အငှားလွှတ်ထားတဲ့ ကစားသမားတွေကို မန်ချက်စတာ ယူနိုက်တက် ခွင့်ပြုချက်ပေး

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အငှားစေလွှတ်ထားတဲ့ ကစားသမားတွေရဲ့ ပုံမှန် စာချုပ်က ဇွန်လကုန်ရင် သက်တမ်းပြည့်ပြီ ဖြစ်ပေမယ့် လိဂ်ပွဲတွေ မပြီးဆုံးသေးတာကြောင့် လက်ရှိ ကစားနေတဲ့ ကလပ်တွေမှာ ဆက်ကစားလိုက ကစားနိုင်ကြောင်း ခွင့်ပြုချက် ပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာတုန်းက တိုက်စစ်သမား ဆန်းချက်စ်ကို အင်တာမီလန်၊ စမောလင်းကို ရိုးမားအသင်း စတဲ့ စီးရီးအေ ကလပ်အသင်းတွေဆီ အသီးသီး အငှားချထားခဲ့ပါတယ်။ စီးရီးအေပွဲတွေကလည်း ဒီရာသီအတွက် အပြီး မသတ်ရသေးတာကြောင့် ဆက် ကစားဖို့ ခွင့်ပြုခဲ့တာပါ။

ဒါ့အပြင် လူငယ်ဂိုးသမား ဟန်ဒါဆန်ကိုလည်း ပရီးမီးယားလိဂ် ကလပ် ရှက်ဖီးယူနိုက်တက်ဆီ အငှားချထားပါသေးတယ်။ ဒီကစားသမား သုံးဦးလုံးက အငှား ကလပ်တွေနဲ့ စာချုပ် ကုန်တော့မှာ ဖြစ်ပေမယ့် လက်ရှိ ဘောလုံးရာသီ အဆုံးသတ်သည်ထိ ဆက်ကစားလိုက ကစားနိုင်ကြောင်း ယူနိုက်တက်က အသိပေးခဲ့တာပါ။

ယူနိုက်တက်ထံ ပြန်လာလိုကလည်း ပြန်လာနိုင်မှာ ဖြစ်ပြီး အငှားကလပ်တွေမှာပဲ ရာသီကုန်ထိ ကစားလိုရင်လည်း ကစားသမားတွေ စိတ်တိုင်းကျ ဆုံးဖြတ်နိုင်မှာပါ။

ယူနိုက်တက်ဟာ နောက်ရာသီ အတွက် ဆန်းချက်နဲ့ စမောလင်းကို ပြန်ခေါ်ယူရဖွယ် ရှိပေမယ့် ဒင်း ဟန်ဒါဆန်ကိုတော့ အသင်းကြီးမှာ နေရာ မပေးနိုင်သေးတာကြောင့် ရှက်ဖီးမှာပဲ ဆက်လက် အငှားချထားဖွယ် ရှိပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အငွားေစလႊတ္ထားတဲ့ ကစားသမားေတြရဲ႕ ပံုမွန္ စာခ်ဳပ္က ဇြန္လကုန္ရင္ သက္တမ္းျပည့္ျပီ ျဖစ္ေပမယ့္ လိဂ္ပြဲေတြ မျပီးဆံုးေသးတာေၾကာင့္ လက္ရွိ ကစားေနတဲ့ ကလပ္ေတြမွာ ဆက္ကစားလိုက ကစားနုိင္ေၾကာင္း္ ခြင့္ျပဳခ်က္ ေပးလိုက္ပါတယ္။

ယူႏုိက္တက္ဟာ ျပီးခဲ႔တဲ႔ ေႏြရာသီမွာတုန္းက တိုက္စစ္သမား ဆန္းခ်က္စ္ကို အင္တာမီလန္၊ စေမာလင္းကို ရိုးမားအသင္း စတဲ့ စီးရီးေအ ကလပ္အသင္းေတြဆီ အသီးသီး အငွားခ်ထားခဲ႔ပါတယ္။ စီးရီးေအပြဲေတြကလည္း ဒီရာသီအတြက္ အျပီး မသတ္ရေသးတာေၾကာင့္ ဆက္ ကစားဖို႔ ခြင့္ျပဳခဲ့တာပါ။

ဒါ႔အျပင္ လူငယ္ဂိုးသမား ဟန္ဒါဆန္ကိုလည္း ပရီးမီးယားလိဂ္ ကလပ္ ရွက္ဖီးယူႏိုက္တက္ဆီ အငွားခ်ထားပါေသးတယ္။ ဒီကစားသမား သံုးဦးလံုးက အငွား ကလပ္ေတြနဲ႕ စာခ်ဳပ္ ကုန္ေတာ့မွာ ျဖစ္ေပမယ့္ လက္ရွိ ေဘာလံုးရာသီ အဆံုးသတ္သည္ထိ ဆက္ကစားလိုက ကစားနုိင္ေၾကာင္း ယူနိုက္တက္က အသိေပးခဲ့တာပါ။

ယူနိုက္တက္ထံ ျပန္လာလိုကလည္း ျပန္လာနိုင္မွာ ျဖစ္ျပီး အငွားကလပ္ေတြမွာပဲ ရာသီကုန္ထိ ကစားလိုရင္လည္း ကစားသမားေတြ စိတ္တိုင္းက် ဆံုးျဖတ္နုိင္မွာပါ။

ယူနိုက္တက္ဟာ ေနာက္ရာသီ အတြက္ ဆန္းခ်က္နဲ႕ စေမာလင္းကို ျပန္ေခၚယူရဖြယ္ ရွိေပမယ့္ ဒင္း ဟန္ဒါဆန္ကိုေတာ့ အသင္းၾကီးမွာ ေနရာ မေပးနုိင္ေသးတာေၾကာင့္ ရွက္ဖီးမွာပဲ ဆက္လက္ အငွားခ်ထားဖြယ္ ရွိပါတယ္။