အစ်ဟာလိုက သန်း ၂၀ တန်ကြေး မရှိကြောင်း ယူနိုက်တက်အား နဗီးလ် သတိပေး
မန်ချက်စတာယူနိုက်တက် အသင်းဟာ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို အပြီးသတ် ခေါ်ယူလိုရင် ယူရို သန်း ၂၀ နဲ့ ဝယ်ယူဖို့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းက အကြောင်းကြားထားပါတယ်။
ဒါပေမယ့် နဗီးလ်ကတော့ အစ်ဟာလိုက ယူရို သန်း ၂၀ ထိ တန်ကြေး မရှိကြောင်း ကလပ်အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ အစ်ဟာလိုကို အပြီးဝယ်ယူဖို့ အစီအစဉ် ရှိထားကြောင်း သတင်းထွက်ထားပါတယ်။
အစ်ဟာလိုနဲ့ ယူနိုက်တက်ရဲ့ အငှားစာချုပ်က ဇွန်လကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းက ပြန်ခေါ်ယူဖို့ ပြုလုပ်နေတာပါ။ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲတွေ ပြီးဆုံးသည်ထိ ဆက်ခေါ်ထားဖို့ အငှား သက်တမ်းတိုးလိုသော်လည်း ရှန်ဟိုင်းရှင်ဟွာကတော့ လက်မခံလိုပါဘူး။
တကယ်လို့ အပြီး ဝယ်ယူမယ် ဆိုရင်တော့ အစ်ဟာလို အတွက် တန်ကြေးက ယူရို သန်း ၂၀ ဖြစ်တယ်လို့ အကြောင်းပြန်ထားခဲ့တာပါ။ တရုတ် စူပါလိဂ်ပွဲတွေက ဇူလိုင်မှာ စတင်မှာ ဖြစ်တာကြောင့် ၎င်းတို့ကလည်း အငှား ဆက်လွှတ်ထားတာထက် ပြန်ခေါ်ဖို့နဲ့ ရောင်းချဖို့သာ ပိုမို စိတ်အားသန်နေပါတယ်။
ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဂယ်ရီနဗီးလ် ကတော့ အစ်ဟာလို အတွက် တောင်းဆိုထားတဲ့ ယူရိုသန်း (၂၀) ဆိုတာ ထိုက်တန်မှု မရှိကြောင်းနဲ့ ယူနိုက်တက် အနေနဲ့ ဒီလောက် သုံးစွဲဖို့ မလိုအပ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို အျပီးသတ္ ေခၚယူလိုရင္ ယူရို သန္း ၂၀ နဲ႕ ၀ယ္ယူဖို႔ တ႐ုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာ အသင္းက အေၾကာင္းၾကားထားပါတယ္။
ဒါေပမယ့္ နဗီးလ္ကေတာ့ အစ္ဟာလိုက ယူရို သန္း ၂၀ ထိ တန္ေၾကး မရွိေၾကာင္း ကလပ္အသင္းေဟာင္းကို သတိေပးလိုက္ပါတယ္။ ယူနိုက္တက္ဟာ အစ္ဟာလိုကို အျပီး၀ယ္ယူဖို႔ အစီအစဥ္ ရွိထားေၾကာင္း သတင္းထြက္ထားပါတယ္။
အစ္ဟာလိုနဲ႕ ယူနိုက္တက္ရဲ႕ အငွားစာခ်ဳပ္က ဇြန္လကုန္မွာ ကုန္ဆံုးမွာျဖစ္ၿပီး တ႐ုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာ အသင္းက ျပန္ေခၚယူဖို႔ ျပဳလုပ္ေနတာပါ။ ယူနိုက္တက္က ပရီးမီးယားလိဂ္ ပြဲေတြ ျပီးဆံုးသည္ထိ ဆက္ေခၚထားဖို႔ အငွား သက္တမ္းတိုးလိုေသာ္လည္း ရွန္ဟိုင္းရွင္ဟြာကေတာ့ လက္မခံလိုပါဘူး။
တကယ္လို႔ အျပီး ၀ယ္ယူမယ္ ဆိုရင္ေတာ့ အစ္ဟာလို အတြက္ တန္ေၾကးက ယူရို သန္း ၂၀ ျဖစ္တယ္လို႔ အေၾကာင္းျပန္ထားခဲ့တာပါ။ တရုတ္ စူပါလိဂ္ပြဲေတြက ဇူလိုင္မွာ စတင္မွာ ျဖစ္တာေၾကာင့္ ၄င္းတို႔ကလည္း အငွား ဆက္လႊတ္ထားတာထက္ ျပန္ေခၚဖို႔နဲ႕ ေရာင္းခ်ဖို႔သာ ပိုမို စိတ္အားသန္ေနပါတယ္။
ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဂယ္ရီနဗီးလ္ ကေတာ့ အစ္ဟာလို အတြက္ ေတာင္းဆိုထားတဲ့ ယူ႐ိုသန္း (၂၀) ဆိုတာ ထိုက္တန္မႈ မရွိေၾကာင္းနဲ႔ ယူနိုက္တက္ အေနနဲ႕ ဒီေလာက္ သံုးစြဲဖို႔ မလိုအပ္ဘူးလို႔ ေ၀ဖန္သြားခဲ႔ပါတယ္။