မဝေးတော့တဲ့ အနာဂတ်မှာ ဘလွန်းဒီအော ဆု ရနိုင်မယ့် ယူနိုက်တက် အသင်းသား
ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ဂယ်ရီနဗီးလ်ကတော့ မဝေးတော့တဲ့ ကာလတစ်ခုမှာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ဘလွန်းဒီအော ဆုကိုပါ ရရှိသွားနိုင်သူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။
တွစ်တာက အမေးအဖြေ အစီအစဉ် တစ်ခုမှာ နဗီးလ်က ထိုသို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ကိန်းဟေယက်စ် ဆိုတဲ့ တွစ်တာကနေ လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲက ဘယ်တစ်ယောက်ဟာ ဘလွန်းဒီအော ဆု ရဖို့ အနီးစပ်ဆုံးလဲ လို့ နဗီးလ်ကို မေးမြန်းခဲ့တာကို ၎င်းက ပေါ့ဘာ လို့ ပြန်ဖြေကြားခဲ့တာပါ။
ဘလွန်းဒီအော ဆုဟာ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ စီ ရိုနယ်ဒိုတို့ နှစ်ဦးသား ဒီတလော နှစ်တွေမှာ တောက်လျောက် လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နဗီးလ်ကတော့ ထိုဆုကို ပေါ့ဘာလည်း ရယူနိုင်တယ်လို့ ထောက်ခံ ခဲ့တာပါ။
ပေါ့ဘာဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရယူသည်ထိ အောင်မြင်ထားသလို အသင်းဟောင်း ဂျူဗင်တပ်နဲ့လည်း အောင်မြင်မှုတွေ ရယူထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ တကျော့ ပြန်လာချိန်မှာတော့ ထင်ထားသလောက် လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ယူမပြနိုင်သေးဘဲ ပြင်သစ်သားက အသင်းပြောင်းဖို့ ခြေလှမ်းပြင်နေပြီ ဖြစ်ပါတယ်။
လက်ရှိ ဘောလုံးရာသီမှာလည်း ပေါ့ဘာက ဒဏ်ရာများကြောင့် ရုန်းကန်နေ်ရတာ ဖြစ်ပြီး တစ်ရာသီလုံး နီးပါး ယူနိုက်တက်အသင်း ပွဲစဉ်တွေ လွဲချော်ထားတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ် အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေနဲ့ အသင်းပြောင်းဟန် ပြင်နေတဲ့ ပေါ့ဘာကို နဗီးလ်က အခုလို ထောက်ခံခဲ့တာကြောင့် တွစ်တာမှာတော့ ပွဲဖြစ်လို့ နေပါတယ်။
Zawgyi – ယူနုိက္တက္ ဂႏၱ၀င္ ကစားသမားၾကီး ဂယ္ရီနဗီးလ္ကေတာ့ မေ၀းေတာ့တဲ့ ကာလတစ္ခုမွာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ဘလြန္းဒီေအာ ဆုကိုပါ ရရွိသြားနုိင္သူ ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။
တြစ္တာက အေမးအေျဖ အစီအစဥ္ တစ္ခုမွာ နဗီးလ္က ထိုသို႔ ေျပာဆုိသြားခဲ့တာ ျဖစ္ပါတယ္။ ကိန္းေဟယက္စ္ ဆိုတဲ့ တြစ္တာကေန လက္ရွိ ယူနုိက္တက္ အသင္းသားေတြထဲက ဘယ္တစ္ေယာက္ဟာ ဘလြန္းဒီေအာ ဆု ရဖို႔ အနီးစပ္ဆံုးလဲ လို႔ နဗီးလ္ကို ေမးျမန္း္ခဲ့တာကို ၄င္းက ေပါ့ဘာ လို႔ ျပန္ေျဖၾကားခဲ့တာပါ။
ဘလြန္းဒီေအာ ဆုဟာ နာမည္ၾကီး ၾကယ္ပြင့္ေတြ ျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႕ စီ ရိုနယ္ဒိုတို႔ နွစ္ဦးသား ဒီတေလာ နွစ္ေတြမွာ ေတာက္ေလ်ာက္ လႊမ္းမိုးေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ နဗီးလ္ကေတာ့ ထိုဆုကို ေပါ့ဘာလည္း ရယူနိုင္တယ္လို႔ ေထာက္ခံ ခဲ့တာပါ။
ေပါ့ဘာဟာ ျပင္သစ္လက္ေရြးစင္ အသင္းနဲ႕ အတူ ကမၻာ့ဖလား ရယူသည္ထိ ေအာင္ျမင္ထားသလို အသင္းေဟာင္း ဂ်ဴဗင္တပ္နဲ႕လည္း ေအာင္ျမင္မႈေတြ ရယူထားပါတယ္။ မန္ခ်က္စတာ ယူနုိက္တက္မွာ တေက်ာ့ ျပန္လာခ်ိန္မွာေတာ့ ထင္ထားသေလာက္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္မႈေတြ ယူမျပနုိင္ေသးဘဲ ျပင္သစ္သားက အသင္းေျပာင္းဖို႔ ေျခလွမ္းျပင္ေနျပီ ျဖစ္ပါတယ္။
လက္ရွိ ေဘာလံုးရာသီမွာလည္း ေပါ့ဘာက ဒဏ္ရာမ်ားေၾကာင့္ ရုန္းကန္ေန္ရတာ ျဖစ္ျပီး တစ္ရာသီလံုး နီးပါး ယူနိုက္တက္အသင္း ပြဲစဥ္ေတြ လြဲေခ်ာ္ထားတာ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္ အသင္းတို႔ရဲ႕ ခ်ိတ္ဆက္မႈေတြနဲ႕ အသင္းေျပာင္းဟန္ ျပင္ေနတဲ့ ေပါ့ဘာကို နဗီးလ္က အခုလို ေထာက္ခံခဲ့တာေၾကာင့္ တြစ္တာမွာေတာ့ ပြဲျဖစ္လို႔ ေနပါတယ္။