စီနီယာကြယ်ပွင့်နှစ်ဦး ပြန်လာရင် ယူနိုက်တက် ပရီးမီးယားလိဂ်ပါ ယူနိုင်ပြီလို့ ယုံထားတဲ့ သရဲနီများ
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ ပေါ့ဘာသာ ဒဏ်ရာတွေကနေ ပြန်လာပါက လာမယ့် ရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ ဒန်နီရယ် ဂျိမ်းစ်က ယုံကြည်နေပါတယ်။
အသင်းဖော် တော်မီနေးနဲ့ ဂျိမ်းစ်တို့ အွန်လိုင်းကနေ အပြန်အလှန် ဆွးနွေးမှုလုပ်ရာမှာ လာမယ့်ရာသီသစ်ဟာ ကောင်းမွန်တဲ့ အခြေအနေ ဖြစ်လာနိုင်ပြီး ကလပ်ရဲ့ စိတ်ဓာတ်ပိုင်းဟာ ဆုဖလားတွေ ရှိရာကို သွားနေတယ်လို့ ဆိုသွားခဲ့ပါတယ်။
ဂျိမ်းစ်က “လာမယ့်ရာသီက ကျွန်တော်တို့အတွက် ထူးခြားမှု ရှိလာနိုင်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ကစားသမားတွေ ဒဏ်ရာ ရခဲ့ကြတယ်။ တစ်ချို့ဆို ရေရည်ဒဏ်ရာတွေ များခဲ့တယ်။ မင်း (တော်မီနေး)ရော ပေါလ်နဲ့မားကပ်စ်တို့လည်း ပါတယ်။ ကျွန်တော်တို့ အားလုံးပြန်လာပြီး အားလုံးအတူတကွ အလှည့်ကျနဲ့ကစားမယ်ဆိုရင် လာမယ့်ရာသီ အမှတ်ပေးဖလား အတွက် စိန်ခေါ်နိုင်တဲ့ အခွင့်အရေးကောင်းတွေ ရနိုင်တယ်လို့ ထင်တယ်။ ” လို့ ဆိုခဲ့ပါတယ်။
တော်မီနေးကလည်း ပေါ့ဘာမပါတဲ့ ကွင်းလယ်မှာ ဒီရာသီ ပိုင်နိုင်စွာ ပါဝင်ဖြည့် ကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာတွေရဲ့ နှောင့်ယှက်မှု ခံခဲ့ရပြန်ပါတယ်။ ဘောက်ဆင်ဒေးမှာ ကစားတဲ့ နယူးကာဆယ်နဲ့ပွဲတွင် ဒူးဒဏ်ရာ ရပြီးနောက် တော်မီနေး ဟာ ၁၁ ပွဲဆက် လွဲချော်ခဲ့ပြီး အဲဒီနောက်ပိုင်းလည်း ထပ်မံ ဒဏ်ရာရခဲ့ပါသေးတယ်။
ကွင်းလယ်မှာ ပေါ့ဘာ၊ တော်မီနေး တို့ မပါလို့ အားနည်းနေတဲ့ အပြင် ယူနိုက်တက်ဟာ အားထားရတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကိုပါ ဇန်နဝါရီလထဲမှာ ဒဏ်ရာကြောင့် ထပ်မံ လက်လွှတ်ခဲ့ရတာပါ။
ဂျိမ်းစ်ရဲ့ ပြောစကားကိုလည်း တော်မီနေး က ပြန်လည် aထာက်ခံသွားခဲ့ပေမယ့် အပြောထက် အလုပ်နဲ့ သက်သေပြရမယ် လို့ စကော့ တလန်သား က ဆိုပါတယ်။
” ပြောရတာက အရမ်းလွယ်ပါတယ်။ ငါတို့ စကားပြောတာတွေ အရမ်းများနေတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာ ရှိတဲ့ မျှော်လင့်ချက် ကို သိတယ်။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းက ကြိုးစားပြီး ဖလားကို ရအောင်ယူမယ်လို့မျှော်လင့်ချက် ရှိထားပါတယ်။ အားလုံးရဲ့ ရည်မှန်းချက်ကလည်း ဆုဖလားတွေ အနိုင်ရဖို့ ဖြစ်တယ်။ ငါတို့အားလုံးက မန်ချက်စတာယူနိုက်တက်ပါ။ ပထမအသင်းကို ရောက်လာတဲ့အခါမှာ ဘောလုံးပွဲတိုင်းကို အနိုင်ကစားရမယ်ဆိုတာ ကစားသမားအားလုံး နားလည်ကြတယ်။ ” လို့ တော်မီနေး က ပြောဆို ခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ရက္ဖို႔ဒ္နဲ႔ ေပါ့ဘာသာ ဒဏ္ရာေတြကေန ျပန္လာပါက လာမယ့္ ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးႏိုင္တယ္လို႔ ဒန္နီရယ္ ဂ်ိမ္းစ္က ယုံၾကည္ေနပါတယ္။
အသင္းေဖာ္ ေတာ္မီေနးနဲ႔ ဂ်ိမ္းစ္တို႔ အြန္လိုင္းကေန အျပန္အလွန္ ဆြးေႏြးမႈလုပ္ရာမွာ လာမယ့္ရာသီသစ္ဟာ ေကာင္းမြန္တဲ့ အေျခအေန ျဖစ္လာႏိုင္ၿပီး ကလပ္ရဲ႕ စိတ္ဓာတ္ပိုင္းဟာ ဆုဖလားေတြ ရွိရာကို သြားေနတယ္လို႔ ဆိုသြားခဲ့ပါတယ္။
ဂ်ိမ္းစ္က “လာမယ့္ရာသီက ကြၽန္ေတာ္တို႔အတြက္ ထူးျခားမႈ ရွိလာႏိုင္ပါတယ္။ ဒီႏွစ္မွာ ကြၽန္ေတာ္တို႔ကစားသမားေတြ ဒဏ္ရာ ရခဲ့ၾကတယ္။ တစ္ခ်ိဳ႕ဆို ေရရည္ဒဏ္ရာေတြ မ်ားခဲ့တယ္။ မင္း (ေတာ္မီေနး)ေရာ ေပါလ္နဲ႔မားကပ္စ္တို႔လည္း ပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးျပန္လာၿပီး အားလုံးအတူတကြ အလွည့္က်နဲ႔ကစားမယ္ဆိုရင္ လာမယ့္ရာသီ အမွတ္ေပးဖလား အတြက္ စိန္ေခၚႏိုင္တဲ့ အခြင့္အေရးေကာင္းေတြ ရႏိုင္တယ္လို႔ ထင္တယ္။ ” လို႔ ဆိုခဲ့ပါတယ္။
ေတာ္မီေနးကလည္း ေပါ့ဘာမပါတဲ့ ကြင္းလယ္မွာ ဒီရာသီ ပိုင္နုိင္စြာ ပါ၀င္ျဖည့္ ကစားနုိင္ခဲ့ေပမယ့္လည္း ဒဏ္ရာေတြရဲ႕ ေနွာင့္ယွက္မႈ ခံခဲ့ရျပန္ပါတယ္။ ေဘာက္ဆင္ေဒးမွာ ကစားတဲ့ နယူးကာဆယ္နဲ႔ပြဲတြင္ ဒူးဒဏ္ရာ ရၿပီးေနာက္ ေတာ္မီေနး ဟာ ၁၁ ပြဲဆက္ လြဲေခ်ာ္ခဲ့ၿပီး အဲဒီေနာက္ပိုင္းလည္း ထပ္မံ ဒဏ္ရာရခဲ့ပါေသးတယ္။
ကြင္းလယ္မွာ ေပါ့ဘာ၊ ေတာ္မီေနး တို႔ မပါလို႔ အားနည္းေနတဲ့ အျပင္ ယူနုိက္တက္ဟာ အားထားရတဲ့ တိုက္စစ္မွဴး ရက္ဖို႔ဒ္ကိုပါ ဇန္န၀ါရီလထဲမွာ ဒဏ္ရာေၾကာင့္ ထပ္မံ လက္လႊတ္ခဲ့ရတာပါ။
ဂ်ိမ္းစ္ရဲ႕ ေျပာစကားကိုလည္း ေတာ္မီေနး က ျပန္လည္ aထာက္ခံသြားခဲ့ေပမယ့္ အေျပာထက္ အလုပ္နဲ႔ သက္ေသျပရမယ္ လို႔ စေကာ့ တလန္သား က ဆိုပါတယ္။
” ေျပာရတာက အရမ္းလြယ္ပါတယ္။ ငါတို႔ စကားေျပာတာေတြ အရမ္းမ်ားေနတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ ယူႏိုက္တက္မွာ ရွိတဲ့ ေမွ်ာ္လင့္ခ်က္ ကို သိတယ္။ အသင္းမွာရွိတဲ့ ကစားသမားတိုင္းက ႀကိဳးစားၿပီး ဖလားကို ရေအာင္ယူမယ္လို႔ေမွ်ာ္လင့္ခ်က္ ရွိထားပါတယ္။ အားလုံးရဲ႕ ရည္မွန္းခ်က္ကလည္း ဆုဖလားေတြ အႏိုင္ရဖို႔ ျဖစ္တယ္။ ငါတို႔အားလုံးက မန္ခ်က္စတာယူႏိုက္တက္ပါ။ ပထမအသင္းကို ေရာက္လာတဲ့အခါမွာ ေဘာလုံးပြဲတိုင္းကို အႏိုင္ကစားရမယ္ဆိုတာ ကစားသမားအားလုံး နားလည္ၾကတယ္။ ” လုိ႔ ေတာ္မီေနး က ေျပာဆို ခဲ့ပါတယ္။