ယူနိုက်တက်က အလိုရှိရင် ပေါင် ၂၆ သန်းနဲ့တင် ရာဘီရော့ကို ခေါ်ယူနိုင်မည်

တူရင်အခြေစိုက် သတင်းဌာနတွေက ဖော်ပြမှုအရ ဂျူဗင်တပ်အသင်းဟာ ပြင်သစ်သား ကွင်းလယ်လူ ရာဘီရော့ကို ရောင်းထုတ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

မနှစ်က နွေမှာ ပီအက်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ရာဘီရော့ကို မန်နေဂျာဆာရီက သဘောမတွေ့လှပါဘူး။ ပွဲထွက်ခွင့် ပုံမှန်လည်း မပေးနိုင်ခြင်းကြောင့် ဒီနွေမှာ အသင်းပြောင်းခွင့်ရမယ်ဆိုရင် ကစားသမား ကိုယ်တိုင်က ထွက်ခွာဖို့ကို ဆန္ဒရှိနေတာဖြစ်တယ်။

ရာဘီရော့ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ ယူနိုက်တက်တို့က သတင်းထွက်ထားပြီး မကြာသေးခင်ကလည်း ပေါ့ဘာအတွက် အလိုက်ပေးမှုပါတဲ့ ကမ်းလှမ်းမှုအဖြစ် ရာဘီရော့ကို ထည့်ပေးဖို့ ဂျူဗင်တပ်က စိတ်ဝင်စားနေတယ်လို့ သိထားရတာပါ။ ဂျူဗင်တပ်ဟာ ကိုရိုနာ ကပ်ဘေးမှာ လုပ်ခပိုင်းကို လျော့ချဖို့ တစ်ပတ် ပေါင် ၁၂၀၀၀၀ ပေးနေရတဲ့ ရာဘီရော့ကို ရှင်းထုတ်လိုတာလို့လည်း သိရတယ်။

ယူနိုက်တက်ဘက်က ရာဘီရော့ကို ခေါ်ယူလိုမယ်ဆိုရင် ပေါင် ၂၆ သန်းနဲ့တင် ဂျူဗင်တပ်က ရောင်းထုတ်ပေးမှာဖြစ်တယ်။ ဒါကလည်း မနှစ်တုန်းက ရာဘီရော့အတွက် လက်မှတ်ထိုးကြေးတွေ လုပ်ခတွေ ပေးရမှုတွေကို အစားပြန်လိုခြင်းအဖြစ် ဈေးနှုန်းတစ်ရပ် သက်မှတ်ပေးခြင်း ဖြစ်ဟန်ရှိပါတယ်။

လှုပ်အားနှုန်းကောင်းပြီး ကွင်းလယ်နေရာစုံ ကစားနိုင်တဲ့ ရာဘီရော့ဟာ အသက် ၂၄ နှစ်ပဲ ရှိသေးပြီး ဥရောပအဆင့်မှာလည်း အတွေ့အကြုံရှိသူဖြစ်တယ်။ ယူနိုက်တက်ဟာ ကွင်းလယ်နေရာမှာ အင်အားဖြည့်ဖို့ ဆန္ဒရှိနေပြီး ရာဘီရော့ကို ခေါ်ယူလိုရင် ပုံမှန် ပွဲထွက်ခွင့်နဲ့ ပက်သက်တဲ့ အာမခံချက် တစ်ခုခု ပေးရဖွယ် ရှိပါတယ်။

တူရင္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပမႈအရ ဂ်ဴဗင္တပ္အသင္းဟာ ျပင္သစ္သား ကြင္းလယ္လူ ရာဘီေရာ့ကို ေရာင္းထုတ္ဖို႔ အဆင္သင့္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

မႏွစ္က ေႏြမွာ ပီအက္ဂ်ီကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားတဲ့ ရာဘီေရာ့ကို မန္ေနဂ်ာဆာရီက သေဘာမေတြ႔လွပါဘူး။ ပြဲထြက္ခြင့္ ပံုမွန္လည္း မေပးႏုိင္ျခင္းေၾကာင့္ ဒီေႏြမွာ အသင္းေျပာင္းခြင့္ရမယ္ဆိုရင္ ကစားသမား ကိုယ္တုိင္က ထြက္ခြာဖို႔ကို ဆႏၵရွိေနတာျဖစ္တယ္။

ရာဘီေရာ့ကို ေခၚယူဖို႔ အဲဗာတန္နဲ႔ ယူႏုိက္တက္တို႔က သတင္းထြက္ထားျပီး မၾကာေသးခင္ကလည္း ေပါ့ဘာအတြက္ အလိုက္ေပးမႈပါတဲ့ ကမ္းလွမ္းမႈအျဖစ္ ရာဘီေရာ့ကို ထည့္ေပးဖို႔ ဂ်ဴဗင္တပ္က စိတ္ဝင္စားေနတယ္လို႔ သိထားရတာပါ။ ဂ်ဴဗင္တပ္ဟာ ကိုရိုနာ ကပ္ေဘးမွာ လုပ္ခပိုင္းကို ေလ်ာ့ခ်ဖို႔ တစ္ပတ္ ေပါင္ ၁၂၀၀၀၀ ေပးေနရတဲ့ ရာဘီေရာ့ကို ရွင္းထုတ္လိုတာလို႔လည္း သိရတယ္။

ယူႏုိက္တက္ဘက္က ရာဘီေရာ့ကို ေခၚယူလိုမယ္ဆိုရင္ ေပါင္ ၂၆ သန္းနဲ႔တင္ ဂ်ဴဗင္တပ္က ေရာင္းထုတ္ေပးမွာျဖစ္တယ္။ ဒါကလည္း မႏွစ္တုန္းက ရာဘီေရာ့အတြက္ လက္မွတ္ထိုးေၾကးေတြ လုပ္ခေတြ ေပးရမႈေတြကို အစားျပန္လိုျခင္းအျဖစ္ ေစ်းႏႈန္းတစ္ရပ္ သက္မွတ္ေပးျခင္း ျဖစ္ဟန္ရွိပါတယ္။

လႈပ္အားႏႈန္းေကာင္းျပီး ကြင္းလယ္ေနရာစံု ကစားႏုိင္တဲ့ ရာဘီေရာ့ဟာ အသက္ ၂၄ ႏွစ္ပဲ ရွိေသးျပီး ဥေရာပအဆင့္မွာလည္း အေတြ႔အၾကံဳရွိသူျဖစ္တယ္။ ယူႏုိက္တက္ဟာ ကြင္းလယ္ေနရာမွာ အင္အားျဖည့္ဖို႔ ဆႏၵရွိေနျပီး ရာဘီေရာ့ကို ေခၚယူလိုရင္ ပံုမွန္ ပြဲထြက္ခြင့္နဲ႔ ပက္သက္တဲ့ အာမခံခ်က္ တစ္ခုခု ေပးရဖြယ္ ရွိပါတယ္။