ယူနိုက်တက်နဲ့ ဝုဗ် ပစ်မှတ် တိုက်စစ်မှူး ဗင်နီစီးရပ်စ် အတွက် ဘင်ဖီကာ ဈေးသတ်မှတ်

ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်နဲ့ ဝုဗ် အသင်းတို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ တိုက်စစ်မှူး ဗင်နီစီးရပ်စ် အတွက် ဘင်ဖီကာအသင်း က တန်ကြေး သတ်မှတ် အသိပေးလိုက်ပါတယ်။

ဘင်ဖီကာက စာချုပ်ပါ အတိုင်း ကစားသမား စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ ထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် အသိပေးခဲ့တာပါ။ ဘရာဇီးသား တိုက်စစ်မှူး ဗင်နီစီးရပ်စ် ကို ဒီနွေ အတွက် ယူနိုက်တက်က ပစ်မှတ်ထားနေခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးက ပေါ်တူဂီ အမှတ်ပေးလိဂ်မှာတော့ ဒီရာသီ ၁၅ ဂိုး သွင်းထားပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပါတယ်။ ပေါ်တူဂီ သတင်းတွေ အရ ဘင်ဖီကာက ပေါင် ၅၃ သန်း ရရင်ကို ဗင်နီစီးရပ်စ် ကို လက်လွှတ်ဖွယ် ရှိတယ် ဆိုထားပေမယ့် အသင်းဘက်က စာချုပ်ဖျက်သိမ်းကြေး အတိုင်း အလိုရှိတယ် လေသံပစ်လာခဲ့တာပါ။

ဗင်နီစီးရပ်စ် က ဘင်ဖီကာနဲ့ ၂၀၂၄ ထိ စာချုပ် ကျန်ရှိသေးပါတယ်။ ဘင်ဖီကာက ပြီးခဲ့တဲ့နွေ နာပိုလီကနေ ခေါ်ယူလာတည်းက ဗင်နီစီးရပ်စ် ကို စာချုပ်ဖျက်သိမ်းကြေး မြင့်မြင့်နဲ့ ချုပ်ကိုင်ထားလိုက်တာ ဖြစ်ပါတယ်။

ဝုဗ်အသင်းဘက်ကတော့ ကိုရိုနာ အကြပ်အတည်းမှာ ငွေထုတ်သုံးကာ ဗင်နီစီးရပ်စ် ကို ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း အသံထွက်လာခဲ့ပါတယ်။ ဘင်ဖီကာ နည်းပြ ဘရူနိုကတော့ သူ့အသင်းကို ဗင်နီစီးရပ်စ် အပေါ် အခြေတည် တည်ဆောက်လိုတာကြောင့် ကစားသမားကို လက်မလွှတ်လိုပါဘူး။

ယူနိုက်တက်က အစ်ဟာလို ရဲ့ အနေအထား မသေချာတာကြောင့် ဗင်နီစီးရပ်စ် ကို ချိတ်ဆက်နေတာ ဖြစ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အပေါ် တွန့်ဆုတ်ဖွယ် ရှိပါတယ်။ ဘင်ဖီကာ တောင်းဆိုတဲ့ ဗင်နီစီးရပ်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကို ပေးလိုတဲ့ အသင်း မရှိသေးဘူး သိရပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ မန္ခ်က္စတာယူနိုက္တက္နဲ႕ ၀ုဗ္ အသင္းတို႔ရဲ႕ ပစ္မွတ္ထားျခင္း ခံေနရတဲ့ တိုက္စစ္မွဴး ဗင္နီစီးရပ္စ္ အတြက္ ဘင္ဖီကာအသင္း က တန္ေၾကး သတ္မွတ္ အသိေပးလိုက္ပါတယ္။

ဘင္ဖီကာက စာခ်ဳပ္ပါ အတိုင္း ကစားသမား စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို သန္း ၁၀၀ ထက္ နည္းပါးတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႕ ကမ္းလွမ္းမႈကို လက္ခံစဥ္းစားမွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ အသိေပးခဲ့တာပါ။ ဘရာဇီးသား တိုက္စစ္မွဴး ဗင္နီစီးရပ္စ္ ကို ဒီေႏြ အတြက္ ယူနိုက္တက္က ပစ္မွတ္ထားေနခဲ့ပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ တိုက္စစ္မွဴးက ေပၚတူဂီ အမွတ္ေပးလိဂ္မွာေတာ့ ဒီရာသီ ၁၅ ဂိုး သြင္းထားျပီး ထိပ္တန္း ဂိုးသြင္းရွင္ ျဖစ္ပါတယ္။ ေပၚတူဂီ သတင္းေတြ အရ ဘင္ဖီကာက ေပါင္ ၅၃ သန္း ရရင္ကို ဗင္နီစီးရပ္စ္ ကို လက္လႊတ္ဖြယ္ ရွိတယ္ ဆိုထားေပမယ့္ အသင္းဘက္က စာခ်ဳပ္ဖ်က္သိမ္းေၾကး အတိုင္း အလိုရွိတယ္ ေလသံပစ္လာခဲ့တာပါ။

ဗင္နီစီးရပ္စ္ က ဘင္ဖီကာနဲ႕ ၂၀၂၄ ထိ စာခ်ဳပ္ က်န္ရွိေသးပါတယ္။ ဘင္ဖီကာက ျပီးခဲ့တဲ့ေႏြ နာပိုလီကေန ေခၚယူလာတည္းက ဗင္နီစီးရပ္စ္ ကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ျမင့္ျမင့္နဲ႕ ခ်ဳပ္ကိုင္ထားလိုက္တာ ျဖစ္ပါတယ္။

၀ုဗ္အသင္းဘက္ကေတာ့ ကိုရိုနာ အၾကပ္အတည္းမွာ ေငြထုတ္သံုးကာ ဗင္နီစီးရပ္စ္ ကို ေခၚယူဖို႔ မျဖစ္နုိင္ေၾကာင္း အသံထြက္လာခဲ့ပါတယ္။ ဘင္ဖီကာ နည္းျပ ဘရူနိုကေတာ့ သူ႔အသင္းကို ဗင္နီစီးရပ္စ္ အေပၚ အေျခတည္ တည္ေဆာက္လိုတာေၾကာင့္ ကစားသမားကို လက္မလႊတ္လိုပါဘူး။

ယူနိုက္တက္က အစ္ဟာလို ရဲ႕ အေနအထား မေသခ်ာတာေၾကာင့္ ဗင္နီစီးရပ္စ္ ကို ခ်ိတ္ဆက္ေနတာ ျဖစ္ေပမယ့္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး အေပၚ တြန္႔ဆုတ္ဖြယ္ ရွိပါတယ္။ ဘင္ဖီကာ ေတာင္းဆိုတဲ့ ဗင္နီစီးရပ္စ္ အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၁၀၀ ကို ေပးလိုတဲ့ အသင္း မရွိေသးဘူး သိရပါတယ္။