ယူနိုက်တက် အကယ်ဒမီမှ စောင့်ကြည့်ရမယ့် လူငယ်ကစားသမားများ

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီဟာ အရည်အချင်းရှိတဲ့ လူငယ် ကစားသမားတွေ မွေးထုတ်ပေးရာမှာ နာမည်ကျော်ပြီး ကွင်းလယ် ကစားသမား တော်မီနေးကတော့ အကယ်ဒမီကနေ နောက်ထပ် တောက်ပလာနိုင်တဲ့ ကစားသမားလေးတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တော်မီနေး ကတော့ ၅နှစ်သားမှာ ယူနိုက်တက် အကယ်ဒမီကို ရောက်ခဲ့တာဖြစ်ပြီး လူငယ်အသင်းတွေကနေတစ်ဆင့် ၂၀၁၆-၂၀၁၇ ရာသီကုန် နည်းပြ မော်ရင်ညို လက်အောက်မှာ ယူနနိုက်တက် အသင်းကြီး ပွဲဦးထွက်ခွင့်ကို ရရှိခဲ့တာပါ။

ယူနိုက်တက် အကယ်ဒမီကနေ နောက်ထပ် တောက်ပလာဖို့ ရှိတဲ့ လူငယ်လေးတွေ အကြောင်းကို စကော့သားက ရှင်းလင်း ဖြေကြား သွားခဲ့ပါတယ်။

“အများကြီးရှိပါတယ်၊ ဒီရွှန်ဘားနက်၊ ရာမက်ဇာနီ၊ ဂျင်မီဂါနာ၊ မေဆန်ဂရင်းဝုဒ်တို့ပေါ့၊ ဒီထဲမှာ အထင်ရှားဆုံးကတော့ ဂရင်းဝုဒ်ပါပဲ၊ သူက အသင်းကြီးရဲ့ ပုံမှန်ကစားသမား အဆင့် မရောက်သေးဘူး၊ ဒါက သူ ရုန်းကန်ရမယ့်အရာပါ၊၊ သူက ကျွန်တော်တွေ့ဖူးသမျှထဲ အရည်အသွေး အရှိဆုံး ကစားသမားပါပဲ၊ သူ့ရဲ့ ဘယ်ခြေ၊ ညာခြေ ကန်ချက်တွေက အံ့ဩစရာပါပဲ။

ဒီလိုလူငယ် ကစားသမားတွေကို အကောင်းဆူံး အနေအထားရောက်အောင် မြှင့်တင်ပေးဖို့ ကျွန်တော်တို့ တာဝန်ရှိတယ်၊ ဒီက လူတိုင်းအတွက် ဒါက အဓိကရည်မှန်းချက်ပါ၊ ကျွန်တော့် အတွက်လဲ အတူတူပါပဲ၊ ကျွန်တော့်ကိုလဲ နည်းပြအဖွဲ့ဝင်တွေက နေ့တိုင်း တွန်းအားပေးပြီး ဒီထိ ရောက်အောင် ဆွဲတင်ပေးခဲ့တာပါ” လို့ တော်မီနေးက ဆိုခဲ့ပါတယ်။

ဂရင်းဝုဒ်ကတော့ ဒီရာသီအသင်းကြီးမှာ ပါဝင်ကစားခွင့်တွေ ရရှိနေပြီး ခြေစွမ်းကောင်းတွေလည်း ပြသနေပါတယ်။ ယူနိုက်တက်ရဲ့ အတောက်ပဆုံး လူငယ်တွေထဲ ၎င်းက ထိပ်ဆုံးက ရှိနေတာပါ။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ အကယ္ဒမီဟာ အရည္အခ်င္းရွိတဲ့ လူငယ္ ကစားသမားေတြ ေမြးထုတ္ေပးရာမွာ နာမည္ေက်ာ္ၿပီး ကြင္းလယ္ ကစားသမား ေတာ္မီေနးကေတာ့ အကယ္ဒမီကေန ေနာက္ထပ္ ေတာက္ပလာႏိုင္တဲ့ ကစားသမားေလးေတြ အေၾကာင္းကို ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ေတာ္မီေနး ကေတာ့ ၅ႏွစ္သားမွာ ယူနိုက္တက္ အကယ္ဒမီကို ေရာက္ခဲ့တာျဖစ္ၿပီး လူငယ္အသင္းေတြကေနတစ္ဆင့္ ၂၀၁၆-၂၀၁၇ ရာသီကုန္ နည္းျပ ေမာ္ရင္ညိဳ လက္ေအာက္မွာ ယူနနုိက္တက္ အသင္းႀကီး ပြဲဦးထြက္ခြင့္ကို ရရွိခဲ့တာပါ။

ယူနုိက္တက္ အကယ္ဒမီကေန ေနာက္ထပ္ ေတာက္ပလာဖို႔ ရွိတဲ့ လူငယ္ေလးေတြ အေၾကာင္းကို စေကာ့သားက ရွင္းလင္း ေျဖၾကား သြားခဲ့ပါတယ္။

“အမ်ားႀကီးရွိပါတယ္၊ ဒီ႐ႊန္ဘားနက္၊ ရာမက္ဇာနီ၊ ဂ်င္မီဂါနာ၊ ေမဆန္ဂရင္းဝုဒ္တို႔ေပါ့၊ ဒီထဲမွာ အထင္ရွားဆုံးကေတာ့ ဂရင္းဝုဒ္ပါပဲ၊ သူက အသင္းႀကီးရဲ႕ ပုံမွန္ကစားသမား အဆင္​့ မေရာက္ေသးဘူး၊ ဒါက သူ ႐ုန္းကန္ရမယ့္အရာပါ၊၊ သူက ကြၽန္ေတာ္ေတြ႕ဖူးသမွ်ထဲ အရည္အေသြး အရွိဆုံး ကစားသမားပါပဲ၊ သူ႔ရဲ႕ ဘယ္ေျခ၊ ညာေျခ ကန္ခ်က္ေတြက အံ့ဩစရာပါပဲ။

ဒီလိုလူငယ္ ကစားသမားေတ​ြကို အေကာင္းဆူံး အေနအထားေရာက္ေအာင္ ျမႇင့္တင္ေပးဖို႔ ကြၽန္ေတာ္တို႔ တာဝန္ရွိတယ္၊ ဒီက လူတိုင္းအတြက္ ဒါက အဓိကရည္မွန္းခ်က္ပါ၊ ကြၽန္ေတာ့္ အတြက္လဲ အတူတူပါပဲ၊ ကြၽန္ေတာ့္ကိုလဲ နည္းျပအဖြဲ႕ဝင္ေတြက ေန႔တိုင္း တြန္းအားေပးၿပီး ဒီထိ ေရာက္ေအာင္ ဆြဲတင္ေပးခဲ့တာပါ” လို႔ ေတာ္မီေနးက ဆိုခဲ့ပါတယ္။

ဂရင္း၀ုဒ္ကေတာ့ ဒီရာသီအသင္းၾကီးမွာ ပါ၀င္ကစားခြင့္ေတြ ရရွိေနျပီး ေျခစြမ္းေကာင္းေတြလည္း ျပသေနပါတယ္။ ယူနိုက္တက္ရဲ႕ အေတာက္ပဆံုး လူငယ္ေတြထဲ ၄င္းက ထိပ္ဆံုးက ရွိေနတာပါ။