ဘယ်လင်ဟမ်ကို ဝယ်ပြီးရင် အငှားပြန်ချဖို့ ယူနိုက်တက် တိုက်တွန်းခံရ
ကွင်းလယ် လူငယ် ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို ယူနိုက်တက်က ခေါ်ယူမယ် ဆိုရင် လက်ရှိကလပ် ဘာမင်ဂမ်စီးတီးမှာပဲ ဆက်လက် အငှား ချထားသင့်ကြောင်း ဘာမင်ဂမ်ကစားသမားဟောင်းကြီး ဖရန်စစ်က အကြံပေးစကား ဆိုလာခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးကို အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာနဲ့ ယူနိုက်တက်က ခေါ်ယူဖို့ လှုပ်ရှားမှာ ဖြစ်ပြီး ၎င်းကို ဒေါ့မွန်၊ ချယ်ဆီးအသင်းတို့ကလည်း စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဘယ်လင်ဟမ်ကို ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။
ဘယ်လင်ဟမ်ဟာ တချိန်မှာတော့ ဘာမင်ဂမ်ကနေ ထွက်ခွာမှာ ဖြစ်တာကြောင့် ၎င်း အပေါ် ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေရှိနေတာ မအံ့သြသော်လည်း ထိပ်သီးကလပ်အသင်း တစ်သင်းသင်းထံ ရောက်ပြီး အရန်ခုံမှာ ထိုင်နေရတာထက် ဘာမင်ဂမ်မှာပဲ ၎င်းကို ဆက်ရှိစေလိုကြောင်း ဖရန်စစ်က ဆိုလာခဲ့တာပါ။
” ဘယ်လင်ဟမ် အနေနဲ့ ဘယ်အသင်းကိုပဲ သွားသွား အရောင်းအဝယ် စာချုပ်မှာ ဘာမင်ဂမ်ကို အငှားပြန်ထားဖို့ သဘောတူညီချက် ရအောင် ယူထားသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက တိုးတက်လာဖို့ လိုသေးတဲ့ လူငယ်လေး ဖြစ်တာကြောင့် ပွဲပုံမှန်ကစားဖို့ လိုသေးတယ်။
ယူနိုက်တက် ဖြစ်ဖြစ် ချယ်ဆီး ဖြစ်ဖြစ် ဘယ်အသင်းကိုပဲ သွားသွား အဲဒီမှာ သူ ပုံမှန် ကစားခွင့်တော့ ရမှာ မဟုတ်ဘူး။ သူ့ ခြေစွမ်း တိုးတက်လာဖို့ အတွက်ဆို ပွဲကစားခွင့် ရဖို့ လိုတယ်။ သူက သိပ်ကိုအရည်အချင်းရှိတဲ့ လူငယ်ကစားသမားပါ၊ သူ့အရွယ်နဲ့ ရင့်ကျက်မှုတွေ အများကြီး ပြသခဲ့တယ်၊ ” လို့ ဖရန်စစ်က ထောက်ပြခဲ့ပါတယ်။
Zawgyi – ကွင်းလယ် လူငယ် ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို ယူနိုက်တက်က ခေါ်ယူမယ် ဆိုရင် လက်ရှိကလပ် ဘာမင်ဂမ်စီးတီးမှာပဲ ဆက်လက် အငှား ချထားသင့်ကြောင်း ဘာမင်ဂမ်ကစားသမားဟောင်းကြီး ဖရန်စစ်က အကြံပေးစကား ဆိုလာခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ တချိန်မှာတော့ ဘာမင်ဂမ်ကနေ ထွက်ခွာမှာ ဖြစ်တာကြောင့် ၄င်း အပေါ် ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေရှိနေတာ မအံ့သြသော်လည်း ထိပ်သီးကလပ်အသင်း တစ်သင်းသင်းထံ ရောက်ပြီး အရန်ခုံမှာ ထိုင်နေရတာထက် ဘာမင်ဂမ်မှာပဲ ၄င်းကို ဆက်ရှိစေလိုကြောင်း ဖရန်စစ်က ဆိုလာခဲ့တာပါ။