အငှားသက်တမ်း ကုန်ဖို့ ၁၀ ရက်သာ လိုတော့တဲ့ ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလို

မန်ချက်စတာ ယူနိုက်တက်ဟာ အငှားခေါ်ယူထားတဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမား အစ်ဟာလိုရဲ့ သက်တမ်းက ကုန်ဆုံးဖို့ ၁၀ ရက်မျှသာ ကျန်ရှိတော့ပေမယ့် အေးအေးဆေးဆေး ရှိနေပြီး အဆောတလျင် ဆုံးဖြတ်ချက် ချမှာ မဟုတ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကပဲ အစ်ဟာလိုကို ရှန်ဟိုင်းရှင်ဟွာ အသင်းထံကနေ ၆ လ အငှားနဲ့ ခေါ်ခဲ့တာ ဖြစ်ပြီး ဇွန်လကုန်ရင် အငှား သက်တမ်း ကုန်ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် ၈ ပွဲ ကစား ၄ ဂိုး သွင်းထားတဲ့ တိုက်စစ်မှူးကို ဆိုးရှားက အပြီးသတ် ဝယ်ယူဖို့ အစီအစဉ် ရှိခဲ့ပါတယ်။

ဒါပေမယ့် ကိုရိုနာကြောင့် ဘောလုံးပွဲများ ရပ်နားပြီး ဘောလုံးရာသီ အပြီးသတ်ဖို့ နောက်ဆုတ်သွားတဲ့နောက် ယူနိုက်တက်က အစ်ဟာလိုကို အပြီး ချက်ချင်း ဝယ်ယူဖို့ထက် ဘောလုံးပွဲကျန်များ ပြီးသည်ထိ တစ်လကျော်လောက်စာ အငှား သက်တမ်းတိုးလိုခဲ့ပါတယ်။ ဒါပေမယ့် ရှန်ဟိုင်းရှင်ဟွာ ဘက်ကတော့ ထိုသို့ သဘောမတူနိုင်ဘဲ အပြီးသတ် မဝယ်ရင် ကစားသမားကို ပြန်ခေါ်ဖို့သာ အလိုရှိနေခဲ့တာပါ။

လက်ရှိမှာ အစ်ဟာလိုရဲ့ အငှား ကုန်ဆုံးဖို့ကလည်း ၁၀ ရက်မျှသာ ကျန်ရှိတော့ပြီး ကလပ်အသင်း နှစ်သင်းကြား သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အစ်ဟာလိုကို ဝယ်ယူလိုခဲ့ပေမယ့် စိတ်ဝင်စားမှု အေးစက်သွားဟန် ရှိပြီး အဓိက တိုက်စစ်မှူး ရက်ဖို့ဒ် ပြန် ကစားနိုင်တော့မှာ ဖြစ်တာကြောင့် တိုက်စစ်မှူးသစ် ဝယ်ယူမှု အလျင်စလို မပြုလုပ်လိုဘဲ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်မှသာ လှုပ်ရှား လိုနေပါတယ်။

အစ်ဟာလို ကတော့ သူ့ရဲ့ စိတ်ကူးအိပ်မက် အသင်း ဖြစ်တဲ့ ယူနိုက်တက်မှာ ဆက်လက် ကစားလိုတာကြောင့် မိခင်ကလပ်အသင်းထံ ချိတ်ဆက် ညှိနှိုင်းနေပြီး ထူးခြားမှုတော့ မရှိသေးဘဲ ဖြစ်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အငွားေခၚယူထားတဲ့ နိုင္ဂ်ီးရီးယား တိုက္စစ္သမား အစ္ဟာလိုရဲ႕ သက္တမ္းက ကုန္ဆံုးဖို႔ ၁၀ ရက္မွ်သာ က်န္ရွိေတာ့ေပမယ့္ ေအးေအးေဆးေဆး ရွိေနျပီး အေဆာတလ်င္ ဆံုးျဖတ္ခ်က္ ခ်မွာ မဟုတ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီကပဲ အစ္ဟာလိုကို ရွန္ဟိုင္းရွင္ဟြာ အသင္းထံကေန ၆ လ အငွားနဲ႕ ေခၚခဲ့တာ ျဖစ္ျပီး ဇြန္လကုန္ရင္ အငွား သက္တမ္း ကုန္ျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ အတြက္ ၈ ပြဲ ကစား ၄ ဂိုး သြင္းထားတဲ့ တိုက္စစ္မွဴးကို ဆိုးရွားက အျပီးသတ္ ၀ယ္ယူဖို႔ အစီအစဥ္ ရွိခဲ့ပါတယ္။

ဒါေပမယ့္ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားျပီး ေဘာလံုးရာသီ အျပီးသတ္ဖို႔ ေနာက္ဆုတ္သြားတဲ့ေနာက္ ယူနိုက္တက္က အစ္ဟာလိုကို အျပီး ခ်က္ခ်င္း ၀ယ္ယူဖို႔ထက္ ေဘာလံုးပြဲက်န္မ်ား ျပီးသည္ထိ တစ္လေက်ာ္ေလာက္စာ အငွား သက္တမ္းတိုးလိုခဲ့ပါတယ္။ ဒါေပမယ့္ ရွန္ဟိုင္းရွင္ဟြာ ဘက္ကေတာ့ ထိုသို႔ သေဘာမတူနုိင္ဘဲ အျပီးသတ္ မ၀ယ္ရင္ ကစားသမားကို ျပန္ေခၚဖို႔သာ အလိုရွိေနခဲ့တာပါ။

လက္ရွိမွာ အစ္ဟာလိုရဲ႕ အငွား ကုန္ဆံုးဖို႔ကလည္း ၁၀ ရက္မွ်သာ က်န္ရွိေတာ့ျပီး ကလပ္အသင္း နွစ္သင္းၾကား သေဘာတူညီမႈ မရနုိင္ဘဲ ျဖစ္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အစ္ဟာလိုကို ၀ယ္ယူလိုခဲ့ေပမယ့္ စိတ္၀င္စားမႈ ေအးစက္သြားဟန္ ရွိျပီး အဓိက တိုက္စစ္မွဴး ရက္ဖို႔ဒ္ ျပန္ ကစားနုိင္ေတာ့မွာ ျဖစ္တာေၾကာင့္ တိုက္စစ္မွဴးသစ္ ၀ယ္ယူမႈ အလ်င္စလို မျပဳလုပ္လိုဘဲ အေျပာင္းအေရႊ႕ ေစ်းကြက္ ဖြင့္မွသာ လႈပ္ရွား လိုေနပါတယ္။

အစ္ဟာလို ကေတာ့ သူ႔ရဲ႕ စိတ္ကူးအိပ္မက္ အသင္း ျဖစ္တဲ့ ယူနိုက္တက္မွာ ဆက္လက္ ကစားလိုတာေၾကာင့္ မိခင္ကလပ္အသင္းထံ ခ်ိတ္ဆက္ ညွိနိႈင္းေနျပီး ထူးျခားမႈေတာ့ မရွိေသးဘဲ ျဖစ္ေနပါတယ္။