ယူနိုက်တက်ရဲ့ ဒီနှစ် အကောင်းဆုံး ကစားသမားဆု ရသင့်သူ ၃ ဦး ရှော ရွေးချယ်
မန်ချက်စတာယူနိုက်တက် ခံစစ်မှူး လုခ်ရှောက ဒီနှစ်ရဲ့ ယူနိုက်တက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့ ထိုက်တန်သူ ၃ ဦးကို စိတ်ကြိုက် ရွေးချယ်ပြောဆိုခဲ့ပါတယ်။ ရှောက ပြီးခဲ့တဲ့ရာသီ အကောင်းဆုံး ကစားသမားဆု ရထားသူ ဖြစ်ပါတယ်။
သူကိုယ်တိုင် ကတော့ ဒီနှစ်က ခြေစွမ်း အကောင်းဆုံး ပြသနိုင်တဲ့ ရာသီ မဟုတ်ခဲ့ကြောင်း ရှောက ဝန်ခံခဲ့ပြီး တိုးတက်ရမယ့် နေရာတွေ အများကြီး ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။
ရှောက ဒီနှစ် အကောင်းဆုံး ကစားသမား ဆုက ဒဏ်ရာသာ မရခဲ့ဘူးဆိုရင် ရက်ဖို့ဒ် သေချာပေါက် ရမှာလို့ ဆိုလိုက်ပြီး တခြား အသင်းသား နှစ်ဦးလည်း ဆုနဲ့ ထိုက်တန်တယ် သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
” ဒီတစ်ရာသီလုံးသာ ရက်ဖို့ဒ်က ဒဏ်ရာမရှိဘဲ ကြံ့ခိုင်မှု အပြည့် ပါဝင် ကစားနိုင်ရင် ဒီဆုကို သူပဲ ရမှာ ဒါ သံသယ ရှိစရာ မရှိပါဘူး။ ရက်ဖို့ဒ်က ဒီတစ်ရာသီလုံး မှာ သူ ပါဝင်ရတဲ့ ပွဲတိုင်း နီးပါး အကောင်းဆုံး ပုံစံ ပြသသွားခဲ့တာပါ။ သူ ခြေစွမ်းတောက်ပနေတဲ့ အချိန်တိုင်း တစ်သင်းလုံးကိုပါ တက်ကြွစေခဲ့တယ်။ သူ့ဆီမှာ ကျနော် အကောင်းဆုံးဆုံး ယုံကြည်မှုတွေ မြင်နေရတယ်။ ဒီဆု အတွက် သူက ရေပန်း အစားဆုံး ဖြစ်မှာပဲ။
ဒါပေမယ့် ဖရက်လည်း ဒီဆု အတွက် ထိုက်တန်သူ တစ်ယောက် ဖြစ်တယ် ဆိုရမယ်။ ယူနိုက်တက်လို အသင်းကြီးဆီ ရောက်လာတဲ့ သူတိုင်း ဒီလို အခြေတကျ ခြေစွမ်းပြဖို့ မလွယ်ပါဘူး။ အစပိုင်းမှာ ခက်ခဲပေမယ့် သူက ပြောင်းလဲနိုင်ခဲ့တယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ်နဲ့ အသားကျလာပြီး အရည်အချင်းကောင်းတွေ ပြသနိုင်ခဲ့တယ်။
ဒီနှစ်ယောက်ပြီးရင် ဟယ်ရီ မက်ဂွဲရားလည်း တော်တော် ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဝမ် ဘစ်ဆာကာကို မချန်ထားနိုင်ဘူး။ ကျနော့် အမြင်တော့ ဒီတစ်ရာသီလုံး တည်ငြိမ်တဲ့ ခြေစွမ်း အပြနိုင် ဆုံး ကစားသမားက သူပါပဲ။ ဝက်ဖို့နဲ့ ပွဲက ပင်နယ်တီက လွဲလို့ သူ မှားတာ ကျနော် မမြင်မိဘူး။ ပွဲတိုင်း Rating 8 လောက် သူ အစွမ်းပြနိုင်တယ်။ တစ်ဦးချင်း ရင်ဆိုင်မှုမှာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦး ဖြစ်တယ်။ သူက အသင်းကို တစ်ပွဲလုံး အလိုက်ရော တိုက်စစ်ပါ တိုးတက်စေခဲ့တာ။ ” လို့ ရှောက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု အတွက် ရှော ရွေးခဲ့တာက ရက်ဖို့ဒ်၊ ဖရက်နဲ့ ဝမ်ဘစ်ဆာကာတို့ ဖြစ်ပြီး လတ်တလော ဘီဘီစီ အကောင်းဆုံး ၁၁ ယောက် အသင်းမှာ ပါထားတဲ့ ဘရူနို ဖာနန်ဒက်စ်တော့ မပါဝင်ခဲ့ပါဘူး။
Zawgyi – မန္ခ်က္စတာယူနုိက္တက္ ခံစစ္မွဴး လုခ္ေရွာက ဒီနွစ္ရဲ႕ ယူနိုက္တက္ တစ္နွစ္တာ အေကာငး္ဆံုး ကစားသမားဆု နဲ႕ ထိုက္တန္သူ ၃ ဦးကို စိတ္ၾကိဳက္ ေရြးခ်ယ္ေျပာဆိုခဲ့ပါတယ္။ ေရွာက ျပီးခဲ့တဲ့ရာသီ အေကာင္းဆံုး ကစားသမားဆု ရထားသူ ျဖစ္ပါတယ္။
သူကိုယ္တိုင္ ကေတာ့ ဒီနွစ္က ေျခစြမ္း အေကာင္းဆံုး ျပသနုိင္တဲ့ ရာသီ မဟုတ္ခဲ့ေၾကာင္း ေရွာက ၀န္ခံခဲ့ျပီး တိုးတက္ရမယ့္ ေနရာေတြ အမ်ားၾကီး ရွိေသးတယ္လို႔ ဆိုခဲ့ပါတယ္။
ေရွာက ဒီနွစ္ အေကာင္းဆံုး ကစားသမား ဆုက ဒဏ္ရာသာ မရခဲ့ဘူးဆိုရင္ ရက္ဖို႔ဒ္ ေသခ်ာေပါက္ ရမွာလို႔ ဆိုလိုက္ျပီး တျခား အသင္းသား နွစ္ဦးလည္း ဆုနဲ႕ ထိုက္တန္တယ္ သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။
” ဒီတစ္ရာသီလံုးသာ ရက္ဖုိ႔ဒ္က ဒဏ္ရာမရွိဘဲ ၾကံ႕ခိုင္မႈ အျပည့္ ပါ၀င္ ကစားနုိင္ရင္ ဒီဆုကို သူပဲ ရမွာ ဒါ သံသယ ရွိစရာ မရွိပါဘူး။ ရက္ဖို႔ဒ္က ဒီတစ္ရာသီလံုး မွာ သူ ပါ၀င္ရတဲ့ ပြဲတိုင္း နီးပါး အေကာငး္ဆံုး ပံုစံ ျပသသြားခဲ့တာပါ။ သူ ေျခစြမ္းေတာက္ပေနတဲ့ အခ်ိန္တိုင္း တစ္သင္းလံုးကိုပါ တက္ၾကြေစခဲ့တယ္။ သူ႔ဆီမွာ က်ေနာ္ အေကာင္းဆံုးဆံုး ယံုၾကည္မႈေတြ ျမင္ေနရတယ္။ ဒီဆု အတြက္ သူက ေရပန္း အစားဆံုး ျဖစ္မွာပဲ။
ဒါေပမယ့္ ဖရက္လည္း ဒီဆု အတြက္ ထိုက္တန္သူ တစ္ေယာက္ ျဖစ္တယ္ ဆိုရမယ္။ ယူနုိက္တက္လို အသင္းၾကီးဆီ ေရာက္လာတဲ့ သူတိုင္း ဒီလို အေျခတက် ေျခစြမ္းျပဖို႔ မလြယ္ပါဘူး။ အစပိုင္းမွာ ခက္ခဲေပမယ့္ သူက ေျပာင္းလဲနုိင္ခဲ့တယ္။ ဒီနွစ္မွာ ပရီးမီးယားလိိဂ္နဲ႕ အသားက်လာျပီး အရည္အခ်ငး္ေကာင္းေတြ ျပသနုိင္ခဲ့တယ္။
ဒီနွစ္ေယာက္ျပီးရင္ ဟယ္ရီ မက္ဂြဲရားလည္း ေတာ္ေတာ္ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္္ ၀မ္ ဘစ္ဆာကာကို မခ်န္ထားနုိင္ဘူး။ က်ေနာ့္ အျမင္ေတာ့ ဒီတစ္ရာသီလံုး တည္ျငိမ္တဲ့ ေျခစြမ္း အျပနုိင္ ဆံုး ကစားသမားက သူပါပဲ။ ၀က္ဖုိ႕နဲ႕ ပြဲက ပင္နယ္တီက လြဲလို႔ သူ မွားတာ က်ေနာ္ မျမင္မိဘူး။ ပြဲတိုင္း Rating 8 ေလာက္ သူ အစြမ္းျပနုိင္တယ္။ တစ္ဦးခ်င္း ရင္ဆိုင္္မႈမွာ ကမၻာ့ အေကာင္းဆံုး ခံစစ္မွဴး တစ္ဦး ျဖစ္တယ္။ သူက အသင္းကို တစ္ပြဲလံုး အလုိက္ေရာ တုိက္စစ္ပါ တိုးတက္ေစခဲ့တာ။ ” လို႔ ေရွာက ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။
ယူနိုက္တက္ တစ္နွစ္တာ အေကာင္းဆံုး ကစားသမား ဆု အတြက္ ေရွာ ေရြးခဲ့တာက ရက္ဖို႔ဒ္၊ ဖရက္နဲ႕ ၀မ္ဘစ္ဆာကာတို႔ ျဖစ္ျပီး လတ္တေလာ ဘီဘီစီ အေကာင္းဆံုး ၁၁ ေယာက္ အသင္း္မွာ ပါထားတဲ့ ဘရူနို ဖာနန္ဒက္စ္ေတာ့ မပါ၀င္ခဲ့ပါဘူး။