လူမရှိရင် နေ၊ ယူနိုက်တက်မှာ -ျီးထုပ်တွေ မထားဘူးလို့ ထုတ်ပြောလာတဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက သူ့ အသင်းမှာ သဘောထား မကောင်းတဲ့ ကစားသမားတွေ ရှိရင် ရှင်းထုတ်ဖို့ ဝန်မလေးကြောင်း ပြောဆိုခဲ့ပါတယ်။ ဆိုးရှားက အသင်းမှာ အင်အားနည်းချင် နည်းပါစေ -ျီးထုပ်တွေ တော့ မထားဘူးလို့ ခပ်ပြတ်ပြတ် ထုတ်ပြောလာခဲ့တာပါ။

ဆိုးရှားက ပြီးခဲ့တဲ့နှစ် မတ်လက အမြဲတမ်း ယူနိုက်တက်နည်းပြ အဖြစ် တရားဝင် ခန့်အပ်ခြင်း ခံရစဉ်က ဆိုးရှားဟာ သူ့အသင်းမှာ ဖြေရှင်းစရာတွေ များစွာ ရှိကြောင်း ဝန်ခံခဲ့ပြီး နွေမှာ ကစားသမားရှင်းထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ လက်ရှိ အသင်းက ကစားသမားတွေကို ကျေနပ် သဘောကျကြောင်း ဆိုးရှားက ဆိုလာပါတ်ယ။

” ကျနော့် အသင်းမှာ ဟာကွက် ရှိနေပြီး အင်အားနည်းချင် နည်းပါစေ ဒါပေမယ့် -ျီးထုပ်ကျတဲ့သူဆိုရင်တော့ မထားဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးက သိပ်အရေးကြီးတယ်။ ကျနော်တို့က အစုအဖွဲ့ အားနဲ့ သွားရမယ့် အသင်း တစ်သင်း ဖြစ်တယ်။ ဒါကြောင့် ကစားသမားတွေကို အတ္တရှိရင်တောင် ကောင်းတဲ့ဘက် တွန်းအားပေးနိုင်ပြီး အသင်းမှာ ပေါင်းစည်းနိုင်တာမျိုးပဲ လိုချင်တယ်။

ကစားသမားတွေ ဆိုတာကတော့ ဘောလုံး ပို ကစားလို့ရသမျှ ကစားချင်ကြတာပဲ။ ဒါပေမယ့် အသင်း တစ်သင်း အနေနဲ့ဆိုရင် ကစားသမားတွေ က တလှည့်စီ အခွင့်အရေး ယူရမှာပေါ့။ လောလောဆယ် အသင်းမှာတော့ မကောင်းတဲ့ သစ်သီးပုတ်တွေ မရှိပါဘူး။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေမှာ ယူနိုက်တက်က လူကာကူကို အင်တာမီလန် အသင်းထံ အပြီး ရောင်းခဲ့ပြီး ဆန်းချက်ကိုတော့ အငှားချခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးသစ် မခေါ်ယူဖြစ်ခဲ့ဘဲ ရက်ဖို့ဒ်၊ မာရှယ်တို့ကိုသာ အထောင် တိုက်စစ်မှာ တလှည့်စီ တာဝန်ယူ ကစားစေခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက သူ႔ အသင္းမွာ သေဘာထား မေကာင္းတဲ့ ကစားသမားေတြ ရွိရင္ ရွင္းထုတ္ဖို႔ ၀န္မေလးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဆိုးရွားက အသင္းမွာ အင္အားနည္းခ်င္ နည္းပါေစ -်ီးထုပ္ေတြ ေတာ့ မထားဘူးလို႔ ခပ္ျပတ္ျပတ္ ထုတ္ေျပာလာခဲ့တာပါ။

ဆိုးရွားက ျပီးခဲ့တဲ့နွစ္ မတ္လက အျမဲတမ္း ယူနိုက္တက္နည္းျပ အျဖစ္ တရား၀င္ ခန္႔အပ္ျခင္း ခံရစဥ္က ဆိုးရွားဟာ သူ႔အသင္းမွာ ေျဖရွင္းစရာေတြ မ်ားစြာ ရွိေၾကာင္း ၀န္ခံခဲ့ျပီး ေႏြမွာ ကစားသမားရွင္းထုတ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အခုအခါမွာေတာ့ လက္ရွိ အသင္းက ကစားသမားေတြကို ေက်နပ္ သေဘာက်ေၾကာင္း ဆိုးရွားက ဆိုလာပါတ္ယ။

” က်ေနာ့္ အသင္းမွာ ဟာကြက္ ရွိေနျပီး အင္အားနည္းခ်င္ နည္းပါေစ ဒါေပမယ့္ -်ီးထုပ္က်တဲ့သူဆိုရင္ေတာ့ မထားဘူး။ လူတစ္ေယာက္ရဲ႕ ကိုယ္ရည္ ကုိယ္ေသြးက သိပ္အေရးၾကီးတယ္။ က်ေနာ္တို႔က အစုအဖြဲ႕ အားနဲ႕ သြားရမယ့္ အသင္း တစ္သင္း ျဖစ္တယ္။ ဒါေၾကာင့္ ကစားသမားေတြကို အတၱရွိရင္ေတာင္ ေကာင္းတဲ့ဘက္ တြန္းအားေပးနုိင္ျပီး အသင္းမွာ ေပါင္းစည္းနုိင္တာမ်ိဳးပဲ လိုခ်င္တယ္။

ကစားသမားေတြ ဆိုတာကေတာ့ ေဘာလံုး ပို ကစားလို႔ရသမွ် ကစားခ်င္ၾကတာပဲ။ ဒါေပမယ့္ အသင္း တစ္သင္း အေနနဲ႕ဆိုရင္ ကစားသမားေတြ က တလွည့္စီ အခြင့္အေရး ယူရမွာေပါ့။ ေလာေလာဆယ္ အသင္းမွာေတာ့ မေကာင္းတဲ့ သစ္သီးပုတ္ေတြ မရွိပါဘူး။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေႏြမွာ ယူနိုက္တက္က လူကာကူကို အင္တာမီလန္ အသင္းထံ အျပီး ေရာင္းခဲ့ျပီး ဆန္းခ်က္ကိုေတာ့ အငွားခ်ခဲ့ပါတယ္။ ဒါေပမယ့္ တိုက္စစ္မွဴးသစ္ မေခၚယူျဖစ္ခဲ့ဘဲ ရက္ဖို႔ဒ္၊ မာရွယ္တို႔ကိုသာ အေထာင္ တိုက္စစ္မွာ တလွည့္စီ တာ၀န္ယူ ကစားေစခဲ့ပါတယ္။