ဗလပြနေတဲ့ အသင်းဖော် တော်မီနေးကို ဘရူနို ဖာနန်ဒက်စ် အရွှန်းဖောက် သတိပေး
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် စကော့ မက် တော်မီနေးဟာ သူ့ ရဲ့ ကြွက်သားအမြှောင်းမြှောင်းထနေတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ထိုပို့စ်အောက်မှာ အသင်းဖော် ဖာနန်ဒက်စ်ကတော့ အရွှန်းဖောက် သတိပေး စကားဆိုသွားခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တော်မီနေးဟာ အိုးထရက်ဖို့ဒ်မှာ ကြံ့ခိုင်မှုအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် လူသိများတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ပရိသတ်တွေဟာ တော်မီနေး ဘယ်လောက်အထိ ကိုယ်ကာယ တောင့်တင်းလဲဆိုတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်
ဓာတ်ပုံထဲမှာ မက်တွန်မ်နေးဟာ ခါးထောက်ပြီး အမြှောင်းမြှောင်းထနေတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထုတ်ဖော်ပြသထားခဲ့တာဖြစ်ပြီး အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က ဓာတ်ပုံအောက်မှာ အခုလို ရေးသားထားပါတယ်။
“စကော့တီရေ၊ ဘောလုံးနဲ့ လေ့ကျင့်တာက တကယ်ကို အရေးကြီးပါတယ်။ အဲဒါကို မမေ့နဲ့ဦးနော” လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
တော်မီနေးက လက်ရှိ ဘောလုံးပွဲတွေ မရပ်နားရမီအထိ ပွဲပေါင်း ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပြီး လော့ဒေါင်းကာလအတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချနေကြောင်း ပြသတဲ့အနေနဲ့ စနေနေ့က အင်စတာဂရမ် လူမှုကွန်ရက်မှာ ဓာတ်ပုံတင်ပြီး ပြသခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တော်မီနေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နည်းပြ ဟိုဆေး မော်ရင်ဟိုရဲ့ လက်အောက်မှာ ပထမအသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခွင့် ရရှိခဲ့သူဖြစ်ပြီး ယင်းအချိန်ကတည်းက ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္ၾကယ္ပြင့္ စေကာ့ မက္ ေတာ္မီေနးဟာ သူ႔ ရဲ႕ ႂကြက္သားအေျမႇာင္းေျမႇာင္းထေနတဲ့ ဓာတ္ပုံကို အင္စတာဂရမ္မွာ တင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ထုိပို႔စ္ေအာက္မွာ အသင္းေဖာ္ ဖာနန္ဒက္စ္ကေတာ့ အရႊန္းေဖာက္ သတိေပး စကားဆိုသြားခဲ့ပါတယ္။
အသက္ ၂၃ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ ေတာ္မီေနးဟာ အိုးထရက္ဖို႔ဒ္မွာ ႀကံ့ခိုင္မႈအရွိဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ လူသိမ်ားတဲ့ ကစားသမားတစ္ဦး ျဖစ္ၿပီး ပရိသတ္ေတြဟာ ေတာ္မီေနး ဘယ္ေလာက္အထိ ကိုယ္ကာယ ေတာင့္တင္းလဲဆိုတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္
ဓာတ္ပုံထဲမွာ မက္တြန္မ္ေနးဟာ ခါးေထာက္ၿပီး အေျမႇာင္းေျမႇာင္းထေနတဲ့ ဝမ္းဗိုက္ႂကြက္သားေတြကို ထုတ္ေဖာ္ျပသထားခဲ့တာျဖစ္ၿပီး အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္က ဓာတ္ပုံေအာက္မွာ အခုလို ေရးသားထားပါတယ္။
“စေကာ့တီေရ၊ ေဘာလုံးနဲ႔ ေလ့က်င့္တာက တကယ္ကို အေရးႀကီးပါတယ္။ အဲဒါကို မေမ့နဲ႔ဦးေနာ” လို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။
ေတာ္မီေနးက လက္ရွိ ေဘာလံုးပြဲေတြ မရပ္နားရမီအထိ ပြဲေပါင္း ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ ၅ ဂိုး သြင္းယူေပးထားႏိုင္ခဲ့သူျဖစ္ၿပီး ေလာ့ေဒါင္းကာလအတြင္းမွာ အခ်ိန္ကို အက်ိဳးရွိရွိ အသုံးခ်ေနေၾကာင္း ျပသတဲ့အေနနဲ႔ စေနေန႔က အင္စတာဂရမ္ လူမႈကြန္ရက္မွာ ဓာတ္ပုံတင္ၿပီး ျပသခဲ့တာ ျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အကယ္ဒမီထြက္ ကစားသမား ေတာ္မီေနးဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က နည္းျပ ဟိုေဆး ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ပထမအသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခြင့္ ရရွိခဲ့သူျဖစ္ၿပီး ယင္းအခ်ိန္ကတည္းက ယူႏိုက္တက္ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ေၾကာင္း သက္ေသျပသႏိုင္ခဲ့သူ ျဖစ္ပါတယ္။