လျှော့တွက်ခံရခဲ့တဲ့ ယူနိုက်တက် လက်ထောက်နည်းပြ ကားရစ်ရဲ့ အရည်အချင်း

မန်ချက်စတာ ယူနိုက်တက် ဘယ်စွန် ခံစစ်မှူး လုခ်ရှောက မိုက်ကယ်ကားရစ်ဟာ ကစားသမားဘဝမှာ အထင်ကြီးမခံရဘဲ အတော်လေး လျှော့တွက် ခံခဲ့ရပြီး တကယ်တမ်းတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်နေဆဲလို့ ယုံကြည်နေပါတယ်။

ကားရစ်က ယခု အသက်၃၈နှစ်ရှိပြီဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ် မှာ လက်ထောက်နည်းပြ လုပ်နေတဲ့ ကာရစ်ဟာ ၂၀၀၆မှာ ယူနိုက်တက်ကို ရောက်လာခဲ့ပြီး ၂၀၁၈ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်ဟောင်းဟာ မန်ချက်စတာကလပ်မှာ ပွဲ ၃၀၀ ကျော် ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ကြိမ်အပြင် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တို့ပါ ရရှိခဲ့ပါတယ်။

ယူနိုက်တက် အတွက် ပုံမှန်ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း ရှောက ကာရစ်ရဲ့ စွမ်းဆောင်မှုတွေဟာ လျစ်လျူရှုခံခဲ့ရတယ်လို့ ယုံကြည်နေပြီး ၎င်းအနေနဲ့ ယနေ့အထိ အသင်းမှာ အလုပ်တစ်ခု လုပ်နိူင်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

” ဒေးဗစ်ဘက်ခ်ဟမ်းက အနည်းငယ် လျှော့တွက်ခံရတယ်လို့ ခံစားရပေမယ့် ကျွန်တော်ကတော့ မိုက်ကယ်ကာရစ်က ပိုခံရတယ် ထင်ပါတယ်၊ ယူနိုက်တက် အတွက်သာမက အင်္ဂလန် အတွက်ပါ သူက အတော်လေး အထင်ကြီးမခံခဲ့ရတာပါ၊ ကျွန်တော် ယူနိုက်တက်ကို စရောက်တော့ သူက အသက်နည်းနည်းရလာပြီ၊ ဒါပေမယ့် သူ့မှာ အရည်အသွေး ရှိဆဲပါ၊ အခုထိလဲ သူလုပ်ပြနိုင်နေဆဲပါပဲ။

လေ့ကျင့်ရေးမှာ သူ့ကိူ မြင်နေရတာတွေကို ကြည့်ပြီး အခုတောင် ပရီးမီးယားလိဂ် မှာ သူကစားနိူင်နေဆဲလို့ ထင်ပါတယ်၊ သူက ထိုက်တန်တဲ့ အသိအမှတ်ပြုမှုမျိုး မရခဲ့ဘူး၊ ယူနိုက်တက် အတွက် အရေးပါခဲ့တဲ့ ကစားသမားတွေကို ပြန်ကြည့်တဲ့အခါ သူအောင်မြင်ခဲ့တဲ့ ဖလားအားလုံးကို ကြည့်ကြည့်ပါ၊ သူက အဲ့ခေတ်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်ခဲ့တာပါ။” လို့ ရှောက ဆိုခဲ့ပါတယ်။

ကားရစ်ဟာ ယူနိုက်တက်မှာ ကလပ်နဲ့ အတူ ခိုင်မာတဲ့ စံချိန်မှတ်တမ်း ရရှိထားပေမယ့်လဲ ကာရစ်ဟာ အင်္ဂလန် အတွက် ၃၄ပွဲသာ ကစားခဲ့ရသလို လမ်းပတ်၊ ဂျရတ်တို့ လွှမ်းမိုးခဲ့တဲ့ လက်ရွေးစင် အသင်းမှာ သူက နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ ဘယ္စြန္ ခံစစ္မွဴး လုခ္ေရွာက မိုက္ကယ္ကားရစ္ဟာ ကစားသမားဘ၀မွာ အထင္ၾကီးမခံရဘဲ အေတာ္ေလး ေလွ်ာ့တြက္ ခံခဲ့ရၿပီး တကယ္တမ္းေတာ့ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ဆက္ကစားႏိုင္ေနဆဲလို႔ ယုံၾကည္ေနပါတယ္။

ကားရစ္က ယခု အသက္၃၈ႏွစ္ရွိၿပီျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္ မွာ လက္ေထာက္နည္းျပ လုပ္ေနတဲ့ ကာရစ္ဟာ ၂၀၀၆မွာ ယူႏိုက္တက္ကို ေရာက္လာခဲ့ၿပီး ၂၀၁၈ မွာ ကစားသမားဘဝကေန အနားယူခဲ့တာပါ။

ယူနိုက္တက္ ကြင္းလယ္ေဟာင္းဟာ မန္ခ်က္စတာကလပ္မွာ ပြဲ ၃၀၀ ေက်ာ္ ကစားေပးခဲ့ၿပီး ပရီးမီးယားလိဂ္ ၅ႀကိမ္အျပင္ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္တို႔ပါ ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ အတြက္ ပုံမွန္ကစားသမား ျဖစ္ခဲ့ေပမယ့္လည္း ေရွာက ကာရစ္ရဲ႕ စြမ္းေဆာင္မႈေတြဟာ လ်စ္လ်ဴရႈခံခဲ့ရတယ္လို႔ ယုံၾကည္ေနၿပီး ၎အေနနဲ႔ ယေန႔အထိ အသင္းမွာ အလုပ္တစ္ခု လုပ္ႏိူင္ေနဆဲျဖစ္​ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” ေဒးဗစ္ဘက္ခ္ဟမ္းက အနည္းငယ္ ေလွ်ာ့တြက္ခံရတယ္လို႔ ခံစားရေပမယ့္ ကြၽန္ေတာ္ကေတာ့ မိုက္ကယ္ကာရစ္က ပိုခံရတယ္ ထင္ပါတယ္၊ ယူႏိုက္တက္ အတြက္သာမက အဂၤလန္ အတြက္ပါ သူက အေတာ္ေလး အထင္ႀကီးမခံခဲ့ရတာပါ၊ ကြၽန္ေတာ္ ယူႏိုက္တက္ကို စေရာက္ေတာ့ သူက အသက္နည္းနည္းရလာၿပီ၊ ဒါေပမယ့္ သူ႔မွာ အရည္အေသြး ရွိဆဲပါ၊ အခုထိလဲ သူလုပ္ျပႏိုင္ေနဆဲပါပဲ။

ေလ့က်င့္ေရးမွာ သူ႔ကိူ ျမင္ေနရတာေတြကို ၾကည့္ၿပီး အခုေတာင္ ပရီးမီးယားလိဂ္ မွာ သူကစားႏိူင္ေနဆဲလို႔ ထင္ပါတယ္၊ သူက ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈမ်ိဳး မရခဲ့ဘူး၊ ယူႏိုက္တက္ အတြက္ အေရးပါခဲ့တဲ့ ကစားသမားေတြကို ျပန္ၾကည့္တဲ့အခါ သူေအာင္ျမင္ခဲ့တဲ့ ဖလားအားလုံးကို ၾကည့္ၾကည့္ပါ၊ သူက အဲ့ေခတ္မွာ အသင္းရဲ႕ အဓိက ကစားသမား တစ္ေယာက္ ျဖစ္ခဲ့တာပါ။” လို႔ ေရွာက ဆိုခဲ့ပါတယ္။

ကားရစ္ဟာ ယူနိုက္တက္မွာ ကလပ္နဲ႕ အတူ ခိုင္မာတဲ့ စံခ်ိန္မွတ္တမ္း ရရွိထားေပမယ့္လဲ ကာရစ္ဟာ အဂၤလန္ အတြက္ ၃၄ပြဲသာ ကစားခဲ့ရသလို လမ္းပတ္၊ ဂ်ရတ္တို႔ လႊမ္းမိုးခဲ့တဲ့ လက္ေရြးစင္ အသင္းမွာ သူက ေနရာရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။