ရက်ဖို့ဒ် ဒဏ်ရာ အခြေအနေနဲ့ ယူနိုက်တက်ရဲ့ ထရိန်နင် အစီအစဉ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဒဏ်ရာ သက်သာပျောက်ကင်း လာနေပြီး သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကတော့ ၈၀% လောက်ထိ ပြန် ပြည့်ဝနေပြီ လို့ သိရှိရပါတယ်။

ရက်ဖို့ဒ် က ဇန်နဝါရီ လလယ်ပိုင်းလောက် ယူနိုက်တက်နဲ့ ဝုဗ်ရဲ့ အက်ဖ်အေဖလားပွဲမှာ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး နည်းပြ ဆိုးရှားကိုလည်း ရက်ဖို့ဒ်ကို ပွဲဆက် ကစားစေခဲ့တာကြောင့် ဝေဖန်မှုတွေ ခံယူခဲ့ရပါတယ်။ ကစားသမား ကြံ့ခိုင်မှု မပြည့်ဝချိန်မှာ ထည့်သွင်း ကစားဖြစ်ခဲ့တာ ဖြစ်လို့ ရက်ဖို့ဒ် အနေအထား ထင်တာထက် ဆိုးသွားခဲ့တယ် ယူဆရပါတယ်။

ဒီရာသီ မကုန်ခင် ရက်ဖို့ဒ် ပြန်ကစားနိုင်ဖို့ အခွင့်အရေး နည်းပါးခဲ့ပေမယ့် ကိုရိုနာကြောင့် ဘောလုံးပွဲများ ရပ်နားထားကာ နောက်ကျ သွားတာကြောင့် အင်္ဂလန်သား အနေနဲ့ ပွဲစဉ် အချို့ အမှီ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ရက်ဖို့ဒ်ရဲ့ အိမ်မှာ ကိုယ်ပိုင် Gym အသေးစား ရှိပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ထရိန်နင်မှာ လာရောက်ပြီး လေ့ကျင့်စေနေပါတယ်။ အသင်း ထရိန်င်မှာက ပစ္စည်း ကိရိယာ ပိုစုံလင်ပြီး ကြီးကြပ် စောင့်ကြည့်ပေးနေတာတွေ ရှိတာကြောင့် ရက်ဖို့ဒ် က ပုံမှန် လာရောက်နေတယ်လို့ သိရပါတယ်။

ဘောလုံးပွဲ ပြန်စတာတွေ အမှီ ရက်ဖို့ဒ် ပြန် ကြံ့ခိုင်မှု ပြည့်ဝနေဖို့ တွန်းအားပေး လေ့ကျင့်နေကြပြီး နောက် ၁၀ ရက် လောက်အတွင်း လုံး၀ အသင့် ဖြစ်နေဖွယ် ရှိတယ်လို့လည်း အင်္ဂလန် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

ယူနိုက်တက်ဟာ အသင်းသားတွေ အားလုံးကိုလည်း ထရိန်နင်မှာ ပြန်လည် လေ့ကျင့်ဖို့ ခေါ်ထားပြီး ကျန်းမာရေး အရ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်း အုပ်စု တစ်စု အများဆုံး ကစားသမား ငါးယောက်သာ ပါဝင်စေကာ လေ့ကျင့်စေနေပါတယ်။ ကစားသမားတွေဟာ ကိုယ့် ဝတ်စုံ ကိုယ်လျှော်ရပြီး မလိုအပ်တယ် လူအင်အားတွေ မသုံးဘဲ လျှော့ချထားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ဒဏ္ရာ သက္သာေပ်ာက္ကင္း လာေနျပီး သူ႔ရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနကေတာ့ ၈၀% ေလာက္ထိ ျပန္ ျပည့္၀ေနျပီ လို႔ သိရွိရပါတယ္။

ရက္ဖို႔ဒ္ က ဇန္န၀ါရီ လလယ္ပိုင္းေလာက္ ယူနိုက္တက္နဲ႕ ၀ုဗ္ရဲ႕ အက္ဖ္ေအဖလားပြဲမွာ ဒဏ္ရာ ရသြားခဲ့တာ ျဖစ္ျပီး နည္းျပ ဆိုးရွားကိုလည္း ရက္ဖို႔ဒ္ကို ပြဲဆက္ ကစားေစခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ ခံယူခဲ့ရပါတယ္။ ကစားသမား ၾကံ႕ခိုင္မႈ မျပည့္၀ခ်ိန္မွာ ထည့္သြင္း ကစားျဖစ္ခဲ့တာ ျဖစ္လို႔ ရက္ဖို႔ဒ္ အေနအထား ထင္တာထက္ ဆိုးသြားခဲ့တယ္ ယူဆရပါတယ္။

ဒီရာသီ မကုန္ခင္ ရက္ဖို႔ဒ္ ျပန္ကစားနုိင္ဖို႔ အခြင့္အေရး နည္းပါးခဲ့ေပမယ့္ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားကာ ေနာက္က် သြားတာေၾကာင့္ အဂၤလန္သား အေနနဲ႕ ပြဲစဥ္ အခ်ိဳ႕ အမွီ ျပန္ကစားနုိင္ဖြယ္ ရွိေနပါတယ္။

ရက္ဖို႔ဒ္ရဲ႕ အိမ္မွာ ကိုယ္ပိုင္ Gym အေသးစား ရွိေပမယ့္ အသင္းတာ၀န္ရွိသူေတြကေတာ့ ထရိန္နင္မွာ လာေရာက္ျပီး ေလ့က်င့္ေစေနပါတယ္။ အသင္း ထရိန္င္မွာက ပစၥည္း ကိရိယာ ပိုစံုလင္ျပီး ၾကီးၾကပ္ ေစာင့္ၾကည့္ေပးေနတာေတြ ရွိတာေၾကာင့္ ရက္ဖို႔ဒ္ က ပံုမွန္ လာေရာက္ေနတယ္လို႔ သိရပါတယ္။

ေဘာလံုးပြဲ ျပန္စတာေတြ အမွီ ရက္ဖို႔ဒ္ ျပန္ ၾကံ႕ခိုင္မႈ ျပည့္၀ေနဖို႔ တြန္းအားေပး ေလ့က်င့္ေနၾကျပီး ေနာက္ ၁၀ ရက္ ေလာက္အတြင္း လံုး၀ အသင့္ ျဖစ္ေနဖြယ္ ရွိတယ္လို႔လည္း အဂၤလန္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

ယူနိုက္တက္ဟာ အသင္းသားေတြ အားလံုးကိုလည္း ထရိန္နင္မွာ ျပန္လည္ ေလ့က်င့္ဖို႔ ေခၚထားျပီး က်န္းမာေရး အရ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြ အတိုင္း အုပ္စု တစ္စု အမ်ားဆံုး ကစားသမား ငါးေယာက္သာ ပါ၀င္ေစကာ ေလ့က်င့္ေစေနပါတယ္။ ကစားသမားေတြဟာ ကုိယ့္ ၀တ္စံု ကိုယ္ေလွ်ာ္ရျပီး မလိုအပ္တယ္ လူအင္အားေတြ မသံုးဘဲ ေလွ်ာ့ခ်ထားပါတယ္။