ဂျရတ်၊ လမ်းပတ်နဲ့ သူ ဘယ်သူပိုကောင်းလဲ မေးခွန်းတွေကို ငြီးငွေ့နေပြီလို့ စခိုးလ် သတိပေး
မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ပေါလ်စခိုးလ် က လူတွေ အမြဲ နှိုင်းယှဉ်နေကြတဲ့ ဂျရတ် လမ်းပတ် နဲ့ သူ့အကြား ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းကို ထပ်မံ မေးခံခဲ့ရပြီး ဒီငြင်းခုန်မှုတွေကို သူ စိတ်ပျက်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင်ဟောင်း ပေါလ်စခိုးလ် ဟာ ဘီဘီစီ အစီအစဉ်မှာ ဒီမေးခွန်းကို မေးခံခဲ့ရတာဖြစ်ပြီး ပြန် ဖြေကြားခဲ့ပေမယ့် သူ့အနေနဲ့ အခုလို နှိုင်းယှဉ် ငြင်းခုန်နေကြတာတွေကိုလည်း စိတ်ပျက်မိတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
” စတီဗင်ဂျရတ် နဲ့ လမ်းပတ် တို့နှစ်ဦးက ပိုကောင်းပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမေးခွန်းတွေကို ကြားရလွန်းလို့ ကျွန်တော် စိတ်ပျက်ငြီးငွေ့နေပါပြီ။ လူတိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင် ထင်မြင်ချက်တွေ အယူအဆတွေ ရှိကြမှာပါပဲ။ သူတို့နှစ်ဦးကတော့ အံသြဖွယ် ကောင်းတဲ့ကစားသမားနှစ်ဦးပါ၊ ဒါပေမဲ့ သူတို့ရဲ့ကြားမှာလည်း အရမ်းကို ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ” လို့ စခိုးလ်က ပြောဆိုခဲ့ပါတယ်။
ပေါလ်စခိုးလ်၊ လမ်းပတ်၊ ဂျရတ်တို့ဟာ ပရီးမီးယားလိဂ်မှာ ခေတ်ပြိုင် ထိပ်သီး ကွင်းလယ်ကစားသမားတွေ ဖြစ်ကြသလို အင်္ဂလန် ကွင်းလယ်မှာလည်း စိုးမိုးခဲ့ကြသူတွေပါ။
လက်ရှိမှာ ၎င်းတို့ သုံးဦးလုံး ဘောလုံးကစားခြင်းမှ အနားယူသွားပြီ ဖြစ်ကာ လမ်းပတ်က ချယ်ဆီးအသင်း၊ ဂျရတ်ကတော့ စကော့တလန် ကလပ် ရိမ်းဂျားစ် အသင်းတို့ကို အသီးသီး နည်းပြအဖြစ် တာဝန်ယူနေကြပါတယ်။
Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကြင္းလယ္ကစားသမားေဟာင္းျဖစ္သူ ေပါလ္စခိုးလ္ က လူေတြ အျမဲ ႏိႈင္းယွဥ္ေနၾကတဲ႔ ဂ်ရတ္ လမ္းပတ္ န႔ဲ သူ႕အၾကား ဘယ္သူက အေကာင္းဆံုးလဲဆိုတဲ႔ ေမးခြန္းကို ထပ္မံ ေမးခံခဲ့ရျပီး ဒီျငင္းခုန္မႈေတြကို သူ စိတ္ပ်က္ေနျပီလို႔ ေျပာဆိုခဲ့ပါတယ္။
အဂၤလန္ လက္ေရြးစင္ေဟာင္း ေပါလ္စခိုးလ္ ဟာ ဘီဘီစီ အစီအစဥ္မွာ ဒီေမးခြန္းကို ေမးခံခဲ႔ရတာျဖစ္ျပီး ျပန္ ေျဖၾကားခဲ့ေပမယ့္ သူ႔အေနနဲ႔ အခုလို ႏိႈင္းယွဥ္ ျငင္းခုန္ေနၾကတာေတြကိုလည္း စိတ္ပ်က္မိတယ္လို႔ ၀န္ခံသြားခဲ႔ပါတယ္။
” စတီဗင္ဂ်ရတ္ နဲ႔ လမ္းပတ္ တို႔ႏွစ္ဦးက ပိုေကာင္းပါတယ္။ ဒါေပမဲ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီေမးခြန္းေတြကို ၾကားရလြန္းလို႔ ကြ်န္ေတာ္ စိတ္ပ်က္ျငီးေငြ႔ေနပါျပီ။ လူတိုင္းမွာေတာ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ ထင္ျမင္ခ်က္ေတြ အယူအဆေတြ ရွိၾကမွာပါပဲ။ သူတို႔ႏွစ္ဦးကေတာ႔ အံၾသဖြယ္ ေကာင္းတဲ႔ကစားသမားႏွစ္ဦးပါ၊ ဒါေပမဲ႔ သူတို႔ရဲ႕ၾကားမွာလည္း အရမ္းကို ကြဲျပားျခားနားမႈေတြ ရွိပါတယ္။ ” လို႔ စခိုးလ္က ေျပာဆိုခဲ့ပါတယ္။
ေပါလ္စခိုးလ္၊ လမ္းပတ္၊ ဂ်ရတ္တို႔ဟာ ပရီးမီးယားလိဂ္မွာ ေခတ္ျပိဳင္ ထိပ္သီး ကြင္းလယ္ကစားသမားေတြ ျဖစ္ၾကသလို အဂၤလန္ ကြင္းလယ္မွာလည္း စိုးမိုးခဲ့ၾကသူေတြပါ။
လက္ရွိမွာ ၄င္းတို႔ သံုးဦးလံုး ေဘာလံုးကစားျခင္းမွ အနားယူသြားျပီ ျဖစ္ကာ လမ္းပတ္က ခ်ယ္ဆီးအသင္း၊ ဂ်ရတ္ကေတာ့ စေကာ့တလန္ ကလပ္ ရိမ္းဂ်ားစ္ အသင္းတို႔ကို အသီးသီး နည္းျပအျဖစ္ တာ၀န္ယူေနၾကပါတယ္။