ကိန်း အထောင်၊ တောင်ပံမှာ ဆန်ချိုနဲ့ ရက်ဖို့ဒ် ရံထားတဲ့ အပျံစား ယူနိုက်တက် တိုက်စစ်

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ပေါအင့်စ်ကတော့ အသင်းဟောင်း အနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းမှု မလုပ်ဖြစ်ဘူးဆိုရင် ရူးမိုက်ရာ ကျလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ကိန်းဆီက လိုချင်တဲ့ အဖြေ ရဖို့ အခွင့်အရေး နည်းရင်တောင်မှ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ လို့ ပေါအင့်စ်က ဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ ဟယ်ရီကိန်းကိုသာ ခေါ်ယူမယ်ဆိုရင် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၀၀ သန်း လောက်ထိ အသုံးပြုရဖွယ် ရှိနေပါတယ်။ ကိန်းဟာ တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေအတွက် အာမခံချက်ရှိတာကြောင့် ဆိုးလ်ရှားအနေနဲ့ ခက်ခဲမယ်ဆိုရင်တောင် ကြိုးပမ်းသင့်တယ်လို့ အင့်စ်က တိုက်တွန်းခဲ့ပါတယ်။

” တကယ်လို့ ဟယ်ရီကိန်းက အထောင်တိုက်စစ်၊ ဆန်ချိုက ညတောင်ပံ နဲ့ ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှာဆို ဘယ်လောက် ကောင်းလိုက် မလဲ။ ဒါက အိပ်မက်တစ်ခုပါ။ ” လို့ အင့်စ်က ပြောဆိုခဲ့ပါတယ်။

” ကျနော့်ကို တမျိုး မမြင်ကြပါနဲ့။ ဒါပေမယ့် ယူနိုက်တက်သာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ်ဆိုရင်တော့ တကယ်ကို ပိုကာင်းလာမယ်လို့ ကျနော် ထင်တယ်။ တော့တင်ဟမ် ပရိသတ်တွေကတော့ ဒီလိုမျိုး ကြားချင်မှာ မဟုတ်တာ သေချာတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ကစားသမား တစ်ဦးဟာ စိန်ခေါ်မှု အသစ်တွေ လိုအပ်ပါတယ်။

ဒီတော့ ကိန်းအတွက် စိန်ခေါ်မှုက ယူနိုက်တက်မှ မဟုတ်ပါဘူး။ ပြည်ပလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူက သိနိုင်မှာလဲ။ သူ့ကို ရတဲ့ အသင်းကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးကို ရလိုက်သလို ဖြစ်နေမှာပါ။ သူဟာ သွင်းဂိုးတွေအတွက် အာမခံချက်ရှိတဲ့ တိုက်စစ်မှူးကောင်း ဖြစ်တယ်။ ” လို့ ပေါအင့်စ်က ပြောကြားခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ေပါအင့္စ္ကေတာ့ အသင္းေဟာင္း အေနနဲ႕ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူဖို႔ စံုစမ္း ေမးျမန္းမႈ မလုပ္ျဖစ္ဘူးဆိုရင္ ရူးမိုက္ရာ က်လိမ့္္မယ္လို႔ သတိေပးလိုက္ပါတယ္။ ကိန္းဆီက လိုခ်င္တဲ့ အေျဖ ရဖို႔ အခြင့္အေရး နည္းရင္ေတာင္မွ ျဖစ္မလာနုိင္ဘူးလို႔ ဘယ္သူ ေျပာနိုင္မလဲ လို႔ ေပါအင့္စ္က ဆိုခဲ့ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔ ဟယ္ရီကိန္းကိုသာ ေခၚယူမယ္ဆိုရင္ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၀၀ သန္း ေလာက္ထိ အသုံးျပဳရဖြယ္ ရွိေနပါတယ္။ ကိန္းဟာ တိုက္စစ္ပိုင္းမွာ သြင္းဂိုးေတြအတြက္ အာမခံခ်က္ရွိတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ခက္ခဲမယ္ဆိုရင္ေတာင္ ႀကိဳးပမ္းသင့္တယ္လို႔ အင့္စ္က တိုက္တြန္းခဲ့ပါတယ္။

” တကယ္လို႔ ဟယ္ရီကိန္းက အေထာင္တိုက္စစ္၊ ဆန္ခ်ိဳက ညေတာင္ပံ နဲ႔ ရက္ရွ္ဖို႔ဒ္က ဘယ္ေတာင္ပံမွာဆို ဘယ္ေလာက္ ေကာင္းလိုက္ မလဲ။ ဒါက အိပ္မက္တစ္ခုပါ။ ” လို႔ အင့္စ္က ေျပာဆိုခဲ့ပါတယ္။

” က်ေနာ့္ကို တမ်ိဳး မျမင္ၾကပါနဲ႕။ ဒါေပမယ့္ ယူနုိက္တက္သာ ဟယ္ရီကိန္းကို ေခၚယူႏိုင္မယ္ဆိုရင္ေတာ့ တကယ္ကို ပိုကာင္းလာမယ္လို႔ က်ေနာ္ ထင္တယ္။ ေတာ့တင္ဟမ္ ပရိသတ္ေတြကေတာ့ ဒီလိုမ်ိဳး ၾကားခ်င္မွာ မဟုတ္တာ ေသခ်ာတယ္။ ဒါေပမဲ့ တစ္ခါတေလမွာ ကစားသမား တစ္ဦးဟာ စိန္ေခၚမႈ အသစ္ေတြ လိုအပ္ပါတယ္။

ဒီေတာ့ ကိန္းအတြက္ စိန္ေခၚမႈက ယူႏိုက္တက္မွ မဟုတ္ပါဘူး။ ျပည္ပလည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္သူက သိႏိုင္မွာလဲ။ သူ႔ကို ရတဲ့ အသင္းကေတာ့ တကယ့္ကို ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးတစ္ဦးကို ရလိုက္သလို ျဖစ္ေနမွာပါ။ သူဟာ သြင္းဂိုးေတြအတြက္ အာမခံခ်က္ရွိတဲ့ တိုက္စစ္မႉးေကာင္း ျဖစ္တယ္။ ” လို႔ ေပါအင့္စ္က ေျပာၾကားခဲ့ပါတယ္။