ဆန်ချိုကို ယူနိုက်တက် အရခေါ်ပြီး ကျောနံပါတ် ၇ ပေးဝတ်ဖို့ ဖာဒီနန် တိုက်တွန်း

ယူနိုက်တက်ဟာ ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဆန်ချိုကို အရ ခေါ်ယူပြီး ကျောနံပါတ် ၇ ပါ ပေးအပ်ဖို့ မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ရီယို ဖာဒီနန်က ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။ ဖာဒီနန် က ဆန်ချို အပြင် ကူလီဘိုင်လေနဲ့ ဆော နီဂွက်ဇ်ကိုပါ နည်းပြ ဆိုးရှား အရ ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ အတွက် တက်ကြွ လှုပ်ရှားနေပြီး နာမည်ကျော် ပစ်မှတ်တွေ အများအပြား ချိတ်ဆက် သတင်းကြီးနေပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ အင်္ဂလန်သား တောင်ပံတိုက်စစ်သမား ဆန်ချိုက ယူနိုက်တက် ပထမဆုံး ခေါ်ယူသင့်သူလို့ ဖာဒီနန်က ယုံကြည်နေတာပါ။

ယူနိုက်တက်မှာ လက်ရှိ ကျောနံပါတ် ၇ ယူထားတာက ဆန်းချက် ဖြစ်ပြီး ချီလီသားက အင်တာမီလန်မှာ အငှား သွားရောက် ကစားနေပါတယ်။

” ဟယ်ရီကိန်းကိုလည်း ယူနိုက်တက်က ချိတ်ဆက်နေတယ် ထင်တယ်။ ဒါပေမယ့် တိုက်စစ်သမား တစ်ယောက် ခေါ်ဖို့သာ ဆိုရင် ကျနော်က ဆန်ချိုကိုပဲ ထောက်ခံမှာ။ သူ့ကို ခေါ်နိုင်လိုက်ရင်ကို ယူနိုက်တက် လက်ရှိ လူစာရင်းက အရည်အချင်းတွေကို ထပ်တိုး မြှင့်နိုင်လိုက်မယ်လို့ ကျနော် ထင်တယ်။ အသင်းမှာ မရှိသေးတာကို သူ သယ်ဆောင် လာနိုင်တယ်။

ဆန်ချို ကို ကျောနံပါတ် ၇ လည်း ပေးဝတ်သင့်တယ်။ သူက အဲဒီလို ကစားသမားပါ။ သူ က တချက်တချက် ဂျစ်ကန်ကန် နိုင်ရင် နိုင်မယ်။ ဒါက ကွင်းထဲမှာလည်း တခါတလေ လိုအပ်တဲ့ ကိစ္စပဲ။ ကျနော်သာ ဆိုရင် သူ့ကို ၇ ပေးဝတ်မယ်။ ဖိအားတွေ ရှိတယ် ဆိုရင်လည်း ဒါက သူ့ ပခုံးပေါ် ထမ်းတင်ထားရမယ့် အရာတွေပဲ။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူချင်ပေမယ့် ပြောင်းရွှေ့ကြေး မြင့်မြင့် ဒေါ့မွန်က အလိုရှိနေပြီး ပေါင် သန်း ၁၀၀ အထက်လောက် သုံးရဖွယ် ရှိနေပါတယ်။

Zawgyi – ယူနုိက္တက္ဟာ ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳကို အရ ေခၚယူျပီး ေက်ာနံပါတ္ ၇ ပါ ေပးအပ္ဖို႔ မန္ခ်က္စတာယူနုိက္တက္ ခံစစ္မွဴးေဟာင္းၾကီး ရီယို ဖာဒီနန္က ေထာက္ခံ တိုက္တြန္းလိုက္ပါတယ္။ ဖာဒီနန္ က ဆန္ခ်ိဳ အျပင္ ကူလီဘိုင္ေလနဲ႕ ေဆာ နီဂြက္ဇ္ကိုပါ နည္းျပ ဆိုးရွား အရ ေခၚယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ လာမယ့္ အေျပာင္းအေရႊ႕ အတြက္ တက္ၾကြ လႈပ္ရွားေနျပီး နာမည္ေက်ာ္ ပစ္မွတ္ေတြ အမ်ားအျပား ခ်ိတ္ဆက္ သတင္းၾကီးေနျပီ ျဖစ္ပါတယ္။ အဲဒီထဲကမွ အဂၤလန္သား ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳက ယူနိုက္တက္ ပထမဆံုး ေခၚယူသင့္သူလို႔ ဖာဒီနန္က ယံုၾကည္ေနတာပါ။

ယူနိုက္တက္မွာ လက္ရွိ ေက်ာနံပါတ္ ၇ ယူထားတာက ဆန္းခ်က္ ျဖစ္ျပီး ခ်ီလီသားက အင္တာမီလန္မွာ အငွား သြားေရာက္ ကစားေနပါတယ္။

လတ္တေလာ ေရဒီယို အစီအစဥ္မွာ ဖာဒီနန္က ယူနိုက္တက္ အတြက္ ဘယ္သူေတြကို အရင္ ေခၚေစလိုလဲ ေမးခြန္းထုတ္ခံရတဲ့ အခါမွာ ” ဆန္ခ်ိဳ၊ ကူလီဘိုင္ေလနဲ႕ ေဆာ နိဂြက္ဇ္ပဲ။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

” ဟယ္ရီကိန္းကိုလည္း ယူနိုက္တက္က ခ်ိတ္ဆက္ေနတယ္ ထင္တယ္။ ဒါေပမယ့္ တိုက္စစ္သမား တစ္ေယာက္ ေခၚဖို႔သာ ဆိုရင္ က်ေနာ္က ဆန္ခ်ိဳကိုပဲ ေထာက္ခံမွာ။ သူ႔ကို ေခၚနုိင္လိုက္ရင္ကို ယူနိုက္တက္ လက္ရွိ လူစာရင္းက အရည္အခ်င္းေတြကို ထပ္တိုး ျမွင့္နုိင္လိုက္မယ္လို႔ က်ေနာ္ ထင္တယ္။ အသင္းမွာ မရွိေသးတာကို သူ သယ္ေဆာင္ လာနုိင္တယ္။

ဆန္ခ်ိဳ ကို ေက်ာနံပါတ္ ၇ လည္း ေပး၀တ္သင့္တယ္။ သူက အဲဒီလို ကစားသမားပါ။ သူ က တခ်က္တခ်က္ ဂ်စ္ကန္ကန္ နုိင္ရင္ နုိင္မယ္။ ဒါက ကြင္းထဲမွာလည္း တခါတေလ လိုအပ္တဲ့ ကိစၥပဲ။ က်ေနာ္သာ ဆိုရင္ သူ႔ကို ၇ ေပး၀တ္မယ္။ ဖိအားေတြ ရွိတယ္ ဆိုရင္လည္း ဒါက သူ႔ ပခံုးေပၚ ထမ္းတင္ထားရမယ့္ အရာေတြပဲ။ ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္က ဆန္ခ်ိဳကို ေခၚယူခ်င္ေပမယ့္ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ ေဒါ့မြန္က အလိုရွိေနျပီး ေပါင္ သန္း ၁၀၀ အထက္ေလာက္ သံုးရဖြယ္ ရွိေနပါတယ္။