ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘရူနို ဖာနန်ဒက်စ်ကြားက တူညီတဲ့ အရည်အချင်းတစ်ရပ်ကို ဖော်ထုတ်မှု
ယူနိုက်တက်ကစားသမားဟောင်း ရော်နယ်ဒိုနဲ့ ဇန်နဝါရီကမှ ယူနိုက်တက်ကို ပြောင်းလာခဲ့တဲ့ ပေါ်တူဂီသား ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကြားမှာ တူညီတဲ့ အရည်အချင်း တစ်ရပ်ရှိကြောင်း စပို့တင်း တိုက်စစ်သမား ဖီလစ်က ထုတ်ပြောလိုက်ပါတယ်။
ဖီလစ်ကတော့ ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာ အရံှူးဆိုတာကို မနှစ်သက်ပဲ အနိုင်မခံ အရံှူးမပေးလိုစိတ် ပြင်းထန်ကြတယ်လို့ နှိုင်းယှဉ် ပြောဆိုလိုက်တာပါ။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့တာ လပိုင်းပဲ ကြာမြင့်သေးပေမယ့် BBC Sport ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်း စာရင်းထဲတောင် ပါဝင်နိုင်ခဲ့သူဖြစ်တယ်။
ဖာနန်ဒက်စ် ယူနိုက်တက်ကို ရောက်ရှိဖို့ကို ရော်နယ်ဒိုကိုယ်တိုင်က ထောက်ခံခဲ့ပြီး တစ်နိုင်ငံတည်း ကစားသမားက မန်ချက်စတာမှာ အောင်မြင်လိမ့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ ဖာနန်ဒက်စ် ရောက်လာခဲ့စဉ်ကစပြီး ယူနိုက်တက်က တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ အင်္ဂလန်လိဂ်ကို လွှမ်းမိုးထားတဲ့ မန်စီးတီးလို အသင်းကိုတောင် အနိုင်ယူပြနိုင်ခဲ့တာဖြစ်တယ်။
ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် ကစားသမားတွေထဲ ဖာနန်ဒက်စ်က ထိပ်ဆုံးက ပါလာခဲ့ပြီး လက်ကျန် ဘောလုံးပွဲတွေကို ပြန်စတင်နိုင်ရင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အလားအလာကောင်းနေပါတယ်။
ဖီလစ်က ” ဖာနန်ဒက်စ်က ကွင်းပြင်မှာ တည်ငြိမ်ပေမယ့် ကွင်းထဲဆိုရင်တော့ ခြားနားလွန်းပါတယ်။ သူက ရော်နယ်ဒိုနဲ့ တူပါတယ်။ ဘောလုံးပွဲရံှူးရင် သူက ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ ရလာတဲ့ အခွင့်အရေးကို အသုံးချဖို့ အကောင်းဆုံး ကြိုးစားနေတဲ့ နေရာမှာလည်း သူ့ကို မအံ့သြပါဘူး။
ပေါ်တူဂီလိဂ်က ပြိုင်ဆိုင်မှု အားနည်းတယ်လို့ လူတွေ မြင်ကြပေမယ့် အဲ့တာက မမှန်ပါဘူး။ ဒီက ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းတွေက ကောင်းမွန်ပြီး ပေါ်တူဂီလိဂ်က ထိပ်တန်း ကစားသမားတွေဟာ အခြား ဘယ်လိဂ်မှာမဆို ခြေစွမ်းပြ ကစားနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ယူႏုိက္တက္ကစားသမားေဟာင္း ေရာ္နယ္ဒိုနဲ႔ ဇန္နဝါရီကမွ ယူႏုိက္တက္ကို ေျပာင္းလာခဲ့တဲ့ ေပၚတူဂီသား ကြင္းလယ္လူ ဖာနန္ဒက္စ္တို႔ၾကားမွာ တူညီတဲ့ အရည္အခ်င္း တစ္ရပ္ရွိေၾကာင္း စပို႔တင္း တိုက္စစ္သမား ဖီလစ္က ထုတ္ေျပာလိုက္ပါတယ္။
ဖီလစ္ကေတာ့ ေရာ္နယ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ဟာ အရံွဴးဆိုတာကို မႏွစ္သက္ပဲ အႏုိင္မခံ အရံွဴးမေပးလိုစိတ္ ျပင္းထန္ၾကတယ္လို႔ ႏိႈင္းယွဥ္ ေျပာဆိုလိုက္တာပါ။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့တာ လပိုင္းပဲ ၾကာျမင့္ေသးေပမယ့္ BBC Sport ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုးအသင္း စာရင္းထဲေတာင္ ပါဝင္ႏုိင္ခဲ့သူျဖစ္တယ္။
ဖာနန္ဒက္စ္ ယူႏုိက္တက္ကို ေရာက္ရွိဖို႔ကို ေရာ္နယ္ဒိုကိုယ္တုိင္က ေထာက္ခံခဲ့ျပီး တစ္ႏုိင္ငံတည္း ကစားသမားက မန္ခ်က္စတာမွာ ေအာင္ျမင္လိမ့္မယ္လို႔ ေဟာကိန္း ထုတ္ထားပါတယ္။ ဖာနန္ဒက္စ္ ေရာက္လာခဲ့စဥ္ကစျပီး ယူႏုိက္တက္က တစ္ဟုန္ထိုး တိုးတက္လာခဲ့ကာ အဂၤလန္လိဂ္ကို လႊမ္းမုိးထားတဲ့ မန္စီးတီးလို အသင္းကိုေတာင္ အႏုိင္ယူျပႏုိင္ခဲ့တာျဖစ္တယ္။
ပရီးမီးယားလိဂ္မွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားေတြထဲ ဖာနန္ဒက္စ္က ထိပ္ဆံုးက ပါလာခဲ့ျပီး လက္က်န္ ေဘာလံုးပြဲေတြကို ျပန္စတင္ႏုိင္ရင္ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔လည္း အလားအလာေကာင္းေနပါတယ္။
ဖီလစ္က ” ဖာနန္ဒက္စ္က ကြင္းျပင္မွာ တည္ျငိမ္ေပမယ့္ ကြင္းထဲဆိုရင္ေတာ့ ျခားနားလြန္းပါတယ္။ သူက ေရာ္နယ္ဒိုနဲ႔ တူပါတယ္။ ေဘာလံုးပြဲရံွဴးရင္ သူက ဘယ္သူနဲ႔မွ စကားမေျပာေတာ့ဘူး။ ရလာတဲ့ အခြင့္အေရးကို အသံုးခ်ဖို႔ အေကာင္းဆံုး ၾကိဳးစားေနတဲ့ ေနရာမွာလည္း သူ႔ကို မအံ့ၾသပါဘူး။
ေပၚတူဂီလိဂ္က ျပိဳင္ဆုိင္မႈ အားနည္းတယ္လို႔ လူေတြ ျမင္ၾကေပမယ့္ အဲ့တာက မမွန္ပါဘူး။ ဒီက ၾကံ႕ခိုင္မႈနဲ႔ နည္းစနစ္ပိုင္းေတြက ေကာင္းမြန္ျပီး ေပၚတူဂီလိဂ္က ထိပ္တန္း ကစားသမားေတြဟာ အျခား ဘယ္လိဂ္မွာမဆို ေျခစြမ္းျပ ကစားႏုိင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။