်သမား ဗန်ဒါဘိကို ဒီနွေမှာ အသင်းက ထွက်ခွာခွင့် ပြုမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး ဟော်လန်သားကို ဈေးပေါပေါနဲ့ လက်လွှတ်မှာ မဟုတ်ကြောင်းလည်း အသိပေးခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ ဒီရာသီ အေဂျက်အသင်း အတွက် ၃၇ ပွဲ ပါဝင်ကစားထားရမှာ ၁၀ ဂိုး သွင်း ၁၁ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဗန်ဒါဘိကို ယူနိုက်တက်က ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက်မှုတွေ ရှိထားတာပါ။

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ကလပ်အသင်းတွေ ကိုယ်စီ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေကြပြီး အပြောင်းအရွှေ့ ကာလမှာလည်း ကြေးမြင့်မြင့် ပြောင်းရွှေ့မှုတွေ မြင်ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အေဂျက်ကတော့ ဗန်ဒါဘိကို ဈေးချိုချိုနဲ့ ရောင်းထုတ်မှာ မဟုတ်ပါဘူး။

ဗန်ဒါဘိကို ယူနိုက်တက် အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ကလည်း ချိတ်ဆက်နေပါတယ်။ အေဂျက်မှာ အမှုဆောင်ချုပ် အဖြစ် တာဝန်ယူနေတဲ့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဗန်ဒါဆားက ဗန်ဒါဘိ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပြုခဲ့ပါတယ်။

” မနှစ်က ကျနေ်ာတို့ အိုနာနာ၊ နစ်ကိုးလပ်စ်၊ ဗန်ဒါဘိတို့ နောက်တစ်ရာသီ ဆက်နေဖို့ နှုတ်ကတိရခဲ့တယ်။ ကျနော်တို့ အချင်းချင်း ပြန်ရိုင်းပင်းကြပြီး ကစားသမားတွေလည်း သူတို့ အခြေအနေ နောက်တစ်ဆင့် တက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (ကိုရိုနာ ရှိနေလည်း) အခြေအနေကတော့ ဘာမှ မပြောင်းလဲပါဘူး။ ၅၀% လျှော့ဈေးတွေ ဘာတွေ ရှိမှာ မဟုတ်ဘူး။ ဈေးချိုချိုနဲ့ ရမယ် ထင်ထားတဲ့ အသင်းတွေ အနေနဲ့ ဒါမျိုး မေ့လိုက်ကြပါ။ ” လို့ ဗန်ဒါဆားက ပြောဆိုခဲ့ပါတယ်။

အေဂျက်ဟာ ဒီနွေမှာ ဇီယက်ကို ချယ်ဆီးထံ ရောင်းချဖို့ သဘောတူညီပြီး ဖြစ်ပါတယ်။ ဇန်နဝါရီလောက်တည်းက အကြိုသဘောတူညီမှု ယူခဲ့တာ ဖြစ်ပြီး ဇူလိုင်မှာတော့ ဇီယက်က ချယ်ဆီးအသင်းသား ဖြစ်လာမှာပါ။ ယူနိုက်တက် အနေနဲ့လည်း ပစ်မှတ် ကစားသမား ဗန်ဒါဘိကို အလားတူညှိနှိုင်းမှုမျိုုးနဲ့ စည်းရုံးဖွယ် ရှိပါတယ်။

Zawgyi – ေအဂ်က္အသင္း အၾကီးအကဲ ဗန္ဒါဆားက မန္ခ်က္စတာ ယူနုိက္တက္ ပစ္မွတ္ထားေနတဲ့ ကြင္းလယ္ တိုက္စစ္သမား ဗန္ဒါဘိကို ဒီေႏြမွာ အသင္းက ထြက္ခြာခြင့္ ျပဳမယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ေဟာ္လန္သားကို ေစ်းေပါေပါနဲ႕ လက္လႊတ္မွာ မဟုတ္ေၾကာင္းလည္း အသိေပးခဲ့ပါတယ္။

အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္တိုက္စစ္သမားဟာ ဒီရာသီ ေအဂ်က္အသင္း အတြက္ ၃၇ ပြဲ ပါ၀င္ကစားထားရမွာ ၁၀ ဂိုး သြင္း ၁၁ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဗန္ဒါဘိကို ယူနိုက္တက္က ေခၚယူဖို႔ အေလးအနက္ ခ်ိတ္ဆက္မႈေတြ ရွိထားတာပါ။

ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ကလပ္အသင္းေတြ ကိုယ္စီ ဘ႑ာေရး အၾကပ္အတည္းေတြ ရွိေနၾကျပီး အေျပာင္းအေရႊ႕ ကာလမွာလည္း ေၾကးျမင့္ျမင့္ ေျပာင္းေရႊ႕မႈေတြ ျမင္ရဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ ေအဂ်က္ကေတာ့ ဗန္ဒါဘိကို ေစ်းခ်ိဳခ်ိဳနဲ႕ ေရာင္းထုတ္မွာ မဟုတ္ပါဘူး။

ဗန္ဒါဘိကို ယူနုိက္တက္ အျပင္ ရီးရဲလ္မက္ဒရစ္နဲ႕ ဂ်ဴဗင္တပ္တို႕ကလည္း ခ်ိတ္ဆက္ေနပါတယ္။ ေအဂ်က္မွာ အမႈေဆာင္ခ်ဳပ္ အျဖစ္ တာ၀န္ယူေနတဲ့ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ဗန္ဒါဆားက ဗန္ဒါဘိ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္ျပီး အခုလို မွတ္ခ်က္ျပဳခဲ့ပါတယ္။

” မနွစ္က က်ေန္ာတို႔ အိုနာနာ၊ နစ္ကိုးလပ္စ္၊ ဗန္ဒါဘိတို႔ ေနာက္တစ္ရာသီ ဆက္ေနဖို႔ နႈတ္ကတိရခဲ့တယ္။ က်ေနာ္တို႔ အခ်င္းခ်င္း ျပန္ရိုင္းပင္းၾကျပီး ကစားသမားေတြလည္း သူတို႔ အေျခအေန ေနာက္တစ္ဆင့္ တက္ေအာင္ လုပ္ေဆာင္နုိင္ခဲ့တယ္။ (ကိုရိုနာ ရွိေနလည္း) အေျခအေနကေတာ့ ဘာမွ မေျပာင္းလဲပါဘူး။ ၅၀% ေလွ်ာ့ေစ်းေတြ ဘာေတြ ရွိမွာ မဟုတ္ဘူး။ ေစ်းခ်ိဳခ်ိဳနဲ႕ ရမယ္ ထင္ထားတဲ့ အသင္းေတြ အေနနဲ႕ ဒါမ်ိဳး ေမ့လိုက္ၾကပါ။ ” လုိ႔ ဗန္ဒါဆားက ေျပာဆိုခဲ့ပါတယ္။

ေအဂ်က္ဟာ ဒီေႏြမွာ ဇီယက္ကို ခ်ယ္ဆီးထံ ေရာင္းခ်ဖို႔ သေဘာတူညီျပီး ျဖစ္ပါတယ္။ ဇန္န၀ါရီေလာက္တည္းက အၾကိဳသေဘာတူညီမႈ ယူခဲ့တာ ျဖစ္ျပီး ဇူလိုင္မွာေတာ့ ဇီယက္က ခ်ယ္ဆီးအသင္းသား ျဖစ္လာမွာပါ။ ယူနုိက္တက္ အေနနဲ႕လည္း ပစ္မွတ္ ကစားသမား ဗန္ဒါဘိကို အလားတူညွိနိႈင္းမႈမ်ိဳုးနဲ႕ စည္းရံုးဖြယ္ ရွိပါတယ္။