ချယ်ဆီးကို ကျော်တက်ဖို့ စဉ်းစားနေတဲ့ ကိစ္စတွေကို ဆိုးရှား ထုတ်ပြောလာ
ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အသင်းလူစာရင်း ပိုမို အားကောင်းလာပြီဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်စတင်ရင် ချယ်ဆီးကို အမှီလိုက်ဖို့ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။
အမှတ်ပေးဇယား အဆင့် ၄ မှာ ချယ်ဆီး၊ အဆင့် ၅ မှာ ယူနိုက်တက်တို့ အစဉ်လိုက် ရပ်တည်နေတာဖြစ်ပြီး အောက်ဘက်မှာလည်း ဝုဗ်၊ ရှက်ဖီးတို့က ကပ်လိုက်နေလို့ လက်ကျန်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်နေဆဲ အသင်းတွေက များပြားနေဆဲ ဖြစ်ပါတယ်။
ဆိုးရှားက ” ကျနေ်ာတို့က ဘယ်လို ဆက်ပြီး တိုးတက်လာမလဲဆိုတာကို အချိန်တိုင်းမှာ တွေးတော ကြံဆနေပါတယ်။ ကျနေ်ာတို့က ပွဲထွက်လူစာရင်း ရွေးချယ်ရခက်တဲ့ ကစားသမားစာရင်းကိုလည်း ပိုင်လာပါပြီ။ ဒါပေမယ့် နောက်ဆုံး ၂ လအတွင်း တစ်ဦးနဲ့တစ်ဦး တွေ့ဆုံနိုင်ခြင်း မရှိပဲ နားထောက်မှုတွေနဲ့ လေ့ကျင့်နေခဲ့ရတယ်။
လေ့ကျင့်ရေးကွင်းမှာ ပြန်ဆုံနိုင်ဖို့၊ ပွဲတွေ ပြန်ကစားနိုင်ဖို့ကို ဦးစားအပေးအဖြစ် စဉ်စားထားပါတယ်။ အသင်းပြန်လည် တည်ဆောက်ဖို့အတွက် ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ထားရတယ်။ လူငယ်တွေကို နေရာပေးဖို့ မှန်ကန်စွာ လုပ်ဆောင်ထားနိုင်ကြောင်းလည်း သက်သေပြထားပါတယ်။ ကျနေ်ာတို့ ဖာနန်ဒက်စ်ကို ခေါ်နိုင်တာကတော့ အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။
ကျနေ်ာတို့တွေ ပိုပိုပြီး ကောင်းလာနေတယ်။ ကျနေ်ာတို့က ချယ်ဆီးနဲ့ ၃ မှတ်ပဲ ကွာတာပါ။ ဘောလုံးပွဲတွေ ပြန်ကစားခွင့်တွေ ရလာချိန်မှာ ပွဲတွေကို ကစားဖို့နဲ့ ချယ်ဆီးကို အမှီလိုက်ဖို့ ကိစ္စတွေကို စဉ်းစားနေပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက အသင္းလူစာရင္း ပိုမို အားေကာင္းလာျပီျဖစ္ျပီး ေဘာလံုးပြဲေတြ ျပန္စတင္ရင္ ခ်ယ္ဆီးကို အမွီလိုက္ဖို႔ ၾကိဳးစားမယ္လို႔ ထုတ္ေျပာလုိက္ပါတယ္။
အမွတ္ေပးဇယား အဆင့္ ၄ မွာ ခ်ယ္ဆီး၊ အဆင့္ ၅ မွာ ယူႏုိက္တက္တို႔ အစဥ္လိုက္ ရပ္တည္ေနတာျဖစ္ျပီး ေအာက္ဘက္မွာလည္း ဝုဗ္၊ ရွက္ဖီးတို႔က ကပ္လိုက္ေနလို႔ လက္က်န္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ႏုိင္ေနဆဲ အသင္းေတြက မ်ားျပားေနဆဲ ျဖစ္ပါတယ္။
ဆိုးရွားက ” က်ေန္ာတို႔က ဘယ္လို ဆက္ျပီး တိုးတက္လာမလဲဆိုတာကို အခ်ိန္တိုင္းမွာ ေတြးေတာ ၾကံဆေနပါတယ္။ က်ေန္ာတို႔က ပြဲထြက္လူစာရင္း ေရြးခ်ယ္ရခက္တဲ့ ကစားသမားစာရင္းကိုလည္း ပိုင္လာပါျပီ။ ဒါေပမယ့္ ေနာက္ဆံုး ၂ လအတြင္း တစ္ဦးနဲ႔တစ္ဦး ေတြ႔ဆံုႏုိင္ျခင္း မရွိပဲ နားေထာက္မႈေတြနဲ႔ ေလ့က်င့္ေနခဲ့ရတယ္။
ေလ့က်င့္ေရးကြင္းမွာ ျပန္ဆံုႏုိင္ဖို႔၊ ပြဲေတြ ျပန္ကစားႏုိင္ဖို႔ကို ဦးစားအေပးအျဖစ္ စဥ္စားထားပါတယ္။ အသင္းျပန္လည္ တည္ေဆာက္ဖို႔အတြက္ ဆံုးျဖတ္ခ်က္ေတြ လုပ္ေဆာင္ထားရတယ္။ လူငယ္ေတြကို ေနရာေပးဖို႔ မွန္ကန္စြာ လုပ္ေဆာင္ထားႏုိင္ေၾကာင္းလည္း သက္ေသျပထားပါတယ္။ က်ေန္ာတုိ႔ ဖာနန္ဒက္စ္ကို ေခၚႏုိင္တာကေတာ့ အရမ္း စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ ေခၚယူမႈ ျဖစ္ခဲ့ပါတယ္။
က်ေန္ာတို႔ေတြ ပိုပိုျပီး ေကာင္းလာေနတယ္။ က်ေန္ာတို႔က ခ်ယ္ဆီးနဲ႔ ၃ မွတ္ပဲ ကြာတာပါ။ ေဘာလံုးပြဲေတြ ျပန္ကစားခြင့္ေတြ ရလာခ်ိန္မွာ ပြဲေတြကို ကစားဖို႔နဲ႔ ခ်ယ္ဆီးကို အမွီလိုက္ဖို႔ ကိစၥေတြကို စဥ္းစားေနပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။