ဆန်ချို ကို အလိုရှိရင် ဒေါ့မွန် တောင်းဆိုတာ လိုက်လျောမှသာ ယူနိုက်တက် ရဖွယ်ရှိ

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ နွေအပြောင်းအရွှေ့မှာ ငွေကြေးလိုအပ်ချက် ကြီးကြီးမားမား မရှိခြင်းကြောင့် သူတို့ရဲ့ တိုက်စစ်ကြယ်ပွင့် ဆန်ချိုကို ဈေးချပေးပြီး အလောတကြီး ရောင်းထုတ်မှုမျိူးတွေ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူးလို့ အသိပေးထားပါတယ်။

ဒီနွေ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရေပန်းစားနေတဲ့ ဆန်ချိုရဲ့ အခြေအနေက ကိုရိုနာကပ်ဘေး ဖြစ်ပေါ်လာမှုမှာ အခွင့်အရေး ပိုမို နည်းလာခဲ့ကြောင်း The Athletic က သုံးသပ် ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်က ဆန်ချိုအတွက် တောင်းတဲ့ ပြောင်းရွှေ့ကြေးတွေ ရမယ်ဆိုရင်တော့ အပြောင်းအရွှေ့အတွက် လိုက်လျောပေးမှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ အင်္ဂလန်သား ဆန်ချိုအတွက် ပေါင် ၁၀၇ သန်းထက် နည်းတဲ့ ဘယ်လို ကမ်းလှမ်းမှုကိုမှ ဒေါ့မွန်ဘက်က လက်ခံမှာ မဟုတ်ပါဘူး။ ဒေါ့မွန်ဘက်က လွန်ခဲ့တဲ့ ၃ နှစ်က တူညီတဲ့ အသက်အရွယ်မှာ ဘာစီလိုနာကို ပေါင် ၁၃၁ သန်းဖြင့် ရောင်းထုတ်ခဲ့တဲ့ ဒမ်ဘီလီလိုပဲ တူညီတဲ့ ပြောင်းရွှေ့ကြေးမျိုးကို ဆန်ချိုထံက ရနိုင်ဖို့ မျှော်လင့်ထားပါသေးတယ်။

ယူနိုက်တက်၊ ဘာစီလိုနာ၊ မက်ဒရစ်နဲ့ မန်စီးတီးတို့က ဆန်ချိုကို ခေါ်ယူလိုပေမယ့် ပေါင် သန်း ၁၀၀ ကျော်ကိုတော့ ပေးမှာ မဟုတ်ပါဘူး။ ချယ်ဆီးဒါရိုက်တာ မာရီရာနာကလည်း ဇန်နဝါရီ နောက်ပိုင်းမှာ ဆန်ချို အပြောင်းအရွှေ့ကိစ္စနဲ့ ပက်သက်ပြီး ဒေါ့မွန်နဲ့ စေ့စပ်စကားပြောမှု လုံးဝ မရှိဘူးလို့ သိရပါတယ်။

ဒေါ့မွန်နဲ့ ဆန်ချိုကြား စာချုပ်ဟာ ၂၀၂၂ ခုနှစ်ထိပဲ ရှိတာဖြစ်ပြီး အပြောင်းအရွှေ့မှာ မှန်ကန်တဲ့ ကမ်းလှမ်းမှုကို ရရှိမယ်ဆိုရင် ထွက်ခွာခွင့် ပေးဖို့ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားပါတယ်။ ကလပ်တွေက ဒေါ့မွန်ရဲ့ တောင်းဆိုကြေးကို လက်ခံပေးမယ်ဆိုရင် အသင်း ပြောင်းဖို့အတွက် ဆန်ချိုက စဉ်းစားခွင့်ရမှာဖြစ်တယ်။

Zawgyi – ဂ်ာမန္ကလပ္ ေဒါ့မြန္အသင္းဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ ေငြေၾကးလိုအပ္ခ်က္ ႀကီးႀကီးမားမား မရွိျခင္းေၾကာင့္ သူတို႔ရဲ႕ တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေဈးခ်ေပးၿပီး အေလာတၾကီး ေရာင္းထုတ္မႈမ်ိဴးေတြ လုပ္ေဆာင္သြားမွာ မဟုတ္ပါဘူးလို႔ အသိေပးထားပါတယ္။

ဒီေႏြ အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔ ေရပန္းစားေနတဲ့ ဆန္ခ်ိဳရဲ႕ အေျခအေနက ကို႐ိုနာကပ္ေဘး ျဖစ္ေပၚလာမႈမွာ အခြင့္အေရး ပိုမို နည္းလာခဲ့ေၾကာင္း The Athletic က သံုးသပ္ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ေဒါ့မြန္ဘက္က ဆန္ခ်ိဳအတြက္ ေတာင္းတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြ ရမယ္ဆိုရင္ေတာ့ အေျပာင္းအေ႐ႊ႕အတြက္ လိုက္ေလ်ာေပးမွာ ျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္ပဲ ရွိေသးတဲ့ အဂၤလန္သား ဆန္ခ်ိဳအတြက္ ေပါင္ ၁၀၇ သန္းထက္ နည္းတဲ့ ဘယ္လို ကမ္းလွမ္းမႈကိုမွ ေဒါ့မြန္ဘက္က လက္ခံမွာ မဟုတ္ပါဘူး။ ေဒါ့မြန္ဘက္က လြန္ခဲ့တဲ့ ၃ ႏွစ္က တူညီတဲ့ အသက္အ႐ြယ္မွာ ဘာစီလိုနာကို ေပါင္ ၁၃၁ သန္းျဖင့္ ေရာင္းထုတ္ခဲ့တဲ့ ဒမ္ဘီလီလိုပဲ တူညီတဲ့ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးကို ဆန္ခ်ိဳထံက ရႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါေသးတယ္။

ယူႏိုက္တက္၊ ဘာစီလိုနာ၊ မက္ဒရစ္နဲ႔ မန္စီးတီးတို႔က ဆန္ခ်ိဳကို ေခၚယူလိုေပမယ့္ ေပါင္ သန္း ၁၀၀ ေက်ာ္ကိုေတာ့ ေပးမွာ မဟုတ္ပါဘူး။ ခ်ယ္ဆီးဒါ႐ိုက္တာ မာရီရာနာကလည္း ဇန္နဝါရီ ေနာက္ပိုင္းမွာ ဆန္ခ်ိဳ အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ ပက္သက္ၿပီး ေဒါ့မြန္နဲ႔ ေစ့စပ္စကားေျပာမႈ လုံးဝ မရွိဘူးလို႔ သိရပါတယ္။

ေဒါ့မြန္နဲ႔ ဆန္ခ်ိဳၾကား စာခ်ဳပ္ဟာ ၂၀၂၂ ခုႏွစ္ထိပဲ ရွိတာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕မွာ မွန္ကန္တဲ့ ကမ္းလွမ္းမႈကို ရရွိမယ္ဆိုရင္ ထြက္ခြာခြင့္ ေပးဖို႔ဆိုတဲ့ သေဘာတူညီခ်က္ ထည့္သြင္းထားပါတယ္။ ကလပ္ေတြက ေဒါ့မြန္ရဲ႕ ေတာင္းဆိုေၾကးကို လက္ခံေပးမယ္ဆိုရင္ အသင္း ေျပာင္းဖို႔အတြက္ ဆန္ခ်ိဳက စဥ္းစားခြင့္ရမွာျဖစ္တယ္။